Taraxacum
Review by Poño
မြကျွန်းညိုမှာကတည်းက မမဆီးနှင်းကို ကြိုက်လာတာ အခုဒီစာအုပ်ကို ပိုတောင်ကြိုက်သွားပြီ ချစ်ရသူကို ဝန်ခံရတဲ့ကောင်လေးနဲ့ငတုံးလေးကိုလည်း သဘောကျတယ်
Review by Poño
မြကျွန်းညိုမှာကတည်းက မမဆီးနှင်းကို ကြိုက်လာတာ အခုဒီစာအုပ်ကို ပိုတောင်ကြိုက်သွားပြီ ချစ်ရသူကို ဝန်ခံရတဲ့ကောင်လေးနဲ့ငတုံးလေးကိုလည်း သဘောကျတယ်
Review by Ju Nior
အစပိုင်းမှာတော့ အဲ့လောက်သိပ်ပြီးကြောက်ဖို့မကောင်းဘူး။ နောက်ဆုံးပြီးခံနီး အပိုင်းတွေမှာ ကြက်သီးတွေတောင်ထပါတယ်။ ဆရာရဲမြတ်တေဇ ရဲ့ရေးသားပုံလဲကျွန်တော် အလွန်နှစ်သက်သဘောကျမိပါတယ်။ ဒီစာအုပ်က ဆရာဝန်တစ်ယောက်ရဲ့ဖြစ်ရပ်မှန် အခြေခံစာအုပ်တစ်အုပ်ပါ။ ညမဖတ်ရ လို့ရေးထားပေမဲ့ ညမှဖတ်တာတော့ တော်တော်အရသာရှိပါတယ်။ ဒီစာအုပ်အပြင် အခြား ဆရာ့စာအုပ်တွေကိုလဲထပ်မံ ဖတ်ရှုရန် တိုက်တွန်းအပ်ပါတယ်ဗျာ။…
Review by Hnin
တကယ်ကိုကောင်းတဲ့စာအုပ်လေးတစ်အုပ်ပါရှင် ဖတ်ရင်းဖတ်ရင်းနဲ့လက်ကလွှတ်မချချင်လောက်အောင် စိတ်ဝင်စားမှုအပြည့်ရှိခဲ့ပါတယ်။ ကိုယ်မသိခဲ့တဲ့ မြန်မာ့ရက်ကန်းအကြောင်းကိုသေချာလေးသိခဲ့ရတယ် လွမ်းမောဖွယ်ကောင်းတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ဆရာမဂျူးရဲ့လက်ရာတွေကတော့ တကယ့်ကိုအဖိုးမဖြတ်နိုင်အောင်ပါပဲ တစ်ပုဒ်ဆိုသလောက် ထိထိမိမိကိုရေးပြသွားတယ်။ တွေးစရာတွေလည်းများခဲ့တယ် ဆရာမကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်
Review by Kyaw Thu
“မေတ္တာနဲ့ အရင်းခံ တည်ဆောက်ထားတဲ့ ဒီလူ့ဘောင်မှာ ချစ်ခြင်းသဒ္ဓါနဲ့ ကရုဏာဗြဟ္မစိုရ်တရားဟာ စိတ်နာသူတွေ အထင်မှားသလောက် မခေါင်းပါးပါဘူး” ~pg.267,မိုးညအိပ်မက်မြူ မိုးအေးအေးမှာ သည်းထိတ်ရင်ဖိုဝတ္ထုတွေ တစ္ဆေသရဲဝတ္ထုတွေ ဖတ်ရတာဇိမ်တစ်မျိုးလို့ ဖတ်ခဲ့ဖူးတယ်။ တစ္ဆေသရဲမဟုတ်ဘဲ စိတ်ပညာအခြေပြုထားတဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ မိုးညအိပ်မက်မြူ စာအုပ်လေးကိုလည်း…
Review by Shanti
မထင်မှတ်ပဲဝယ်မိရာက အကြိုက်ဆုံးစာအုပ်တစ်အုပ်ဖြစ်သွားတာ၊ အခြားစာအုပ်ဝယ်ရင်း ဒါလဲဖတ်ကြည့်မယ်ဆိုပြီး စမ်းဝယ်ကြည့်ရင်း ဘာသာပြန်ဆရာကော မူရင်းရေးသားသူပါကြိုက်သွားတယ်။ဘာသာပြန်စာအုပ်ကြိုက်တဲ့သူဆိုတော့ တော်တော်ဇီဇာကြောင်တယ်။ မူရင်းကနာမည်ကြီးနေရင်တောင် ဘာသာပြန်မကောင်းရင် တော်တော်စိတ်ညစ်ရလို့ သူများကောင်းတယ်ဆိုတောင် တန်းမဝယ်ဘူး စာမြည်းတွေလျှောက်ဖတ်သေးတာ။ မူရင်းလဲကောင်းသလို ဘာသာပြန်ဆရာချမ်းေမြ့ဝင်းရဲ့ ရှင်းလင်းပြေပြစ်ထိမိတဲ့အရေးသားတွေကြောင့် ဘာသာပြန်လို့တောင်မခံစားပဲ မူရင်းစာရေးသူနဲ့တသားတည်းခံစားရတယ်
Review by Hnit San Akari
