ပုံမဝေးဘု…ရောက်လုပါပြီနှင့်အခြားဝတ္ထုတိုများ
13500 (ကျပ်)
မဟေသီ၊ မိုးဝေ၊ ပေဖူးလွှာ၊ သည်းဦးပန်း အစရှိသည့် ရုပ်စုံမဂ္ဂဇင်းများတွင် ရေးသား ဖော်ပြခဲ့သော ဆရာမနုနုရည်(အင်းဝ) ၏ ဝတ္ထုတိုများကို စုစည်းထားခြင်း ဖြစ်သည်။ စာရေးသူတွေ့ကြုံရသော အတွေ့အကြုံအပိုင်းအစလေးများနှင့် လက်တွေ့ဘဝတွင် အမှန်တကယ်ရှိနေသည့် အခြေခံလူတန်းစားအများစု၏ ဇာတ်လမ်းများကို ရသမြောက်စွာ ရေးသားထားသည်။ “မိုးခေါင်သီး” ဝတ္ထုတွင် သူများလယ်ထဲတွင် ပဲရိတ်၊ ပေါင်းနုတ်ဖြင့် သူရင်းငှာလုပ်ရသော ကိုစံထွန်း၊ ဆောင်းတွင်းကာလတွင် အလုပ်မရှိ သဖြင့် ရွာမှ နှစ်ညအိပ်သုံးရက် ခြေကျင်သွားရသော မန္တလေးမြို့သို့ ဆိတ်များကို ကျောင်း၍ ပို့ခဲ့ရာ လမ်းတွင် ဆိတ်တစ်ကောင်ပျောက်သွားသောကြောင့် နေ့တွက်ခ မရသည့်အပြင် ဆိတ်ပိုင်ရှင်အား ပြန်လျော်လိုက်ရပုံတို့ကို ရင်နင့်စွာ ခံစားဖတ်ရှုရမည် ဖြစ်သည်။ ထို့အပြင် အခြားဝတ္ထုတို ၂၉ ပုဒ်ကိုလည်း ဖတ်ရှုခံစားရမည်ဖြစ်သည်။
| စာမျက်နှာ | 320(woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2025 ဇန်နဝါရီလ (ပထမအကြိမ်) |
6 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