လိုတရ ✨️🖤

ဒီစာအုပ်လေးက ကျွန်မတို့ လိုချင်တာတွေ ချက်ချင်းရအောင် ဖန်တီးပေးနိုင်မယ့် နည်းလမ်းတွေ ရေးထားတဲ့ စာအုပ်မျိုး မဟုတ်ပါဘူး။

ဒါပေမယ့် လူတစ်ယောက်မှာ ထားသင့်ထားအပ်တဲ့၊ ရှိသင့်တဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်တာလေးတွေကို ပြောပြပေးထားတာမို့ Abundance ဆိုတဲ့ စိတ်အတွင်း ပြည့်စုံကြွယ်ဝခြင်းတွေကို မှန်မှန်ကန်ကန် လက်ခံရရှိစေနိုင်မယ့် စာအုပ်လေးပဲ ဖြစ်ပါတယ်။

ငွေကြေးနဲ့ ပတ်သက်တဲ့ စိတ်နေစိတ်ထား တွေကို ဆရာမကိုယ်တိုင်ရဲ့
အဖြစ်အပျက်တွေရယ်၊မိတ်ဆွေတွေ၊မိသားစုဝင်တွေကြားက အကြောင်းအရာလေးတွေပေါ် အခြေခံပြီး ပြောပြပေးသွားတဲ့ စာအုပ်လေးရယ်ပါ။

အဓိကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးဆက်ဆံမှုအကြောင်းလေး သိခွင့်ရတယ်။ ကိုယ်တိုင်သတိမထားမိဘဲ ငွေကြေးနဲ့ ပတ်သက်ပြီး blockဖြစ်နေတဲ့ အပိုင်းတွေကိုလည်း မြင်မိစေပါတယ်။

ငွေကြေးသုံးစွဲမှုပုံစံ "Spending Pattern" ညီမျှမှသာ Abundance Energy Flow ကို သွားနိုင်မယ့်
အကြောင်းလေးရော သိလိုက်ရတယ်။

ငွေကြေးအဝင်အထွက်ကို အသက်ရှုသွင်း၊ရှုထုတ် ဥပမာလေးနဲ့ ပြောပြပေးသွားတာလည်း သဘောကျမိပါတယ်။

နောက်ပြီး ဘဝမှာ မျှဝေပေးကမ်းတတ်ဖို့အပြင် လက်ခံရရှိခြင်းတွေကိုပါ ကောင်းမွန်စွာ လက်ခံတတ်စေဖို့ သင်ခန်းစာလေး ရလိုက်ပါတယ်။

"အချိန်တိုင်းမှာပေးပါ။လက်ခံပါ။ကျေးဇူးတင်ပါ။အကြင်နာတရားနဲ့ ပြန်ပေးပါ။ အကောင်းမြင်စိတ်နဲ့ ပေးခြင်း၊ချစ်ခြင်း၊ကြင်နာခြင်းဟာ ဘဝကို ပြောင်းလဲစေပြီး လိုတရစေပါလိမ့်မယ်။"🖤

"ချစ်ဖို့ကိုလည်း မကြောက်ပါနဲ့။
အချစ်ခံရဖို့ကိုလည်း မကြောက်ပါနဲ့။
ပေးနိုင်သလောက် ပေးပါ။
လက်ခံနိုင်သလောက် လက်ခံပါ။
ပြီးရင် ကိုယ့်စိတ်ထဲက Abundanceရဲ့ စီးဆင်းမှုကို ခံစားပါ။"

လိုတရ ဘဝကို ရဖို့အတွက် စိတ်အလုပ်ကို အရင်ဆုံး လုပ်ရမယ်လို့ သတိကပ်မိပါတယ်။နောက်ပြီး ဆရာမမွန် အမြဲပြောတဲ့ Gratitude Journal& Morning Intention လေးတွေ ပြန်စတင်ဖို့လည်း
အတွေးတွေ ရစေတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Thank you so much Sayama Mon Halsey 🖤🖤🖤

#လိုတရ
#ABUNDANCE
#monhalsey
#reviewbyaerimyat