သမုဒယအလွန်
ခေတ်ရှေးညို
အချစ်ဝတ္ထုလား၊ဟင့်အင်း။ လျို့ဝှက်သည်းဖိုလား။နိုး။ အံဖွယ်ဆန်းကြယ်လား။မဟုတ်ပြန်ပါဘူး။ လွန်ခဲ့တဲ့ ၂၃နှစ်တုန်းက ဆုံးပါးခဲ့တဲ့ သားလေးကိုအသက်ပြန်သွင်းတာ။ ဆရာမ ခေတ်ရှေးညိုရဲ့သမုဒယအလွန်။ စာအုပ်အသစ်ကိုဖတ်ရပါတယ်။ ဆရာမခေတ်ရှေးညိုဟာတော်တော်တော့ကြောက်စရာကောင်းနေပါပြီ။ သူ့ဝတ္ထုတွေဟာ တစ်အုပ်နဲ့တစ်အုပ် အရသာမတူကြပါဘူး။ ၁၃ထပ်တုန်းက တမျိုး နရသူမှာတမျိုး အခုတမျိုး။ ခန့်မှန်းရခက်တဲ့ ပဟေဠိဆန်သော…







