🔸‎ဒဏ္ဍရီဆန်ဆန်ကြီးလည်း မဟုတ်၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းမျိုးကြီးလည်း မဟုတ်ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် စာမျက်နှာတွေ တဖြည်းဖြည်းကျော်လာတာနဲ့အမျှ “ဟာ… ဒီကိစ္စက ဘာဖြစ်နေတာလဲ” ဆိုတဲ့ မေးခွန်းတွေ တစ်ခုပြီးတစ်ခု ထွက်လာပြီး ဖတ်ရတာ ပိုပိုစိတ်ဝင်စားလာတယ်။
‎
🔸‎ဇာတ်လမ်းထဲမှာ ညီညီလင်းထက်နဲ့ ပိုးကလင်မယား။ သူတို့နှစ်ယောက် ကျွန်းတစ်ကျွန်းကို ရောက်သွားတဲ့အချိန်ကစပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေ တဖြည်းဖြည်းစလာတယ်။ အဲဒီထဲမှာ အသက် ၇ နှစ်အရွယ် ဒယ်နီရယ် ဆိုတဲ့ကလေးက ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်။ ထူးခြားတာက ဒယ်နီရယ် ကို ပိုး တစ်ယောက်တည်းကပဲ မြင်နေရတာမျိုး။
‎
‎အဲ့ဒီကနေစပြီး စိတ်ထဲမေးခွန်းတွေတန်းစီလာတယ်..
‎
🔸‎ဒယ်နီရယ် က လူသားလား… ဝိညာဉ်လား။
‎ဂျက်ဆင် နဲ့ မမြသန်း တို့က ဒယ်နီရယ် နဲ့ ဘယ်လိုပတ်သက်နေတာလဲ။
‎ဒီကျွန်းပေါ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။
‎ပြီးတော့ ပိုး တို့လိုပဲ ဒီကျွန်းပေါ်မှာ နေထိုင်နေတဲ့ ဦးသက်ပိုင်ကျော်စိုးနဲ့ ဒေါ်ကလျာရို့စ် ဆိုတဲ့ လင်မယားနှစ်ယောက်က ဘာကြောင့် ၂၃ နှစ်ကြာကတည်းက သေဆုံးသွားခဲ့တဲ့ ဝိညာဉ်တစ်ခု အသက်ပြန်ဝင်လာဖို့ကို စောင့်မျှော်နေကြတာလဲဆိုတာကလည်း ဇာတ်လမ်းကို ပိုပြီးဆွဲခေါ်သွားတယ်။
‎
‎အထူးသဖြင့် စိတ်ဝင်စားစရာအကောင်းဆုံး မေးခွန်းတစ်ခုကတော့—
‎
🔸‎လက်ရှိ ပိုး ရဲ့ခင်ပွန်းဖြစ်နေတဲ့ ညီညီလင်းထက် ဆိုတာ… တကယ်တော့ ဒယ်နီရယ် များလား။
‎
‎ဒီလိုမေးခွန်းတွေကို စာရေးသူက တစ်ခါတည်းအဖြေချမပေးဘဲ ဇာတ်လမ်းထဲမှာ တဖြည်းဖြည်းချင်း ချိတ်ဆက်ပေးသွားတာကြောင့် ဖတ်နေတဲ့သူအနေနဲ့လည်း ကိုယ့်ဘာသာကိုယ် အဖြေထုတ်ကြည့်ရင်း စာအုပ်ထဲ ပိုဝင်သွားမိတယ်။
‎
‎ဒါပေမယ့် ဒီစာအုပ်ရဲ့ စိတ်ဝင်စားစရာက ထူးဆန်းတဲ့အရာတွေချည်းပဲ မဟုတ်ဘူး။
‎
‎ညီညီလင်းထက် နဲ့ ပိုး တို့နှစ်ယောက်ရဲ့ ချစ်ခြင်းကလည်း ဇာတ်လမ်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု။
‎
🧡‎တစ်ယောက်ကို ကယ်တင်ဖို့အတွက် နောက်တစ်ယောက်က ကိုယ့်ကိုယ်ကို နောက်ဆုတ်ပေးရတာ၊ တစ်ယောက်အတွက် တစ်ယောက်က ပျောက်ကွယ်ပေးဖို့အထိ ဆုံးဖြတ်ရတာတွေက ဒီဇာတ်လမ်းကို ရိုးရိုးသားသား စိတ်ဝင်စားဖို့ကောင်းတဲ့ mystery တစ်ခုထက် ပိုသွားစေတယ်။
‎
🧡‎တစ်ခါတလေ ချစ်ခြင်းဆိုတာ အတူရှိနေရုံနဲ့ ပြီးတာမဟုတ်ဘူး။ ကိုယ်ချစ်တဲ့သူအတွက် ကိုယ့်ရဲ့ရှိနေခြင်းကိုတောင် စွန့်လွှတ်ရတဲ့အချိန်တွေ ရှိတတ်တယ် ဆိုတဲ့အရသာမျိုးကို ဒီစာအုပ်ထဲမှာ ခံစားရတယ်။
‎
📖‎“သမုဒယအလွန်” ကို ဖတ်ပြီးတဲ့အခါ
‎
‎ဒဏ္ဍရီမဟုတ်ဘူး။
‎လျှို့ဝှက်ဆန်းကြယ်ဝတ္ထုလို့လည်း တိတိကျကျ ပြောလို့မရဘူး။
‎
‎ဒါပေမယ့်—
‎
‎“ဒီလူက ဘယ်သူလဲ…”
‎“ဒီအဖြစ်အပျက်က ဘာကြောင့်လဲ…”
‎“နောက်ဆုံးမှာ ဘာဖြစ်မှာလဲ…”
‎
‎ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ခေါင်းထဲ ထည့်ပေးပြီး စာအုပ်ပြီးတဲ့အထိ လိုက်ဖတ်စေတဲ့ ဇာတ်လမ်းမျိုး။
‎
‎
📖‎“သမုဒယအလွန်” ကတော့ အဲ့ဒီလို စဉ်းစားစရာလေးတွေ ချန်ထားခဲ့တဲ့ စာအုပ်တစ်အုပ်ပါ။ 🖤📖