အကြိုက်ဆုံးစာသားလေးပါ။
” Like a Lotus, no matter how deep the mud pulls me, I will rise and bloom again beautifully.”

"ကြာပန်းဟာ ရွံ့နွံထဲကနေ လှပစွာ ထိုးထွက်ဖူးပွင့်လာသလိုပဲ ဘဝရဲ့ အခက်အခဲတွေက ဘယ်လောက်ပဲ ဆွဲထားပါစေ ငါဟာလှပစွာ ပြန်လည်ရှင်သန်တောက်ပနေမှာပါ" တဲ့။

ဒီစာအုပ်လေးကို ဖတ်ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ အနှစ်သာရ တရားတော်တွေဟာ ရိပ်သာတွေ၊ စာအုပ်တွေထဲမှာ ရပ်တန့်မနေသင့်ဘဲ လူတိုင်းရဲ့ နေ့စဉ်ဘဝ၊ ရုံးခန်းထဲ၊ အိမ်ထဲ၊ ကားပေါ်မှာ လက်တွေ့ အသုံးချနိုင်တဲ့ "ဘဝနေနည်းအနုပညာတွေ" အဖြစ် ပေါက်ဖွားလာတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်တယ်ဆိုတာ အမှန်သိမြင်လာမိပါတယ်။

ဒီစာအုပ်လေးမှာ အခန်း ၆ခန်းပါဝင်ပြီး တစ်ခန်းစီကနေ လူ့ဘဝနေနည်းအနုပညာများကို သေသေချာချာ လွယ်ကူရိုးရှင်းစွာ လိုက်နာနိုင်ဖို့အတွက် လမ်းညွှန်ပေးထားတာကို တွေ့ရပါတယ်။ မိမိဖတ်လိုက်တဲ့ စာမျက်နှာတိုင်းမှာ စာဖတ်သူအတွက် တစ်မျက်နှာဆို ဆိုသလောက် အကျိုးများစေမယ့် စာအုပ်လေးပါ။

စာအုပ်ရဲ့ ကျောဘက်စာမျက်နှာမှာပါတဲ့အတိုင်း "ဘဝရဲ့ ရွံ့နွံတွေက ကိုယ့်ကို ညစ်ပတ်စေဖို့မဟုတ်ဘူး။ ကိုယ့်ရဲ့ အတွင်းစိတ်ထဲက ကြာပန်းလေးကို ပွင့်လန်းလာအောင် မြေဩဇာပေးနေတာပါ။"

ဒုက္ခတွေကို ရှောင်ပြေးတာမဟုတ်ဘဲ၊ အဲဒီ့ ဒုက္ခတွေကိုပဲ အာဟာရပြုပြီး လွတ်မြောက်တဲ့ ဘဝနေနည်းအနုပညာကို ဒီစာအုပ်က သင်ပေးမှာ ဖြစ်သလို လူငယ်လူရွယ်တွေအတွက် ခေတ်သစ်လူနေမှုဘဝရဲ့ မွန်းကျပ်မှုတွေကြားထဲမှာ စိတ်ဓာတ်မကျဘဲ အညစ်အကြေးတွေ မကပ်ငြိဘဲ ငြိမ်းချမ်းသာယာစွာ ရှင်သန်နိုင်ဖို့ လမ်းညွှန်ပေးမယ့် ဘဝလမ်းပြ ဓမ္မလက်စွဲ၊ စိတ်အားဖြည့် ဉာဏ်အားဖြည့် စာအုပ်လေးပဲ ဖြစ်ပါတယ်။

"No Mud, No Lotus.”
"ကြာပန်းလေးလို နေပါ"

ဒီစာအုပ်လေးကို ဖတ်ရှုရင်း ကျွန်မအပါအဝင် စာဖတ်သူအားလုံး မိမိတို့ရဲ့ နှလုံးသားထဲမှာ ရှိတဲ့ ကြာပန်းလေးတွေကို ရှာဖွေတွေ့ရှိပြီး အသိနှင့်ပညာ အလင်းရောင်အောက်မှာ တင့်တယ်လှပစွာ ဖူးပွင့်နိုင့်ကြပါစေရှင့်။