ကလေး မရနိုင်တဲ့ နိုရီအို နဲ့ ယုကီ
ကြောင်ကလေးတစ်ကောင်နဲ့ သုံးရက်တာအတူ နေကြည့်ဖို့ ကြိုးစားတယ်။
အထီးကျန်နေတဲ့ သူတို့ဘဝထဲ
ကြောင်ကလေးရဲ့ သက်ဝင်လှုပ်ရှားမှုကြောင့် အနည်းငယ် ဗရုတ်သုတ်ခနိုင်ကောင်း နိုင်လိမ့်မယ်။
ဒါပေမယ့် လူသားဆန်တယ်လို့ ဆိုရမလား။ကြောင်ကလေးကြောင့်
အရယ်အမောလေးတွေ ခံစားရတယ်။
ဒါကပဲ ဘဝဆိုပြီး ခံစားမိသွားတာ
လေးပေါ့။
🐈‍⬛ခရီးသည်ထိုင်ခုံပေါ်က ကြောင်
လူတစ်ယောက်ဟာ ဘဝမှာ
နောက်ဆုံးအချိန်လို့ တွေးမိခဲ့ရင် ဘာဖြစ်ဖြစ် မိုက်ရူးရဲဆန်နိုင်သွားတယ်လို့ ထင်မြင်မိတယ်။
နေရဖို့ သိပ်မကျန်တော့တဲ့အချိန်တွေမှာ ကုမ္မဏီရဲ့ ငွေကြေးပိုင်းမှာ အလွဲသုံးစားလုပ်၊ ကားအကောင်းစားကို ငှား၊
ဆောရိုးဆိုတဲ့ ကြောင်နက်ကြီးကို ငှားရမ်း အဖော်ပြုပြီး ခရီးထွက်လာတဲ့ တေးကို....။
သူမဘဝထဲ ကြုံတွေ့ရတဲ့ မကောင်းတဲ့အကြောင်းအရာ တော်တော်များများကိုလည်း ဆောရိုးကို ရင်ဖွင့်ပြောပြနေကြ...။ဆောရိုးက ဘာမှပြန်မပြောပေမယ့် ဘေးမှာရှိနေတာနဲ့တင် နှစ်သိမ့်ပေးနိုင်တဲ့ ဖြစ်တည်မှုမျိုးရယ်ပေါ့။
🐈‍⬛အမြီးမဲ့ ကြောင်
ကိုဂျီနဲ့ မန့်ကြောင်....။
ဒီအပုဒ်လေးက စိတ်ပိုင်းဆိုင်ရာနဲ့ဆိုင်တဲ့အပုဒ်လေး ဖတ်ရတာ သဘောကျစရာကောင်းတယ်။ကျောင်းသားကလေး
"ကိုဂျီ"က အမြီးမဲ့ကြောင်ကလေးတစ်ကောင်ကို သုံးရက်တာ ငှားရမ်းမွေးမြူတယ်။ သူ့အဖေက သူ့ကိုလိမ်မာပြီးတော်စေချင်တာ ပြီးတော့ ဘယ်သူကမှ အနိုင်ကျင့်တာ မခံရအောင် သားကို တအားဂရုစိုက်တယ်။
မထင်မှတ်ထားတာက "ကိုဂျီ"ဟာ ကျောင်းတွင်း အကြမ်းဖက်မှူမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်နေတာပါပဲ။
သူ့မူရင်းစိတ် မဟုတ်ဘဲ ဟန်ဆောင်နေရတာကို ကြောင်ကလေး *ကိုဂျီ* အမည်
မှည့် နဲ့ မြင်သာအောင် ယှဥ်ရေးသွားတာလေး တကယ် သဘောကျမိတယ်။
🐈‍⬛မည်သို့ ဟန်ဆောင်ရမည်ကို
သိသော ကြောင်
ဒါက ကြည်နူးစရာအပုဒ်လေး။
ကြောင်ချစ်တဲ့ ဘွားဘွား၊ သူငယ်ပြန်ရောဂါကို ခံစားနေရတဲ့ ဘွားဘွားအတွက် စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးကြတဲ့ အကြောင်းလေးပေါ့။
ကြောင်ကလေးကအစ ဝင်သရုပ်ဆောင်နေသယောင် အဘွားအလိုကျ နေပေးတာလေးက ချစ်စရာပေါ့ရှင်။
🐈‍⬛ ခရီးသွားသော ကြောင်
