ကြာပန်းလေးလို နေပါ
Review by Khine Mya Pwint
အကြိုက်ဆုံးစာသားလေးပါ။ ” Like a Lotus, no matter how deep the mud pulls me, I will rise and bloom again beautifully.”…
Review by Khine Mya Pwint
အကြိုက်ဆုံးစာသားလေးပါ။ ” Like a Lotus, no matter how deep the mud pulls me, I will rise and bloom again beautifully.”…
Review by Nyein Su Su Naing
ဖတ်ရတာတော်တော်အဆင်ပြေပါတယ်။လူငယ်တွေဖတ်ဖို့အရမ်းသင့်တော်တဲ့စာအုပ်ပါ။ဒီစာအုပ်ကိုဖတ်ပြီး ကိုယ့်ရဲ့စာမဖတ်ဖြစ်တော့တဲ့အကြောင်းတွေကိုဆင်ခြင်မိလာတယ်။ဒီစာအုပ်ထဲမှာစိတ်ဝင်စားစရာအချက်အလက်တွေကိုလည်းတွေ့ရတယ်။ သာမန်ကာလျှံရေးထားတာမျိုးမဟုတ်ဘဲ လူတွေဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းရင်းတွေကို သေချာသုံးသပ်ပြီးရေးသားထားတာဘဲဖြစ်တယ်။စာအုပ်ထဲကအခန်းတစ်ခန်းချင်းဆီက ကိုယ့်ရဲ့စာဖတ်ချင်စိတ်ကို အလွန်လှုံ့ဆော်ပေးပါတယ်။ကိုယ်တွေလိုကျောင်းသားလူငယ်တွေအတွက်ကတော့ အခန်း၁၃ ကိုအကြိုက်ဆုံးဖြစ်မယ်လို့ထင်ပါတယ် ဟဲဟဲ။ နောက်ပြီးအခန်း၁၄ကိုကြည့်မယ်ဆိုရင်လည်း စာပေလောကရဲ့နှမြောတသဖြစ်စရာတွေကို သိရှိရမှာဘဲဖြစ်ပါတယ်။ လူငယ်တွေသာမကလူကြီးတွေအတွက်လည်း တွေးစရာရစေတဲ့စာအုပ်ပါ လူတိုင်းစမ်းဖတ်ကြည့်သင့်ပါတယ်။ ငြိမ်းစုစုနိုင်(Grade-11)
Review by Chlorophyll
တခွန်းတည်းပြောရမယ်ဆိုရင်"ဒီစာအုပ်ကိုမြင်တာနဲ့ ဖတ်ဖြစ်အောင်ဖတ်ကြည့်၊ နောင်တမရှိနိုင်ကြောင်း ကို အပြည့်အဝ အာမခံ၏။"လို့ပဲ ပြောချင်ပါတော့တယ် -ပထမဆုံးအချက်က စာအုပ်နာမည် ကြည့်ရုံနဲ့ စိတ်ဝင်စားသွားတယ်။ တခါတလေ ဘာဖတ်လို့ ဖတ်ရမယ်ဆိုတာ မသိတာမျိုးတွေ၊ ဖတ်စရာအများကြီးရှိနေတာ သိပေမယ့် မဖတ်ဖြစ်ခဲ့တဲ့အချိန်တွေနဲ့လွန်ဆွဲနေခဲ့ရတာမျိုး။ကိုယ်ကိုယ်တိုင်လည်း စာဖတ်တာဝါသနာ ပါသည့်တိုင်…
Review by Canna
