ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ

( 5 မှတ်ချက်)

3500 (ကျပ်)

စာမျက်နှာ

251

စာအုပ်အရွယ်အစား

5.2 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2017 ဇူလိုင်လ (စတုတ္ထ-ကြိမ်)

Out of stock

ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ အား ဝေဖန်သုံးသပ်မှု 5 ရှိပါသည်။

  1. Ei Twe Tar

    ဒီစာအုပ်လေးကကျွန်မတို့သာမာန်မြင်နေကြဇာတ်ဆောင်ပုံစံမဟုတ်ဘဲ တောင်ပြုန်းပွဲက ဒေစီဂျိန်း လို့ခေါ်တဲ့နတ်ကတော်တစ်ယောက်ရဲ့အကြောင်းပါ။ပုဂံအနော်ရထာမင်းလက်တည်ထားကိုးကွယ်ခဲ့တဲ့ဆုတောင်းပြည့်ဘုရားတည်ရာမှာမြေးတော်ရွှေဖျဥ်းကြီးရွှေဖျဥ်းလေးအမှုတော်အုတ်နှစ်ချပ်လစ်လပ်ပျက်ကွက်တဲ့အတွက်သေဒဏ်ပေးချင်းခံရတာကိုအစွဲပြုပြီးဆုတောင်းပြည့်ဘုရားဝန်းကျင်မှာနတ်ကွန်းနတ်နန်စသဖြင့်ဆောက်လုပ်ကြရာမှကိုးကွယ်ယုံကြည်ကြပြီးဖြစ်လာတဲ့တောင်ပြုံးပွဲတော်၊ထိုပွဲတော်ကိုအမှီပြုပြီးနေထိုင်စားသောက်ကြရတဲ့မိန်းမလျာနတ်ကတော်တို့ရဲ့ဘဝ၊ ထိုထဲမှာမှမိန်းမလျာဘဝသိန်းတစ်ရာမကတန်ပါတယ်ဆိုတဲ့နာမည်ကြီးနတ်ကတော်ဒေစီဂျိန်းရဲ့အချစ်နဲ့မိန်းကလေးမြင်ရင်စိတ်ကစားတတ်တဲ့သူမရဲ့ချစ်သူကောင်လေး(မင်းမင်း)တို့ရဲ့ဇာတ်လမ်းကိုသုတရသစုံလင်စွာဖတ်ရှုရမယ့်စာအုပ်ကောင်းလေးတစ်အုပ်ပါ။ဒါ့အပြင်ဝါခေါင်လဆန်း(၈)ရက်ကနေလပြည့်ကျော်(၁)ရက်ထိကျင်းပတဲ့မြန်မာ့ရိုးရာအစဥ်အလာနတ်ကိုးကွယ်မှုအကြောင်းတွေလည်းတစ်စုတစ်စည်းတည်းလေ့လာနိုင်လို့ဖတ်ရှုသင့်တဲ့စာအုပ်လေးတစ်အုပ်ပါလို့ညွှန်းဆိုပါရစေ။ ။

  2. Hein Thu Htet

    မြန်မာတို့ရဲ့ကိုးကွယ်ယုံကြည်မှု တောင်ပြုံးပွဲအကြောင်း အသေးစိတ်သိရတယ်။ မရောက်ဖူးသေးရင်တောင် ဒီစာအုပ်လေးကနေတဆင့် တောင်ပြုံးပွဲရဲ့ပျော်စရာကောင်းပုံတွေအကြောင်း မြင်သာလှပါတယ်။ ပျော်စရာတွေအစုံစုံ အဖုံဖုံရှိနေပေမယ့် ရင်ထဲကအပူမီးတွေပြည့်နေတဲ့ နတ်ကတော်ကြီး ဂျိန်း၊ သဝန်တိုတတ်တဲ့ ဂျိန်း၊ လင်သားလို့မှတ်ယူထားတဲ့ ကောင်လေးကိုချစ်လွန်းတဲ့ ဂျိန်း တစ်ယောက်တော့ လှော်ရ၊ ကြော်ရ ဝင်လာမဆဲတသဲသဲဖြစ်နေပေမယ့် ချစ်လင်လေးကိုစိတ်မချ သဝန်တိုပြီး မီးတကာမီးအပူဆုံးလောင်မတတ်ခံစားရပုံကို စာဖတ်သူရင်ထဲထိမိလွန်းလှပါတယ်။ မင်းမောင်၊ ဂျိန်းရဲ့အချစ်လူသားဝတ္ထု လူပျိုဖော်ဝင်စအရွယ်ကတည်းက ဂျိန်းရဲ့အပိုင်မွေးစားခြင်းခံရတဲ့သူ၊ အရွယ်ရောက်လာတော့ ဂျိန်းရဲ့လက်တွဲဖော်လို့မှတ်ယူခြင်းခံရသူ၊ ဂျိန်းအပေါ် သံယောဇဉ်ရှိတဲ့သူ သူတို့၏ရဲ့သံယောဇဉ်ကြိုး ဖြတ်ဖို့ခက်ပုံကို ပေါ်လွင်ထိမိအောင် ဖော်ကြူးထားပါတယ်။ မိန်းမစိတ် မိန်းမလိုတွေး မိန်းမလိုနေတဲ့ ဂျိန်းနဲ့ ယောက်ျားသား မင်းမောင်တို့ရဲ့ဆက်ဆံရေး ကြုံပုံ အခက်အခဲတွေ့ပုံ ရင်ဆိုင်ရပုံ ကိုလက်တွေ့အခြေအနေ ဘဝတွေနဲ့ထင်ဟပ်ပေါ်လွင်အောင် ရေးဖွဲ့ထားတဲ့စာအုပ်ကောင်လေး တစ်အုပ်ဖြစ်ပါတယ်။ “စိန်ကိုစိန်ချင်းဖြတ်မှ ပြတ်တယ်၊ သံယောဇဉ်ကိုလည်း သံယောဇဉ်ချင်းဖြတ်မှ ပြတ်တယ်” လို့ ပြောတဲ့ဂျိန်းတစ်ယောက် သူ့ရဲ့ချစ်လင် မင်းမောင်နဲ့ သံယောဇဉ် ဖြတ်နိုင် မဖြတ်နိုင်ပုံကို စာအုပ်လေးကနေဖတ်ကြည့်စေချင်ပါတယ်။ အချစ်သဘာဝတွေတင်မဟုတ်ဘဲ တွေးစရာအဖုံဖုံကို ပေးသွားတဲ့စာအုပ်ကောင်းလေးတစ်အုပ်လို့ဆိုချင်ပါတယ်။

