ဗိုလ်ကေတထောင်မှာ တစ်ယောက်လောက်တော့ ဇွဲကောင်းပါရဲ့
5000 (ကျပ်)
• မြန်မာ့အငြိမ့်သဘင်လောကကို စာရေးသူကိုယ်တိုင် ထဲထဲဝင်ဝင် သွားရောက်လေ့လာကာ နှိုက်နှိုက်ချွတ်ချွတ် စူးစမ်း အားထုတ်ရေးသားထားသော ဆရာမ နုနုရည်အင်းဝ၏ အငြိမ့်သဘင်လောက နောက်ခံ ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်…
• ၁၉၈၀ ကျော်ကာလများ၏ အငြိမ့် သဘင်၊ ဇာတ်သဘင်လောကကို ကွက်ကွက်ကွင်းကွင်း ဖော်ကျူးထားသည်။ အဆိုပါ လောကသားတို့၏ အနုပညာဖန်တီးမှု၊ ကြိုးပမ်းမှု၊ ဘဝရုန်းကန်မှု၊ လူမှုဘဝအရှုပ်အထွေး၊ သံယောဇဉ်နှင့် ချစ်ခြင်းမေတ္တာတို့ကို ခံစားချက်အပြည့် နှင့်နင့်နင့်နဲနဲရှိအောင် ဖတ်ရှုကြရလေမည့် ရသမြောက် ဝတ္ထုတစ်ပုဒ်ဖြစ်ပါသည်။
စာမျက်နှာ | 252 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.4 ×8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2022 ဇန်နဝါရီလ (ပ-ကြိမ်) |
13 in stock (can be backordered)
ဒုံးလေး –
ဆရာမရဲ့ အရေးအသားတွေ ဇာတ်လမ်းည်ဆောက်ပုံတွေကို အရမ်းသဘောကျလို့ပါ
Pa Pa Htoon (verified owner) –
နှစ်သက်ရသော၊ စွဲလမ်းရသော အမျိုးသမီးစာရေးဆရာမပါ။ ဆရာမလက်မှတ်လေးပါပါစေရှင့် 🙏🙏
Hnin Oo Lwin –
ဆရာမရဲ့ စာရေးဟန်က ရသမြောက်ပြီး ဖတ်ရတဲ့အခါ စာအသွားက စိတ်နဲ့ထပ်တူကြလို့ အမြဲလေးစားပြီး နှစ်သက်ရပါတယ်
Thiri Thet Aung –
အငြိမ့်ဆိုလို့ တီဗွီမှာလာတာလောက်သာ ငယ်ငယ်က ကြည့်ဖူးပြီး အပြင်မှာဆို လုံးဝမကြည့်ဖူးပေမဲ့၊ ဒီစာအုပ်ကို ဖတ်နေချိန်မှာ ကိုယ်ကိုယ်တိုင် အငြိမ့်သဘင် လောကကြီးထဲ ခဏရောက်သွားသလို ခံစားသွားရသည်အထိ စာအရေးအသားက အနုစိတ်ပြီး ပြောင်မြောက်ပါတယ်။