"ဥပဒေ"လို့ကြားလိုက်ရင် ငါတို့နဲ့မဆိုင်ဘူး ရှေ့နေတွေရဲတွေ တရားသူကြီးတွေ တရားခံတွေ တရားလိုတွေ တရားပြိုင်တွေ အမှုအခင်းဖြစ်နေတဲ့သူတွေနဲ့ပဲဆိုင်တယ်လို့ လူတိုင်းလိုလို ထင်တတ်ကြပါတယ်။ ဥပဒေဆိုတာ ပုဒ်ထီးပုဒ်မတွေနဲ့ရှုပ်ယှက်ခတ်တဲ့ဘာသာရပ်တခုလို့လည်း ထင်လေ့ရှိကြပါတယ်။ဒါဟာ မမှားပေမယ့် ရာနှုန်းပြည့်တော့ မမှန်ပါဘူး။ -နေ့စဉ် ကိုယ်စားနေတဲ့အစားအစာတခုမှာ ကိုယ့်ကို ဘေးဥပါဒ်…
Review by Zar Ga Nar
ဘာသာပြန်မဟုတ်ပါဘူး။ စာရေးဆရာအိမ်းထက်မွန်က စာအုပ်ပေါင်းများစွာကို အထောက်အထားပြုပြီး ကျမ်းတစ်ခုပြုစုထားတာ။ စာကိုတောက်လျောက်ဖတ်မရဘူး စာဖတ်လိုက်၊ပြန်ချထားလိုက်၊စဥ်းစားလိုက်၊တော်တော်အလုပ်ပေးတဲ့စာအုပ်ပါ။ ကျွန်တော်တို့ငယ်ငယ်က လမ်းထွက်တာနဲ့ စာအုပ်အငှားဆိုင်ဆိုတာ ခလုပ်တိုက်လောက်တယ်။ ပြီးတော့ လူငယ်ရိပ်သာရှိတယ်။ စာအုပ်ငှားဖတ်လို့ရတယ်၊ချက်စ်ထိုးလို့ရတယ်။ အခုဘယ်မှာလဲစာအုပ်ဆိုင်နဲ့စာကြည့်တိုက်။ တနေ့ကစာအုပ်တအုပ်ဝယ်တာ ငါးသောင်းခွဲ။ ဝတ္ထုတစ်အုပ်စျေးမေးတော့ ခုနှစ်သောင်းနှစ်ထောင်။ အိမ်နားက…
Review by Zar Ga Nar
ဒေါက်တာခင်မောင်ညိုရဲ့ ဒီလိုလူတွေနဲ့ ဘဝမှတ်တမ်းစာအုပ်ထွက်လာပါတယ်။ ဖေစ်ဘွခ်ပေါ်ကစာတွေလို့လဲဆိုပါတယ်။ ဆရာ့ဘဝတလျောက်ဖြတ်သန်းခဲ့သမျှမှတ်တမ်းတင်ထားတာမို့ စာမျက်နှာလေးရာ့ငါးဆယ်ကျော်အထူကြီး ဖတ်ရပါတော့တယ်။ ဆရာ့ဘဝရဲ့ မီးတိုင်က ပညာပါပဲ။ တဘဝလုံးပညာနဲ့ရပ်တည်တာ။ ခုလိုအသက်ရှစ်ဆယ်ကျော်သည်ထိပညာနဲ့နေထိုင်သူပါ။ ငယ်ငယ်ကဖိနပ်မပါပဲ ကျောင်းတက်ခဲ့သူဟာ အင်္ဂလန်ကနေPhD ဒေါက်တာဘွဲ့ရခဲ့တဲ့အထိ။ ဘယ်လိုဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ ဆင်ခြင်စရာပါ။ ၁၉၉၀မှာကျောင်းဆရာဘဝကထွက်ခဲ့ပေမဲ့ပညာနဲ့ပဲဆက်ရပ်တည်တယ်။ မဆလ…
Review by Zar Ga Nar