  3. Ei Mon Khaing

    ဒီစာအုပ်လေးစဖတ်မိတာ လွန်ခဲ့တဲ့10နှစ် ကျော်က ရွှေအ မြုတေမှာ( သိပ် မမှတ်မိတော့)အခန်းဆက်အနေနဲ့ပါခဲ့ကတည်းကပါ။အဲဒီအချိန်ကတည်းက ဒေစီဂျိန်း တို့ဘဝတွေကို ခံစားနားလည်မိခဲ့ပြီး ဆရာမရဲ့စာတွေကိုစွဲလန်း ခဲ့ရတာပါ။ခု စာအုပ်ဝယ်ပြီး ပြန်ဖတ်တော့လဲ ဖတ်ပြီးသားဆိုတဲ့ ခံစားမှုမရဘဲ အသစ်ဖတ်ရသလို ခံစားချက်ပဲ ပေးနိုင်တဲ့ ဆရာမရဲ့ အရမ်းကောင်းတဲ့လက်ရာလေးပါ။ဆရာမရဲ့စာအုပ်တွေက ဖတ်မိတိုင်း ရင်ထဲမှာစွဲကျန်ခဲ့တာမလို့ တသက်တာသိမ်းထားသင့်တဲ့ စာအုပ်တွေပါပဲ။ဆရာမရဲ့ လက်ရာအသစ်လေးတွေကိုလဲ မျှော်လင့်မိပါတယ်။

  4. Yadanar Nay Win

    တောင်ပြုံးပွဲတော်အကြောင်းကိုသေသေချာချာ နှံ့နှံ့စပ်စပ် သရုပ်ဖော်ရေးပြထားတာ အင်မတန်မှဖတ်လို့ကောင်းတဲ့စာအုပ်တစ်အုပ်လို့ဆိုချင်ပါတယ်။ မိန်းမလျာနတ်ကတော် ဒေစီဂျိန်း၏ရင်တွင်း သောကအပူမီးလောင်မြိုက်မှုဟာ စာဖတ်သူကိုတောင်အပူဟပ်စေလို့…. လူ့သဘာဝအလျောက်ဖြစ်တတ်တဲ့ အချစ်ဆိုတဲ့ တဏှာကိလေသာနဲ့ မကင်းကွာနိုင်တဲ့ နတ်ကတော် ဂျိန်းရဲ့ ချစ်လင်မင်းမောင်ဟာ ဂျိန်းရဲ့ ချစ်ခြင်းမေတ္တာလို့ ယူဆရတဲ့ အတ္တတွေအောက်မှာ နေနိုင်သလား မနိုင်ဘူးလားဆိုတာကိုတော့ စာအုပ်ထဲမှာပဲ ဆက်လက်ရှာဖွေကြပါလို့…..

  5. Myat Thaw Kha

    တကယ်ကိုမထင်ထားလောက်အောင်ကောင်းလွန်းခဲ့တယ်…ကျတော်လေဖတ်ရင်းနဲ့…ဂျိန်းရဲ့ဘဝခံယူချက်တွေကိုနားလည်လာတယ်…စာနာမိတယ်…မဖြစ်နိူင်မှန်းသိရက်နဲ့တောင်ဆက်ပြီးဖက်တွယ်နေခဲ့တယ်…မင်းမောင်ကို…ကျတော်လေဖတ်ရင်းနဲ့မျက်ရည်တောင်ကျမိတယ်…တောင်ပြုန်းပွဲတော်ကိုမှီခိုနေရသူတွေ…နတ်ကတော်လေးတွေရဲ့ဘဝကိုလည်းစာနာမိတယ်…ဂျိန်းကပြောတယ်…သူတို့နတ်ကတော်တွေဆိုတာငရဲအိုးကိုပတ်ပြေးနေရတာတဲ့….ထိမိလွန်းပါတယ်…ဇာတ်သိမ်းလေးကိုလည်းသဘောကျတယ်…ဇာတ်သိမ်းကဒီလိုသာမဟုတ်ရင်ကျတော်ငိုမိမှာအမှန်ပဲ…ပြီးတော့ဘာသာပြန်ထားတဲ့စာအုပ်ရှိတဲ့အတွက်လည်းဂုဏ်ယူမိပါတယ်…လန်ဒန်တက္ကသိုလ်မှာလည်းသင်ရိုးအဖြစ်ပြဌာန်းထားတယ်ဆိုတော့ပိုလို့တောင်ဂုဏ်ယူရပါသေးတယ်…ဖတ်ကြည့်စေချင်ပါတယ်…

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နုနုရည်အင်းဝ စာအုပ်များ