"တစ်ဦးစေတနာ တစ်ဦးမေတ္တာ ဆိုတာဟာလည်း ပေးတဲ့လူနဲ့ လက်ခံတဲ့သူ...
သာတူညီမျှ မေတ္တာစိတ်ရင်း ကိန်းအောင်းနိုင်မှသာလျှင် တန်ပြန်သက်ရောက်ခြင်းမျိုး ဖြစ်နိုင်ပေလိမ့်မည်"
ဖတ်ပြီးသွားတဲ့အချိန် "We are family"
ငါတို့က မိသားစုတွေပဲ ဆိုတဲ့ စကားလုံးက စိတ်ထဲမှာ စွဲကျန်နေခဲ့တယ်။
ဆယ်ကျော်သက်အရွယ် ကေနဲ့ အတူတူ
သူဌေးရဲ့ မေတ္တာတရားကိုလည်း လိုက်ပါခံစားမိတယ်။
အဘွားရဲ့ ဂျီကျမှု၊အလိုမကျမှု၊အထီးကျန်မှုတွေကိုလည်း ဆယ်ကျော်သက်အရွယ် ကေက ပင်ပန်းဒဏ်တွေကြားက ကြိုးစားပြီး ဖြေရှင်းရှာတယ်။
ထိုင်းနိုင်ငံမှသည် မလေးရှား၊ မလေးရှားမှသည် အမေရိကအထိ သွားဖို့ ကေတစ်ယောက်ကို အဘယ်သို့သော ကြိုးကချည်နှောင်ထားလေသလဲ...။
သူဌေးနဲ့(သူဌေးအမေ)အဘွားတို့ကတော့ ကေ့အတွက် အပြန်အလှန် စီးဆင်းတဲ့ မေတ္တာရေကြည်ရေပေါက်ကလေးတွေပါပဲ🤍
သွေးမတော်သားမစပ်ပေမယ့် လေးစားချစ်ခင်စရာ ကောင်းတဲ့ နှောင်ကြိုးကလေးကိုလည်း ကေတစ်ယောက်အတွက်တင်မက စာဖတ်သူရဲ့ နှလုံးသားထဲမှာပါ ချည်သွားခဲ့လေရဲ့...။
#ဟေသာ
#နှောင်ကြိုးများဖြင့်ချည်ပါသော်လည်း
#ရွှေခွန်းချိုစာပေ
#July2025
#reviewbyaerimyat