မောင့်ဘဝ ညအလားကွယ်

( 1 မှတ်ချက်)

13000 (ကျပ်)

‘ မေလလို လှပ၍ မေမေ့လို ကြင်နာသော မမမေ ‘

ဒီစာကြောင်းကို ဖတ်မိတာနဲ့ ဘာစာအုပ်ဆိုတာ တက္ကသိုလ်ဘုန်းနိုင် ပရိသတ်တွေသိကြပါတယ်။

“အားကျတယ်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ခုနင်က မမမေ ပြောသလို နတ်သျှင်နောင်ရဲ့ ဘဝဟာ ညအလားလို့ပဲ ထားပါစို့။ အဲ့ဒီညဟာ အင်မတန် ချစ်မက်ဖွယ်ကောင်းတဲ့ ညဖြစ်မှာပဲ” – ကိုလွမ်းနောင်

“မောင် ပြောခဲ့ဖူးတဲ့ စကားကို မမမေ ပြန်သတိရမိတယ်။ သံယောဇဉ်ကြိုး မရှည်ချင်ဘူးဆိုတာလေ။ မမမေ ထင်တာကတော့ မရှည်အပ်တဲ့ သံယောဇဉ်နဲ့ ရှည်အပ်တဲ့ သံယောဇဉ် နှစ်မျိုး ရှိတယ်ကွယ်။ မောင့်အတွက် မမမေ ထားတဲ့ သံယောဇဉ်ကတော့ ရှည်အပ်တဲ့ သံယောဇဉ်ပဲကွယ့်” – မသက်မေ

“ကဗျာဆရာကြီးဆီ စာရေးရလို့ ကဗျာဆန်ဆန်ပဲ ရေးချင်မိတယ်။ ဒါပေမဲ့ ကဗျာမစပ်တတ်လို့ ရဝေရှင်ထွေးရဲ့ ကဗျာလေးကိုပဲ ကူးယူပြီး ထည့်လိုက်မိတယ်။ ဒီကဗျာကို ဖတ်ပြီး ကိုလွမ်းနောင် အပျင်းပြေရင် တင်တင်ဦး ကျေနပ်ပါပြီ” – တင်တင်ဦး

​ဂျပန်ခေတ် ကာလဆိုးနဲ့ ရောင်စုံသူပုန်တို့ ကြီးစိုးချိန် ကာလနောက်ခံ။ ကံကြမ္မာဆိုတဲ့ အယ်ဒီတာကြီးက အထက်ပါ ဇာတ်ကောင် ၃ ဦးကို ဘယ်လိုတွေ အကွက်ချ စီစဉ်ပြီး ပုံဖော်ခဲ့လဲ။ နတ်ရှင်နောင်၊ ဓာတုကလျာနဲ့ ရဝေရှင်ထွေးတို့ရဲ့ သမိုင်းနောက်ခံနဲ့ ကိုလွမ်းနောင်တို့ ၃ ဦးရဲ့ ဇာတ်လမ်းတွေက ဘာကြောင့် သတိရစရာတွေ ဖြစ်သလဲ။

ခေတ် စနစ် ကာလတွေ ဘယ်လိုပြောင်းပြောင်း စာချစ်သူတို့ ရင်ထဲမှာ အမြဲတမ်း ရှင်သန် သဘောကျကြတဲ့ ဝတ္ထုကောင်းတစ်ပုဒ်။

စာမျက်နှာ

162

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2023 စက်တင်ဘာလ (ဆဌမ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

2.10.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 13000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

5 in stock

မောင့်ဘဝ ညအလားကွယ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Zaw –

    မျက်ရည်တွေလဲ ခန်းပါတော့မလား အောင့်မေ့ရပါတယ်။
    စံတော်ဉီးခေါင်းပေါ် ပန်းနှစ်ပွင့်မပန်နိုင်ကြောင်း ကောင်းစွာသိငြားသော်လည်း တဖက်က မေတ္တာ မိုးတွေခနခနစွေလာသောအခါ နုနယ်လွန်းလှတဲ့ မိန်းမသားတစ်ဉီးရဲ့ နှလုံးသားက အဘယ်ကြောင့် တောင့်ခံနိုင်ပါတော့ မည်နည်း။ မချစ်ခဲ့သင့်ဆိုပေမဲ့လဲ ချစ်လက်နဲ့ပင် ဟန်ဆောင်ထားရတဲ့ အခါ စိတ်ထိခိုက်ရလောက်အောင်ပင် ချစ်မြတ်နိုးလာတဲ့ “မမမေ”
    ဘဝကို တိုက်ပွဲတွေကြားမှာ ရုန်းကန်ရင် ဘာမျော်လင့်ချက်မှ ရှေ့မထားပဲ လက်စားခြေလိုချင်းကြောင့် တပ်ထဲဝင်ခဲ့တဲ့ ‌မောင် “လွမ်းနောင်”
    ‘ မေလလို လှပ၍ မေမေ့လို ကြင်နာသော မမမေ ‘ ကြောင့်ပဲ ရှေ့ဆက်တိုးလာနိုင်အောင်ဖတ်တီးပေးခဲ့တဲ့ သူ ကိုမှ ချစ်မိလာတဲ့အခါ ကံကြမ္မာ ကိုပဲ အပစ်တင်ရလေမလား၊
    “အမှန်က ဘယ်သူ့ဘယ်သူမှ အပြစ်တင်လို့မရပါဘူး။ အပြစ်မရှိကြသူချင်းမို့ ဘယ်သူကမှ ဘယ်သူ့ကို ခွင့်လွှတ်စရာ အကြောင်းမရှိပါဘူး။” ဆိုပြီး အလွမ်းနဲ့သာလျှင် ဖြေသိမ့်နိုင်ပ့မလား….

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

တက္ကသိုလ်ဘုန်းနိုင် စာအုပ်များ