


အမှတ်မရှိ၊ လမ်းမရှိ၊ ကီလီဗောတံတား
Rated 5.00 out of 5 based on 3 customer ratings
( 3 မှတ်ချက်)
4500 (ကျပ်)
…
စာမျက်နှာ | 262 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.2 inches |
စျေးနှုန်းအပြောင်းအလဲ | 1.11.2021 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၄၅၀၀ စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
24 in stock
နုနုရည်အင်းဝ စာအုပ်များ
-
နုနုရည်အင်းဝ
သောက်တော့ ဒူးယား၊ နေတော့ ချုံကြား၊ ဝတ်တော့ မလေးရှား
4500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
နုနုရည်အင်းဝ
ခေါင်းမော့လိုက်တော့မင်း ခေါင်းငုံ့လိုက်တော့သူ
4500 (ကျပ်)Rated 4.67 out of 5 based on 6 customer ratings( 6 မှတ်ချက်) -
နုနုရည်အင်းဝ
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ
5000 (ကျပ်)Rated 5.00 out of 5 based on 8 customer ratings( 8 မှတ်ချက်) -
နုနုရည်အင်းဝ
ဗိုလ်ကေတထောင်မှာ တစ်ယောက်လောက်တော့ ဇွဲကောင်းပါရဲ့
5000 (ကျပ်)Rated 4.75 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
နုနုရည်အင်းဝ
အိပ်နေရင်ညနိုးနေရင်နေ့
4000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 2 မှတ်ချက်) -
နုနုရည်အင်းဝ
မြစိမ်းပြာကမာရွတ်
6000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
နုနုရည်အင်းဝ
နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်
6000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
နုနုရည်အင်းဝ
တချို့အဆင်းလှ တချို့အဆင်းမလှ
4000 (ကျပ်)Rated 4.33 out of 5 based on 3 customer ratings( 4 မှတ်ချက်) -
နုနုရည်အင်းဝ
အမှတ်မရှိ၊ လမ်းမရှိ၊ ကီလီဗောတံတား
4500 (ကျပ်)Rated 5.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
နုနုရည်အင်းဝ
နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်
5500 (ကျပ်)Rated 3.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
နုနုရည်အင်းဝ
လဝန်းစက်ဝိုင်း ထက်ပိုင်းပြတ်ကြွေ
4000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
နုနုရည်အင်းဝ
ထဘီလေးတစ်ထည်နှင့်အခြား၀တ္ထုတိုများ
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
နုနုရည်အင်းဝ
ချစ်တဲ့သူသခင်မြင်လာအုန်း
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
Ei Twe Tar –
ဒီစာအုပ်လေးကဆရာမနုနုရည်အင်းဝရဲ့ထုံးစံအတိုင်းသာမာန်ဘဝမဟုတ်တဲ့လူသားတွေအကြောင်းပါပဲ။ကိုယ်ရောက်နေတဲ့ဘဝကိုအားမလိုအားမရဖြစ်နေရင်တော့ဒီစာအုပ်လေးသာဖတ်ကြည့်ပါလို့ညွှန်းဆိုပါရစေ။……။ပွဲစျေးတန်းမှာမိခင်ကစွန့်ပစ်လေသလားပျောက်ခဲ့လေသလားမသိတဲ့မိန်းမငယ်လေးတစ်ယောက်၊မမွေးစားချင်လျက်နဲ့မွေးစားလိုက်ရတဲ့အမေသိန်းတို့မိသားစုရဲ့နှိပ်စက်တဲ့ဒဏ်ကိုမခံနိုင်တဲ့အဆုံးထွက်ပြေးခဲ့ရတဲ့စက်ဝိုင်းဆိုတဲ့မိန်းမငယ်လေး၊ရန်ကုန်ရောက်ပြန်တော့စားစရာမရှိနေစရာမရှိပလက်ဖောင်းခေါင်းအုံးနေရရင်းကြုံတွေလာရတဲ့အခြေမဲ့အနေမဲ့တို့ရဲ့ဘဝအခက်အခဲတွေကိုကိုယ်ချင်းစာတတ်အောင်ဗဟုသုအနေနဲ့ရေးဖွဲ့ထားလို့ဖတ်ကြည့်သင့်တဲ့စာအုပ်လေးတစ်အုပ်ပါလို့ညွှန်းဆိုပါရစေ။ ။
