မြစိမ်းပြာကမာရွတ်

( 5 မှတ်ချက်)

9500 (ကျပ်)

စာမျက်နှာ

382

စာအုပ်အရွယ်အစား

5.2 x 0.6 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2017မတ်လ (တ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

25.3.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 9000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

9 in stock

မြစိမ်းပြာကမာရွတ် အား ဝေဖန်သုံးသပ်မှု 5 ရှိပါသည်။

  1. Pyae Sone Han

    ဆရာမနုနုရည်(အင်းဝ) ကဒီစာအုပ်ထဲမှာ၂၁ရာစုအစောပိုင်းကာလရနိကုန်ရဲ့မြို့ပြလူနေမှုဘဝ,လူတေရဲ့အကျင့်စရိုက်,မြနိမာလူမျိုးတေရဲ့သဘာဝကိုပါ ပီပီပြင်ပြင် ပုံဖော်ရေးဖွဲ့ထားတာကိုတွေ့ရပါတယ် အမျိုသားစာပေဆုလည်းရရှိထားပြီးတော့ တကယ့်ကို လက်ဖျားခါလောက်အောင် ကောင်းတဲ့ဝတ္ထုပါ အကြိုက်နှစ်သက်ရဆုံးအချက်ကတော့- ခေတ်ကိုပီပီပြင်ပြင်ထင်ဟပ်အောင် ရေးထားတဲ့ ဝတ္ထုတပုဒ်မလို့ပါ

  2. May Su

    အရမ်းကောင်းတဲ့ စာအုပ်ပါ။ စဖတ်ကတည်းက ကိုယ့်ရဲ့ မနက်ဆို မထချင်ဘဲ ပျင်းတဲ့ စိတ်ကို ပြင်လို့ရသွားစေတယ်။ သူများတွေရဲ့ အိမ်တွေမှာ ဘယ်လို နေထိုင်ကြတယ် ဆိုတာကို ကိုယ်တိုင် ဘေးက ရပ်ကြည့်နေရသလိုပါပဲ။ ဟို ငါးပိရေကျိုအဘွားကြီး အလည်လာနေတဲ့ အခန်းက တော်တော်ရယ်ရတယ်။ 😂 ဆရာမအရေးအသားက ဟာသဟန်လေးလည်းပါတော့ ဖတ်ရတာ တော်တော် စွဲမက်စေတယ်။
    နောက်ပြီး ခေတ်တစ်ခေတ်က လူတွေရဲ့ ဘဝနေထိုင်မှုပုံစံကို မြင်ရတာလည်း စိတ်ဝင်စားစရာပါ။ အညာကျေးလက်နဲ့ မြို့ပြကို ယှဉ်ပြ ထားတဲ့ နေရာတွေမှာလည်း ဖတ်ရတာ တော်တော် အရသာ ရှိတယ်။ ကိုယ့်အကြိုက်ပါပဲ။ အစ/ဆုံး လက်က ချချင်စရာမရှိပါ။

  3. CherryAung

    1.ရန်ကုန်မြို့ရဲ့လူနေမှုဓလေ့စရိုက်နဲ့ အညာကျေးလက်မြို့ရွာတို့ရဲ့ အစားအသောက်အနေအထိုင် ဓလေ့ မတူညီမှုတွေကို ထင်ဟပ်ပြသထားတဲ့ အဘတို့ မိသားစု အခန်းလေး 2.ဦးစိတ်တိုနဲ့မျောက်ညိုလို့ ချစ်စနိုးနာမည်ပေးထားတဲ့ ဦးနဲ့လတ်တို့ရဲ့ နေချင်စဖွယ် အခန်းလေး ဦးကစိတ်တိုတတ်ပေမယ့် ချစ်ဖို့ကောင်းပါတယ် 3.လူပျော်ကြီးကိုဖိုးအောင်တို့ အခန်းရဲ့ မနက်မိုးလင်းရင် ခိုကလေးများတို့ရယ် သီချင်းလေးနဲ့ သားသမီးတွေကို နိူးတတ်တဲ့အလွန်အချက်အပြုတ်ဝါသနာပါတဲ့ ဖိုးအောင်နဲ့သူ့ချစ်ဇနီးအေးတို့အိမ် အခန်းပိုင်မဟုတ်တဲ့ အငှားနေတဲ့ အေးရဲ့ အခန်းလိုချင်ပုံ အိမ်ဝန်းမဲပေါက်ချင်ပုံလေးတွေဖတ်ပီး စာနာမိပါတယ်4. မွန်နဲ့ အန်တီခင်လေး တူဝရီးနှစ်ယောက်ရဲ့ စိတ်ဝင်စားစရာဝါသနာနဲ့ ကြောင်များအပေါ်ချစ်တတ်မြတ်နိုးတတ်တဲ့ စိတ်ထား ရှိတဲ့ အခန်းလေး မိသားစုလေးစုရဲ့ အဖြစ်အပျက်အကြောင်းအစုံအလင်အပြင် မြေပိုင်ရှင်မိသားစုဖြစ်တဲ့ အန်တီမေရီနဲ့သူ့ရဲ့သားလေး ဆန်နီ တို့ အကြောင်း ပြည့်ပြည့်စုံစုံ ဖတ်ရှုရမှာ ဖြစ်ပါတယ် နုနုရည်အင်းဝရဲ့ အကောင်းဆုံးထဲက တအုပ်လို့ ပြောချင်ပါတယ် စာအုပ်ဖတ်ပီးသူတို့နဲ့အတူလိုက်ပျော်ရ လိုက်ငိုရ ခံစားချက်ကိုအစုံပါပဲ မဖတ်ရသေးရင်ဖတ်ဖို့ ဖတ်ပီး လုံးဝနောင်တမရစေရမယ့်စာအုပ်လေးပါပဲရှင်