စာရေးဆရာ မိုးခကျော်သွင်ကိုအရင်ကမဖတ်ဖူးခဲ့ပါဘူး။ ထပ်တိုးရစ်ချည်လို့ဝတ္ထုနာမယ်ပေးထားပါတယ်။ ပြောချင်တာကတင်ပြပုံပါ။ အဖြောင့်အတိုင်းသာ ဇာတ်လမ်းကိုရေးချသွားရင် ဘာမှထူးခြားမယ်မထင်ပါဘူး။ မိသားတစုမှာGayတစ်ယောက်ပါလာတာ ဘာထူးခြားလို့လဲ။ ဒါပေမဲ့ စာရေးဆရာ မိုးခကျော်သွင်က တင်ပြ ပုံနဲ့ဖမ်းစားလိုက်တယ်။ ဖြိုးဝေဆိုတဲ့Gay လေးကို မြင်ကြတဲ့ အတိုင်း စရိုက်ဖော်ရေးပြသွားတယ်။ ညီဖြစ်သူ…
Review by Aye Su Naing
စာဖတ်ခြင်းဆိုတာ social media, tiktok သုံးသလို ချက်ခြင်း လက်ငင်း ပျော်ရွှင်မှု ရစေတဲ့ အရာ မဟုတ်ပါဘူး။ ဒီအကြောင်းအရာကို ကျွန်မ စာကြည့်တိုက်မှုး စဖြစ်ကတည်းက ရင်းနှီးပြီးသားပါ။ စာကြည်တိုက် တစ်ခု အောင်မြင်တယ် မအောင်မြင်ဘူး…
Review by thura htun
ပထမဦးစွာအနေနဲ့ပြောချင်တာကတော့ ဒီစာအုပ်ကလူတိုင်းမဖြစ်မနေဖတ်ကိုဖတ်သင့်တယ့်စာအုပ်ပါ ဥပဒေဆိုတဲ့အရာက လူတိုင်းနဲ့ကိုသက်ဆိုင်တယ်ဆိုတဲ့အကြောင်းကို ဆရာကလည်းဒီစာအုပ်လေးထဲမှာဖော်ပြထားပါတယ် ကျနော်လည်းဒီစာအုပ်လေးကိုလက်တွေ့ဖတ်ကြည့်ပြီးမှကိုအားလုံးသက်ဆိုင်ကြောင်းကိုသိခွင့်ရခဲ့တာပါ နောက်တခုက ကျနော်တို့စာဖတ်သူတယောက်အနေနဲ့ပြောရရင် ဒီစာအုပ်က လုံးဝမပျင်းရဘူးဗျ အထဲကပါဝင်ဥပမာပေးတင်ပြပုံတွေက တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ် စာရေးသူရဲ့တင်ပြပုံ ကလည်းအင်မတန်မှကိုရှင်းလင်းပါတယ် ဒါကြောင့်ပဲ ဒီစာအုပ်ကလေးကိုအားလုံးလည်းဖတ်ကြည့်ကြဖို့ကို တိုက်တွန်းပေးလိုက်ပါရစေခမျ
Review by Zar Ga Nar
အချစ်ဝတ္ထုလား၊ဟင့်အင်း။ လျို့ဝှက်သည်းဖိုလား။နိုး။ အံဖွယ်ဆန်းကြယ်လား။မဟုတ်ပြန်ပါဘူး။ လွန်ခဲ့တဲ့ ၂၃နှစ်တုန်းက ဆုံးပါးခဲ့တဲ့ သားလေးကိုအသက်ပြန်သွင်းတာ။ ဆရာမ ခေတ်ရှေးညိုရဲ့သမုဒယအလွန်။ စာအုပ်အသစ်ကိုဖတ်ရပါတယ်။ ဆရာမခေတ်ရှေးညိုဟာတော်တော်တော့ကြောက်စရာကောင်းနေပါပြီ။ သူ့ဝတ္ထုတွေဟာ တစ်အုပ်နဲ့တစ်အုပ် အရသာမတူကြပါဘူး။ ၁၃ထပ်တုန်းက တမျိုး နရသူမှာတမျိုး အခုတမျိုး။ ခန့်မှန်းရခက်တဲ့ ပဟေဠိဆန်သော…
![]() | ![]() | ![]() |