အချစ်ဝတ္ထုလား၊ဟင့်အင်း။
လျို့ဝှက်သည်းဖိုလား။နိုး။
အံဖွယ်ဆန်းကြယ်လား။မဟုတ်ပြန်ပါဘူး။
လွန်ခဲ့တဲ့ ၂၃နှစ်တုန်းက ဆုံးပါးခဲ့တဲ့ သားလေးကိုအသက်ပြန်သွင်းတာ။
ဆရာမ ခေတ်ရှေးညိုရဲ့သမုဒယအလွန်။
စာအုပ်အသစ်ကိုဖတ်ရပါတယ်။
ဆရာမခေတ်ရှေးညိုဟာတော်တော်တော့ကြောက်စရာကောင်းနေပါပြီ။
သူ့ဝတ္ထုတွေဟာ တစ်အုပ်နဲ့တစ်အုပ် အရသာမတူကြပါဘူး။
၁၃ထပ်တုန်းက တမျိုး
နရသူမှာတမျိုး
အခုတမျိုး။
ခန့်မှန်းရခက်တဲ့ ပဟေဠိဆန်သော ဆရာမခေတ်ရှေးညိုပဲ။
ပင်လယ်ကမ်းနားရောက်လာတဲ့ ညီညီလင်းထက်နဲ့ပိုး။
ထူးတာက သူတို့နားကအိမ်တလုံး။
ဒေါ်ကလျာရို့စ်နဲ့ဦးသက်ပိုင်ကျော်စိုးတို့နေတာ။
ဒီအဖိုးကြီးအဖွားကြီးတွေက ထူးတယ်။အိမ်ထဲမှာ နေကာမျက်မှန်ကြီးနဲ့။
ပိုးနဲ့စကားပြောဖြစ်နေတာ ၇နှစ်သား ဒင်နီယာယ်။
ပြီးတော့မမြသန်း၊ပြီးတော့ ဂျက်ဆင်။
သူတို့ကလူတွေလား၊ဝိဥာဥ်တွေလား။
ဒေါ်ကလျာရို့စ်ရဲ့အိမ်ထဲမှာ လွန်ခဲ့တဲ့ ၂၃နှစ်တုန်းက ဆုံးပါးသွားတဲ့
ဒင်နီယာယ်ရဲ့ဓါတ်ပုံကိုတွေ့လိုက်ရတဲ့အခါ။
ဒင်နီယာယ်နာမယ်က ညီညီလင်းထက်လို့သိလိုက်ရတဲ့အခါ။
ဟုတ်ဟုတ်မဟုတ်ဟုတ်၊စာအုပ်ဆုံးတဲ့အထိ ဆွဲခေါ်သွားတာအမှန်။
နည်းနည်းတော့ရုပ်ရှင်ဆန်နေတယ်။
တကယ်လို့များနောက်တကြိမ်ထုတ်မယ်ဆိုရင် စာ အကျအပေါက်လေးတွေပြန်စစ်ပေးစေချင်ပါတယ်။
ဥပမာ၊စာမျက်နှာ၄၊စာကြောင်းရေ ၂၀ ဆို အိပ်မက်ထဲနေထမယ် ဆိုတာဘာမှန်းမသိပါ။
အဲ့ဒီလို စာအကျ တွေ နည်းနည်းများပါတယ်။
ဆရာမရဲ့ဇာတ်သိမ်းကတော့ စပိန်ရုပ်ရှင်ဆန်ပြန်တယ်။
မှန်ပါတယ်လေ။
လူ့ဘဝဆိုတာက ဖော်မြူလာနဲ့တည်ဆောက်လို့မှမရတာ။