  4. ei mon Khaing

    ဖတ်ရတာ တကယ့်အနှစ်သာရပြည့်စုံတဲ့ စာအုပ်လေးပါ။ ခုထိ ဖတ်ပြီးတည်းက တခြားစာအုပ်ဖတ်လို့မရသေးအောင် စိတ်ထဲမှာ စွဲနှစ်ကျန်နေခဲ့တဲ့ စာအုပ်ကောင်းလေးပါပဲ။ ဆရာမရဲ့ ရေးသားချက်တွေက တကယ်ကို ပီပြင်လှပါတယ်။ လူနေမှုဘ၀အကြောင်းကို ဇာတ်စုံခင်းကျင်းပြသွားချက်တွေက ကိုယ်ပါ သူ့တို့ဘ၀ထဲ အတူလိုက်ပါစီမျောသွားသလိုပါပဲ။ ရယ်ရတဲ့အဖြစ်အပျက်လေးတွေ ဖတ်မိပြန်တော့လဲ ရယ်လိုက်ရတာ၊ သဘောကျလိုက်ရတာ၊ ငိုရတဲ့ နေရာလေးကျပြန်တော့လဲ စိတ်ထဲနင့်သွားတာပဲ။ တကယ့်ကို သဘာ၀ကျလွန်းပြီး ရသပြောင်မြောက်လွန်းလှတဲ့ စာအုပ်ကောင်းလေးမို့ ဖတ်ဖြစ်အောင်ဖတ်စေချင်မိပါတယ်။ အမျိုးသားစာပေဆုရတဲ့ စာအုပ်ကောင်းထက်ပိုကို ပိုပါတယ်ရှင့်။ အရမ်းကို ကြိုက်မိသော စာအုပ်ကောင်းတစ်အုပ်ပါ။ ကြိုက်လွန်းလို့ ဖတ်စေချင်တဲ့ စာအုပ်ကောင်းလေးမို့ ပထမဆုံးရေးဖူးခြင်းပါပဲ 😊😊

  5. Aeri Myat

    မြစိမ်းပြာလမ်းက အလွှာတွေအများကြီးနဲ့တိုက်ပေါ်ကဘဝအလွှာလေးတွေ
    သူတို့နေထိုင်ရာတိုက်အခန်းလေးတွေလိုပဲခပ်ပါးပါးလေးတွေပေါ့
    ချက်လစ်(လတ်လတ်)နဲ့
    ဒေါသအိုးဦးသက်ဦး,
    ဘိုးဘတင်,ဆန်နီဘွိုင်နဲ့အန်တီမေရီ , အပျိုကြီးဒေါ်ခင်လေးနဲ့မယဥ်မွန်တို့တူဝရီး , ပျော်ပျော်နေတတ်တဲ့ကိုဝင်းအောင် သူတို့မိသားစုတွေရဲ့ဘဝမျိုးစုံ
    ပူပန်မှူ ပျော်ရွှင်မှူတွေအကုန်ဒီတိုက်ခန်းလေးထဲမှာ မှီတည်နေတယ် ဆန်နီ့အဖြစ်ကလည်းရင်နင့်စရာလေးပါပဲ ရန်ကုန်မြို့ကြီးရဲ့မွန်းကြပ်တဲ့တိုက်ခန်းကျဥ်းလေးထဲကဘဝတွေမှာတခါကကိုယ်တိုင်လည်းနေဖူးခဲ့ကြုံခဲ့ဖူးသည်မို့ ကိုယ်ချင်းစာမိပါတယ် အစ်မတယောက်ပြောသလိုပဲ ဆရာမနုနုရည်အင်းဝရဲ့စာအုပ်တွေကအမြဲစိတ်ထဲနှလုံးသားထဲကိုရိုက်ခတ်လှုပ်ရှားစေတာပါပဲလူလတ်တန်းစားအောက်ခြေလူတန်းစားတို့ရဲ့
    တကယ့်ကြုံတွေ့ဖြတ်သန်းနေရတဲ့အဖြစ်အပျက်တွေကိုအခြေခံထားတာမို့ဖတ်ရတာပိုပြီးစိမ့်ဝင်ခံစားမိစေပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နုနုရည်အင်းဝ စာအုပ်များ