ဒီစာအုပ် ဖတ်ပြီးသွားတဲ့အချိန်
လူတွေရဲ့ ဒေါသစိတ်က သိပ်ကိုကြောက်စရာကောင်းတာပဲ ဆိုတဲ့အတွေး ပထမဆုံးတွေးမိတယ်။
မထင်မှတ်ထားတဲ့ တရားခံအစစ် ပေါ်လာတဲ့ အချိန်၊ အခင်းနေရာကို နောက်တစ်ခါ ပြန်လာတဲ့အချိန် ပြောသွားတဲ့၊ပြုမူသွားတဲ့ နာကျည်းမှုအပြည့်နဲ့ လုပ်ရပ်က
ကြက်သီးထဖွယ်ပါပဲ။
"မကောင်းဆိုးဝါးတွေ၊ သရဲတစ္ဆေတွေဆိုတာ တကယ်ရှိကြတယ်။သူတို့က ငါတို့လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှင်သန် နေထိုင်နေကြတာ။ပြီးတော့... တစ်ခါတလေကျရင် သူတို့က အနိုင်ရသွားတတ်ကြတယ်။" [Stephen King]
ဇာတ်လမ်းအစကနေ အဆုံးထိကို
သိချင်မှုတွေအပြည့်နဲ့ ဖတ်ခဲ့ရတယ်။
ကလေးတွေအပေါ် ထားတဲ့ ဆရာမလေးရဲ့ စေတနာတွေ၊တွေးတဲ့ အတွေးတွေကလည်း သဘောကျစရာ၊အတုယူစရာကောင်းတယ်။
သွေးအိုင်ထဲမှာ... ဆိုတဲ့ စာအုပ်ခေါင်းစဥ်လေးရဲ့ နောက်မှာ လူအမျိုးမျိုး အကြောင်းကို ထိတွေ့ဖတ်ရှုခွင့်ရတယ်။
သင်ခန်းစာတွေ ရတယ်။နာကျင်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေ ပါသလို ထင်မထားတဲ့အကြောင်းအရာတွေလည်း ပါပြန်တယ်။ဒီလို စာအုပ်အမျိုးအစားမျိုးက သိပ်မဖတ်ဖူးတဲ့ထဲမှာပါတယ်။မမသု ပင်ကိုယ်ရေးလက်ရာက သေသပ်ပီပြင်တာမို့ ဖတ်ရတာ အားရစရာကောင်းတယ်။သိချင်စိတ်ကြောင့်တစ်ထိုင်တည်း ဖတ်ဖြစ်သွားတာပဲ။
အရမ်းမိုက်တဲ့ စာအုပ်လေး ဖတ်ခွင့်ရလို့လည်း ကျေနပ်မိပါတယ်။ကျေးဇူးတင်ပါတယ် မမသုရေ စာအုပ်ကောင်းတွေ ဆက်လက်ရေးသားနိုင်ပါစေ🥰🩷