"တက်ဘီ"
ဒါလေးကကျ ကြောင်ကလေးဘက်ကနေ လှည့်ရေးထားတာလေးမို့ ဖတ်ရတာ ထိမိနေတာလေးပေါ့။
အမေအသစ်ကို လက်မခံနိုင်လို့ အိမ်ကနေ ထွက်ပြေးလာတဲ့ ကလေးနှစ်ယောက်ကို အဖော်ပြုပေးရင်း ကာကွယ်ပေး၊ လမ်းပြကူညီပေးတဲ့ အမေရိကန်ရှော့ဟဲ ကြောင်ကလေး "တက်ဘီ" တကယ် ချစ်စရာလေး။ဖတ်ရင်း အများကြီး
သဘောကျရပြန်တယ်🥰
🐈‍⬛မည်သူမှ မနှစ်သက်သောကြောင်
မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ ခံစားချက်၊စိတ်ဒဏ်ရာကြောင့် ကြောင်လေးတွေ အမွေးမခံတဲ့ တိုက်ပိုင်ရှင်အဖိုး။သဘောမကောင်းတဲ့ပုံရတဲ့ ဆိုးပေပေ
ကြောင်ကြီးကို ငှားရမ်းပြီး လှောင်အိမ်ထဲထည့်၊ လက်ကဆွဲပြီး တစ်ခန်းဝင် တစ်ခန်းထွက် ကြောင်ကလေးတွေ မွေးထား
မထား လိုက်စစ်တတ်တာရယ်ပေါ့။
ကြောင်မွေးချင်တဲ့ စုံတွဲတစ်တွဲနဲ့ အဖိုးအိုကြားမှာ ဖြစ်ပျက်ကြုံဆုံရပုံတွေ ဖတ်ရင်း အဖိုးအိုကို စာနာသနားမိရတယ်။
🐈‍⬛အိမ်မက်တွေ အကောင်အထည်
ဖော်ပေးသော ကြောင်
လူတွေ၊အိမ်တွေ၊နေရာတွေဆိုတာ အမြဲအတည်တကျ မရှိနိုင်ပေမယ့် အမှတ်တရတွေကတော့ ကျန်နေခဲ့နိုင်တယ်။မိသားစုဆိုတာလည်း ဒီလိုပဲ ဘယ်လိုအခြေအနေမှာမဆို အေးအတူပူအမျှ ရှိနေနိုင်ရင် ပိုကောင်းတာပေါ့နော်။
သုံးရက်တာ အငှားကြောင်ကလေးတစ်ကောင်နဲ့ အိမ်ကို စွန့်ခွာရတော့မယ့် မိသားစုတစ်ခုအကြောင်း...။
သူတို့ကြားက အဖြစ်အပျက်လေးတွေ
ဖတ်ရတာ မမြဲခြင်းဆိုတဲ့ သတိတရားတစ်ခုလည်း ဝင်မိတယ်။မိဘဆိုတာ ဘယ်အခြေအနေမှာမဆို အကောင်းဆုံးဆိုတာတွေပဲ ပေးချင်ပေမယ့် အခြေအနေမပေးတဲ့အခါမျိုးမှာတောင် သား၊သမီးအတွက်ခဏတာဖြစ်ဖြစ် ပျော်ရွှင်အောင် ဖြစ်နိုင်သလောက်
ကြိုးစားအားထုတ်ကြတယ်။
ဒီခံစားချက်လေးကို ခံစားမိတော့ နွေးထွေးသွားစေပါတယ်။
"ကြောင်တစ်ကောင်နှင့် သုံးရက်တာ"စာအုပ်လေးထဲက ဝတ္ထုတိုတစ်ပုဒ်ချင်းဆီမှာ ဘဝရဲ့အနှစ်သာရတွေ
ပြည့်ဝစွာ ပါဝင်ရောယှက်နေတယ်။
နောက်ပြီး စိတ်အတွက် အဖြေတွေကိုလည်း မြင်သာစေရင်း ခံစားချက်မျိုးစုံကို ခံစားမိစေပါတယ်။
ဘာသာပြန်စာအုပ်တွေ စဖတ်ဖို့ စိတ်ဝင်စားတဲ့သူလေးတွေဖြစ်ဖြစ် ၊ တိလေးတွေကို ချစ်တဲ့သူတွေဖြစ်ဖြစ် ဒီစာအုပ်လေး ဖတ်ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။