Thinzar –
✒ဒီစာအုပ်လေးက မြို့ပြနေ့ တစ်နေ့လုပ်တစ်နေ့စား ခြေတစ်လုံးအိမ်တိုင် လူတန်းစားတွေရဲ့ ဘဝအကြောင်း သရုပ်ဖော် ရေးပြထားတဲ့စာအုပ်လေးဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက မွေးပြီးစွန့်ပစ်ခံခဲ့ရတဲ့ ကလေးလေး ပွဲစျေးသည် အမေသိန်း ရဲ့ကောက်ယူမွေးစာခံခဲ့ရပြီး “စက်ဝိုင်း”လို့အမည်တွင်လာပုံ။ မွေးစားမိခင် မောင်နှမတွေရဲ့ ရိုက်နှက် ညှင်းဆဲဒဏ် ကို မခံနိုင်တော့သည့်အဆုံး အမေ ကိုရှာမည် ဟူသော မျှော်လင့်ချက်နှင့်တကွ လက်ထဲရှိ ၁ကျပ်တန် ဖြင့် ငမိုးရိပ်မှ ရန်ကုန်သို့ တက်လာခဲ့သောသူမ။
✒ကံကောင်းထောက်မပြီး အမေကဲ့သို့တစ်မျိုး၊ ကြီးတော်ကဲ့သို့တစ်ဖုံ မှီခိုလောက်သော “ဒေါ်စိန်ပွင့် ခေါ် အမေစိန် ၏ စောင့်ရှောက်မှုဖြင့် “ချစ်ထူး” ခေါ်သော ဗောတံတားမှ ဂန်ဘား( တရားမဝင် ကူလီအလုပ်သမား) နှင့် အိမ်ထောင်ရက်သား ကျခဲ့ပုံ။
✒ထိုသို့ဖြင့် ဒီစာအုပ်လေးရဲ့ အဓိကရည်ရွယ်ချက် ကတော့”စက်ဝိုင်း” ဟုခေါ်သော အမျိုးသမီးငယ်လေးကို အခြေခံပြီး ယခင်ကရှိခဲ့ဖူးသော၊ ယခုထက်တိုင်ရှိဦးမည်ဟုယူဆရသော အိမ်ခြေရာမဲ့ အခြေအနေမဲ့ သာတီးဒီ(ထောင်ထဲမှာ အောက်တန်း နေက်တန်း အကျဆုံး လူတန်းစား) တို့ရဲ့ ဘဝ အခြေအနေ နိမ့်ကျပုံတွေ၊ တစ်နေ့လုပ်တစ်နေ့စားအတွက် နေ့စဉ်နှင့်အမျှ ရုံးကန်လှုပ်ရှားကြရပုံ၊ နေစရာမရှိ အိပ်စရာမရှိဘဝတွေရဲ့ဆင်းရဲ ချွတ်ချုံ လှပုံတွေ၊ သူတို့တွေရဲ့ ခေါင်းအုံးအိပ်ရာ လမ်းဘေးပလက်ဖောင်း၊ ဗောတံတား ဆိပ်ကမ်း၊ ဘူတာရုံ မကျန် မထင်လျှင်မထင်သလို လာရောက်ဖမ်းဆီးတတ်သော စီမံချက်ဆိုတာကို နေ့စဉ်နှင့် အမျှကြောက်ရွံ့ တိမ်းရှောင်နေရပုံ၊ စားစရာရှာမစားနိုင်သော မိုးတွင်းနေ့ရက်များတွင် ထောင်ထမင်း ထောင်ဟင်းတို့ကို မျှော်ကြရှာရပုံတွေကို အတွင်းကျကျ မိတ်ဆက်ပေးထားခြင်းဖြစ်ပါသည်။
✒စာအုပ်လေးကိုဖတ်ခြင်းဖြင့် ဆရာမဝေမျှ ချင်တဲ့ ရသကို အပြည့်အဝ ခံစားရရုံသာမက “စက်ဝိုင်း” တို့လို သာတီးဒီ တွေရဲ့ ထောင်တွင်းအတွေ့အကြုံတွေကိုလည်း ဗဟုသုတရစရာ ဖတ်ရှုရမှာဖြစ်ပါတယ်။ဒါ့ပြင် မလိုချင်လို့ စွန့်ပစ်ခံခဲ့ရတဲ့ စက်ဝိုင်းတို့လိုမိဘမဲ့တွေရဲ့ မိဘမေတ္တာတောင်းတပုံတွေကိုလည်း ကိုယ်ချင်းစာမိတာအမှန်ပါပင်။
စာကြွင်း။ ။ညီမကတော့ ဖတ်ရင်းနဲ့ ဇာတ်လမ်းတစ်ဝက် မှာပါလာတဲ့ အကိုနတ်သားရဲ့ပုံပန်းသွင်ပြင် ကို ပေါ်လွင်အောင်ရေးထားတော့ ကြွေမိတာအမှန်ပဲ hehe ??။ စက်ဝိုင်း လေးနဲ့ အကိုနတ်သား ဘယ်တော့များမှ ပြန်တွေ့မှာပါလိမ့်၊ ဘယ်လိုပုံစံမျိုးနဲ့ ပြန်တွေမှာပါလိမ့် ဆိုပြီးစိတ်ကူးယဉ်ဖတ်လိုက်တော့ ခဏလေးနဲ့ ဖတ်လို့ပြီးသွားခဲ့ပါတယ်။ ?
