မိဘမေတ္တာ မဂ္ဂဇင်း(၁)
Review by စိုးဘားဒိုင်
ငဝန်အနုပညာရပ်ဝန်းမှ စီစဥ်ထုတ်ဝေလိုက်တဲ့ မိဘမေတ္တာမဂ္ဂဇင်း၊အမှတ်-၁ ထွက်လာပါတယ်။ တစ်နှစ်ကို တစ်ကြိမ်ထုတ်ဝေနိုင်အောင် ကြိုးပမ်းသွားမယ်လို့ စီစဥ်သူတွေက ပြောထားပါတယ်။ အမှတ် ၁ မဂ္ဂဇင်းကတော့ မိဘမေတ္တာနဲ့ပတ်သက်လို့ ရေးသားဖွဲ့ဆိုခဲ့ကြတာတွေကို ရှာဖွေစုစည်းဖော်ပြထားတာတွေ့ရတယ်။ ကဗျာကဏ္ဍကို ကဗျာဆရာမောင်နွေထက် ရှာဖွေစုဆောင်းတင်ဆက်သည်လို့ဖော်ပြထားတယ်။ ရှင်မဟာရဋ္ဌသာရ၊ ခင်ကြီးဖျော်၊…




