ဝသန်လေချိန်မှန်ကူး
23000 (ကျပ်)
“ပန်းမာလ်ဝေဆာဖူး … ရွှေညှာခိုင်ရည်လူး …ဝသန်လေချိန်မှန်ကူး … ပဇ္ဇုန်ကြူးပျော်မြူးစံရွှင်ဆော်ပဉ္စင်ရိုက်ညောင်း၊ နွေရာသီပြောင်းခါမှီဝယ် …”
ညတစ်ညမှာ မညွန့်မေရဲ့ အိပ်မက်ထဲ ရောက်လာတဲ့ နုနုငယ်၊
အိပ်မက်က ကြောက်စရာကောင်းတဲ့ လမိုက်ညမှာမှ မိုးက သဲသဲမဲမဲ ရွာနေချိန်၊
မညွန့်မေခမျာ မိုးထဲလေထဲ အမှတ်မထင် မြင်လိုက်မိတာက နုနုငယ်တို့ရဲ့ အိမ်ပျက်ကြီး၊
ကြောက်အားလန့်အားနဲ့ ပြေးချင်ပေမဲ့ မပြေးနိုင်သော်လည်း ဆက်လျှောက်ရင်း
ခင်တန်းဆီအရောက်၊ လက်ပံပင်ကြီး … လက်ပံပင်ကြီးနဲ့အတူ ညွန့်မေ
စိတ်ထဲပေါ်လာတာက နုနုငယ်၊တုန်လှုပ်စွာပင် အသံပြုမိတယ်
“နုနုငယ် … နုနုငယ် ရောက်နေပြီလား”
ယခင်အရာတို့သည် ယခု မရှိတော့ပြီ။ ယခင်အရာတို့ ယခုမရှိသော်လည်း ယခင်ဆိုသော အတိတ်သည်…ရင်၌ … ဘာကြောင့်ရှိနေရသေးပါသနည်း။ ။
ကောင်းကင်ပြာပြာ၌ တိမ်ဖြူတို့ဖြတ်သန်းသွားလာနေကြ၏။ ငွေလသည် မှိန်ချည်လင်းချည်ဖြစ်နေ၏။ ဘဝဟူသည် ဤသည်မျိုး ဖြစ်ဟန်တူလေသည်။ မှိန်ချည် လင်းချည် အဘယ်အရာတို့သည် ထာဝရတည်မြဲနေကြပါသနည်း။
===
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ နာမည်ကျော် ‘နွေကန္တာဦး’ ဝတ္ထုကို ဖတ်ပြီးသူတိုင်း နုနုငယ် ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းကို ရင်ဆို့ကြရတယ်၊ စိတ်မကောင်းဖြစ်ရတယ်။ နုနုငယ်ဟာ တကယ်ပြီးဆုံးသွားတာလား။ နုနုငယ်ရဲ့ စိတ်ဝေဒနာကို ကုလို့ပျောက်နိုင်ပါ့မလား။ ဝသန်လေချိန်မှန်ကူး မှာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က အဖြေထုတ်ပေးသွားခဲ့တယ်။
| စာမျက်နှာ | 324 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.5 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2024 သြဂုတ်လ၊ (တ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 14.11.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 23000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
9 in stock








wai wai shwe thar –
နွေကန္တာဦးရဲ့အဆက်အဖြစ်ဆရာကြီးရဲ့ရေးသားချက်တွေကအရမ်းလှပပါတယ်
စပ်စံထွန်းဆေးရုံကြီးကိုတွေ့တိုင်းဒီစာအုပ်ကိုသတိရနေတယ်
happy endingလေးအဖြစ်အဆုံးသတ်ထားတော့ပိုသဘောကျမိတယ်
ချစ်သူနှစ်ယောက်လုံးပေါင်းဖက်ခွင့်ရတော့အရမ်းပျော်ခဲ့ရပါတယ်
Zaw –
သိပ်ကိုဖတ်လို့ ကောင်းခဲ့ရပါတယ်။ ဇာတ်လမ်းအစ ကို နုနုငယ် ကိုအိမ်မက် မက်ခဲ့ရာက နေ စခဲ့ကာမှ
ဒေါက်တာ နှင်းငွေ နဲ့ စစ္စတာ မိုးသူ တို့ ကြိုက်သွားမယ်လို့တွေးထင်ခဲ့ပေမဲ့ နုနုငယ် နဲ့ တူခဲ့တာကြောင့်ပဲ လို့ ဖြစ်ရလေမလား မပြောတတ်။
အရေးအသားတွေက ပိုပြီးနှစ်ဝင်သွားအောင် ဆွဲဆောင်ခံရလေကာ အဆုံးခန်းတိုင်ဖတ်ရှု ခဲ့ရလို့ ဝမ်းသာမဆုံးခဲ့ပါဘူး။