“တကယ်တော့ စက်ဝိုင်းတို့ဟာ လူတွေအားလုံးထက် နိမ့်ကျတဲ့အခြေအနေမဲ့တွေပါ။ ဒါပေမယ့် စက်ဝိုင်းတို့လည်းပျော်ချင်တာပေါ့ ရယ်ချင်တာပေါ့။ စကိဝိုင်းတို့လည်း လူတွေပဲမဟုတ်ဘူးလား။”
Htun Htun Min –
အမှတ်မရှိ လမ်းမရှိ
ကီလီဗောတံတား
? သူ့နာမည်က စက်ဝိုင်းတဲ့ နာမည်ကလည်းလူနှင့်လိုက်ပါဘိ
ကြုံလိုက်ရတဲ့ ဒုက္ခတွေကပြေးကပ်ရှောင်ရှားစရာနေရာမရှိ ဒုက္ခဆိုတဲ့စက်ဝိုင်းထဲလွတ်ရာလွတ်ကြောင်းပတ်ပြေးနေရတဲ့
သူမ ငယ်ဘဝကကြမ်းတမ်းလို့ လွတ်ရာလွတ်ကြောင်းထွက်ပြေးခဲ့ပါရဲ့ စိတ်တော့လွတ်လပ်သွားပါရဲ့ လောကငမိုက်သားတွေရဲ့အန္တရယ်ကမလွတ်နိုင်လို့ ငယ်ငယ်ရွယ်ရွယ်မှာ ကြုံရာလူနဲ့ အိမ်ထောင်ပြုရရှာတယ်
မိဘစွန့်ပစ်ခံခဲ့ရတာမို့ ဘဝတူမိဘမဲ့လေးတွေကို သနားသလို
ကိုယ်ဝန်ရလာပြီဆိုကတည်းက ရင်သွေးကို မအေလိုမိဘမဲ့အဖြစ်မခံနိုင်လို့ အခက်အခဲတွေကြားရုန်းရင်းကန်ရင်း အိုမရှိအိမ်မရှိ
ပွဲခင်ထဲမှာမွေးခဲ့ရှာတဲ့ မိခင်မေတ္တာ ကိုဖော်ပြပေးသွားတဲ့ စက်ဝိုင်း ?
– နာမည်နဲ့လိုက်အောင်ဆင်းရဲရှာတဲ့လမ်းဘေးနေလမ်းဘေးစား သူမ နှင့် သူမဘဝတူတွေအကြောင်း
– ဆိုးရွားလှတဲ့သူမရဲ့ ထောင်တွင်း အတွေ့အကြုံ
– တစ်သက်မှာတစ်ခါသာချစ်မိတဲ့အချစ်ဦးကို မျှော်ရင်း ကံကြမ္မာအရ ကြုံရာလူနဲ့လက်ထပ်ရရှာတဲ့သူမအကြောင်း
-အိမ်ထောင်ရေးကံမကောင်းခဲ့ရှာတဲ့ အမျိုးသမီးတို့ရဲ့ ဘဝကိုခက်ခက်ခဲခဲရှင်သန်ရပုံတွေ
-သားသမီးကံမကောင်းရှာလို့ အရွယ်အိုမှ ကြုံရာလုပ်ကိုင်စားနေရရှာတဲ့ မိဘတွေအကြောင်း
စတာတွေကို ဖော်ပြပေးသွားမယ့် စာပေကင်ပေတိုင် လက်အောက်မှာနှစ်၃၀လောက်အပိတ်ခံခဲ့ရတဲ့စာအုပ်ကောင်းတစ်အုပ်”အမှတ်မရှိ လမ်းမရှိ ကီလီဗောတံတား”
သာမန်လူတဲ့မမြင်နိုင်မတွေ့နိုင်တဲ့ ဆိုးရွားလှတဲ့ အခြေအနေအရပ်ရပ်ကလူတွေရဲ့ ဘတကိုဖော်ပြပေးမဲ့ စာအုပ်ကောင်းတစ်အုပ်’အမှတ်မရှိလမ်းမရှိ ကီလီဗောတံတား”