100%reviewပေးပါတယ် ဝတ္ထုတွေဖတ်လာတာတော်"လေးများနေပါပြီအရင်တုန်းကဖတ်တဲ့ဝတ္ထုတွေကနာမည်ကျော်ဝတ္ထုပေမဲ့အများပြောနေကြမို့သိပ်စိတ်ထဲမရောက်ခဲ့ပါဘူး ခုဒီတိမ်ပြိုပင်လယ်ဝတ္ထုကတော့ကျွန်မဝတ္ထုဖတ်ပြီးလို့သိပ်စိတ်ထဲမရောက်တဲ့အမြင်ကိုဝတ္ထုဖတ်ပြီးတဲ့ ဒီညအတွင်းပြောင်းပေးလိုက်တာပါပဲ ဒီဘက်ခေတ်ဝတ္ထုတွေထဲမှာဆိုတော်"များ"ကအချစ်အကြောင်းလောက်ပဲရေးကြပေမဲ့ ခုဝတ္ထုကတော့ကျန်းမာရေး၊လူမှုရေး၊ပညာရေးရှုထောင့်ေတွသာမက အိမ်ထောင်ရေးအမြင်တွေကိုပါ တစ်နေရာထဲစုမြင်နိုင်တဲ့ဝတ္ထုတစ်အုပ်လို့မြင်ပါတယ် ဝတ္ထုအစမှာတော့အခြားဝတ္ထုတွေလိုသာမန်အရေးအသားတွေပါပဲ ဒါမဲ့ဝတ္ထုကတစ်ဝက်လောက်ရောက်ချိန်မှာတော့မထင်မှတ်ထားတဲ့ဇာတ်ကွက်တွေအများကြီးထွက်လာတာပါပဲ "ဟယ် ဘယ်လိုတုန်း"ဆိုပြီး နှစ်ကျော့လောက်ပြန်နားလည်အောင်ဖတ်ရပါတယ် ဇာတ်လမ်းအလည်လောက်မှဇာတ်ရည်လည်လာပြီးကြိုးထုံးတစ်ခုဖြေမရလို့ ဖြစ်နေချိန်မှာအစရှာတွေ့လို့ကြိုးတွေတစ်စီတစ်တန်းကြီးထွက်လာသလိုပါပဲ ညိုရဲ့ထက်မြတ်တဲ့အိမ်ထောင်သည်မိန်းမတစ်ယောက်ရဲ့ပုံစံ၊ မောင်ရဲ့ဦးဆောင်ချင်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့အငုံစိတ်၊မင်းချမ်းရှိန်ကညို့အပေါ်ထားတဲ့အချစ်တွေဟာတကယ်ကိုပဲမိုက်လှပါတယ် ဇာတ်လမ်းထဲပါတဲ့ဇာတ်ကောင်တွေအကုန်ကတော့အမှားနဲ့မကင်းကြသလိုဘယ်သူမှလည်းမှန်နေတယ်မရှိပါဘူး ညို၊မောင်နှင့်မင်းချမ်းရှိန်တို့လည်းအမှားနဲ့မကင်းကြသလို…
Review by Aeri Myat
"တစ်ဦးစေတနာ တစ်ဦးမေတ္တာ ဆိုတာဟာလည်း ပေးတဲ့လူနဲ့ လက်ခံတဲ့သူ... သာတူညီမျှ မေတ္တာစိတ်ရင်း ကိန်းအောင်းနိုင်မှသာလျှင် တန်ပြန်သက်ရောက်ခြင်းမျိုး ဖြစ်နိုင်ပေလိမ့်မည်" ဖတ်ပြီးသွားတဲ့အချိန် "We are family" ငါတို့က မိသားစုတွေပဲ ဆိုတဲ့ စကားလုံးက စိတ်ထဲမှာ စွဲကျန်နေခဲ့တယ်။…
Review by Aeri Myat
လိုတရ ✨️🖤 ဒီစာအုပ်လေးက ကျွန်မတို့ လိုချင်တာတွေ ချက်ချင်းရအောင် ဖန်တီးပေးနိုင်မယ့် နည်းလမ်းတွေ ရေးထားတဲ့ စာအုပ်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်မှာ ထားသင့်ထားအပ်တဲ့၊ ရှိသင့်တဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်တာလေးတွေကို ပြောပြပေးထားတာမို့ Abundance ဆိုတဲ့…
Review by Aeri Myat
ကလေး မရနိုင်တဲ့ နိုရီအို နဲ့ ယုကီ ကြောင်ကလေးတစ်ကောင်နဲ့ သုံးရက်တာအတူ နေကြည့်ဖို့ ကြိုးစားတယ်။ အထီးကျန်နေတဲ့ သူတို့ဘဝထဲ ကြောင်ကလေးရဲ့ သက်ဝင်လှုပ်ရှားမှုကြောင့် အနည်းငယ် ဗရုတ်သုတ်ခနိုင်ကောင်း နိုင်လိမ့်မယ်။ ဒါပေမယ့် လူသားဆန်တယ်လို့ ဆိုရမလား။ကြောင်ကလေးကြောင့် အရယ်အမောလေးတွေ…
Review by Aeri Myat
ဒီစာအုပ် ဖတ်ပြီးသွားတဲ့အချိန် လူတွေရဲ့ ဒေါသစိတ်က သိပ်ကိုကြောက်စရာကောင်းတာပဲ ဆိုတဲ့အတွေး ပထမဆုံးတွေးမိတယ်။ မထင်မှတ်ထားတဲ့ တရားခံအစစ် ပေါ်လာတဲ့ အချိန်၊ အခင်းနေရာကို နောက်တစ်ခါ ပြန်လာတဲ့အချိန် ပြောသွားတဲ့၊ပြုမူသွားတဲ့ နာကျည်းမှုအပြည့်နဲ့ လုပ်ရပ်က ကြက်သီးထဖွယ်ပါပဲ။ "မကောင်းဆိုးဝါးတွေ၊ သရဲတစ္ဆေတွေဆိုတာ…
![]() | ![]() | ![]() |