သောက်တော့ ဒူးယား၊ နေတော့ ချုံကြား၊ ဝတ်တော့ မလေးရှား
7500 (ကျပ်)
ရွှေမှော်၊ ကျောက်မှော်တို့သည် စွန့်စားချမ်းသာလိုသူတို့၏ အိပ်မက်များထုဆစ် အကောင်အထည်ဖော်ရာနေရာဖြစ်သည်။ ရွှေအိပ်မက်နဲ့မျှော်လင့်ချက်တွေက ပျော်ရွှင်အားတက်ဖွယ်ကောင်းသလောက် လက်တွေ့မှော်ဘဝကရော ပျော်ရွှင်ဖွယ်အတိ၊ အားတက်စရာအပြည့်အမြဲဖြစ်နိုင်ပါမည်လား။
ရွှေမုဆိုးတို့၏ ဆန်းကြယ်သောဘဝအဖြစ်အပျက်များနှင့် ရွှေမှော်တွင်းဖြတ်သန်း၊ ရုန်းကန်၊ ရှင်သန်ကြရပုံများကို စာရေးသူကိုယ်တိုင်လက်တွေ့ကွင်းဆင်းလေ့လာရေးသားထားသည့် ဆရာမနုနုရည် အင်းဝ၏ နာမည်ကျော်ဝတ္ထုကောင်းတစ်အုပ်ဖြစ်ပါသည်။
စာမျက်နှာ | 265 |
---|---|
စာအုပ်အရွယ်အစား | 5.3 × 0.3 × 8.4 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2021 စက်တင်ဘာလ၊ (ပ-ကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 1.8.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 5500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
8 in stock
Zaw Aung Naing –
စာအုပ်ကောင်းတစ်အုပ်လို့မြင်ပါတယ် ဘာလို့ဆို လူ့အဖွဲ့အစည်းနဲ့ဆက်နွယ်နေတာဆိုတော့လေ ကျေးဇူးတင်ပါတယ်။🙏🙏🙏
CherryAung –
သောက်တော့ဒူးယား နေတော့ချုံကြား ဝတ်တော့ မလေးရှား တဲ့ နုနုရည်အင်းဝရဲ့ စာအုပ်လေးတွေတိုင်းကို စိတ်မဝင်စားပဲမနေနိုင်လောက်အောင် ဆွဲဆောင်နိုင်သော နာမည်လေးတွေ ရွှေတောမှာ ရွှေရှိတယ် ငွေရှိတယ် ပြီးတော့ ဘာရှိမလဲ ဘာဖြစ်ကြမှာလဲ အရမ်းကို သိချင်မိတယ်။နေရာစုံ က လာတဲ့ လူတွေ အစုံ ရှိတဲ့နေရာ ရွှေတောကို ရွှေရှာမယ် ဆိုပီး လာကြတယ်။ ရွှေပဲရကြမလား သူ့အပြင် ဘာတွေကများ ဆီးကြိုနေမှာလဲ ရင်တထိတ်ထိတ်နဲ့ ဖတ်ရတဲ့ စာအုပ်လေး မဖတ်ရသေးရင် ဖတ်ကြည့်ပါရှင် ရင်ထဲတခုခုတော့ ခံစားရမှာပါ။