မိုမိုစုကို လုံးချင်းဝတ္ထုလေးတွေ ရေးစေချင်ပေ
မယ့် ဆေးခန်းတစ်ဖက်နဲ့ အချိန်မပေးနိုင်လို့လားမသိ၊လုံးချင်းတွေ ထွက်မလာဘဲ ရသစာစုလေးတွေပဲ
တစ်အုပ်ပြီး တစ်အုပ်ထွက်လာတယ်။
သူ့ဆေးခန်းကနေ ရနေတာလေးတွေလည်း
ဝတ္ထုတို၊အက်ဆေးလေးတွေ ဖြစ်မလာဘဲ ရသစာစု
ကလေးရေးလိုက်ပြီး ကျေနပ်သွားပုံရတယ်။သူ့ရသ
စာစုကလေးတွေကလည်း ဝတ္ထုအရေးအသားမျိုး
တွေဆိုတော့ အာသာပြေသွားတာလည်းဖြစ်ပါလိမ့်မယ်။
အခုစာအုပ်မှာလည်း ရသအတွေးလေးတွေကို
တရင်းတနှီးနဲ့ ရိုးရိုးကလေး ရေးသားထားတယ်။သူ့
စေတနာနဲ့ သူ့မေတ္တာကို တွေ့နိုင်တဲ့ စာစုကလေးတွေလို့လည်း ဆိုနိုင်တယ်။အသက် ၃၀ကျော်အရွယ်ရဲ့
ဘဝ၊အတွေ့အကြုံ၊ဖြတ်သန်းမှု၊အာရုံတူရူတာလေး
တွေကို ရင်ဖွင့်ရေးချလိုက်တဲ့ နေ့စဥ်မှတ်တမ်းလေး
တွေလိုလည်း တွေ့ရတယ်။
မိုမိုစုမှာ ဝတ္ထုအာရုံရှိလေတော့ သူ့ဆေးခန်းနဲ့
ဆက်ဆံပတ်သက်တာလေးတွေကို ဝတ္ထုအာရုံနဲ့ရသ
စာစုလေးတွေအဖြစ် ရေးသားထားတာတွေ့ရတယ်။
သူ့ငယ်ဘဝ၊ကျောင်းနေဘဝ၊ဆရာဝန်ဘဝတွေနဲ့အတူ မိဘဆွေမျိုး၊သူငယ်ချင်း၊ဆက်ဆံပေါင်းသင်းသူ၊ဆေးကုလာသူတွေနဲ့သူတို့ရင်ဖွင့်သံစတာတွေက
နေ သူမြင်တွေ့ခံစားတွေးမိတာလေးတွေကို စိတ်နှလုံးခွန်အားပေးတဲ့အနေနဲ့ ရိုးရိုးလေးနဲ့သိမ်သိမ်မွေ့မွေ့ရေးထားတယ်။
တရင်းတနှီးလေသံတွေပါသလို၊အကြံပြုချက်
လေးတွေလည်းပါတယ်။သူကတော့ဇာတ်လိုက်ပေါ့။ဘာလို့ဆို သူကသူပြောသလို လိုက်လုပ်ဖို့ အတင်းတိုက်တွန်းတာမဟုတ်ဘဲ သူလုပ်တာလေး
တွေကို မျှဝေထားတာမှာ သူ့ကိုယ်သူမဏ္ဍိုင်ပြုထား
တာကို တွေ့ရလို့ပါပဲ။
စာရေးမပျက်တာ၊စေတနာအရင်းခံတဲ့စာတွေ
ရေးဖြစ်နေတဲ့ မိုမိုစု(ဆေးတက္ကသိုလ်)တစ်ယောက်
ဆရာဝန်စာရေးဆရာမအနေနဲ့ အထိအတွေ့မပြတ်တာကိုပဲ မုဒိတာပွားရတယ်။ကျွန်တော်တို့နှမလေးကို လုံးချင်းဝတ္ထုလေးတွေလည်း ရေးဖြစ်လာပါစေလို့ စိတ်ခွန်အားပေးရင်း မျှော်လင့်လိုက်ပါတယ်။