"ဥပဒေ"လို့ကြားလိုက်ရင် ငါတို့နဲ့မဆိုင်ဘူး ရှေ့နေတွေရဲတွေ တရားသူကြီးတွေ တရားခံတွေ
တရားလိုတွေ တရားပြိုင်တွေ အမှုအခင်းဖြစ်နေတဲ့သူတွေနဲ့ပဲဆိုင်တယ်လို့ လူတိုင်းလိုလို ထင်တတ်ကြပါတယ်။ ဥပဒေဆိုတာ ပုဒ်ထီးပုဒ်မတွေနဲ့ရှုပ်ယှက်ခတ်တဲ့ဘာသာရပ်တခုလို့လည်း ထင်လေ့ရှိကြပါတယ်။ဒါဟာ မမှားပေမယ့် ရာနှုန်းပြည့်တော့
မမှန်ပါဘူး။
-နေ့စဉ် ကိုယ်စားနေတဲ့အစားအစာတခုမှာ
ကိုယ့်ကို ဘေးဥပါဒ် မဖြစ်အောင် ကာကွယ်ပေးနေတဲ့ စားသုံးသူကာကွယ်ရေးဥပ‌‌ဒေရှိပြီး
-လမ်းတွေမှာ လူတွေအမှုမဲ့အမှတ်မဲ့သွားလာနေတဲ့အခိုက်အတန့်တွေတိုင်းအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဥပဒေဆိုတာ ရှိပါ‌သေးတယ်။
ဒီလိုပဲ လူအချင်းချင်းဆက်ဆံရာမှာ တဦးပေါ်တဦး
ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် တရားမနစ်နာမှုဥပဒေတည်ရှိပုံတွေ
ကို ဒီစာအုပ်မှာ စာရေးသူ‌က ရှင်းရှင်းလင်းလင်းကွက်ကွက်ကွင်းကွင်းမြင်အောင် စိတ်ဝင်စားဖွယ်
သာဓကလေးတွေနဲ့ ရေးဖွဲ့ထားတာကိုတွေ့ရပါတယ်။
ဒီ့ထက်ပိုပြီးစိတ်ဝင်စားစရာတွေလည်းရှိတာမို့
ဥပဒေကို စိတ်မဝင်စားသူတွေတောင်မှ သိထားသင့်တယ်လို့ ယူဆမိပါတယ်။
ဝယ်ပြီးမှ မဖတ်ဖြစ်၊ ချောင်ထိုးထားပြိး
နောင်တရ ရမယ့် စာအုပ်တအုပ် မဟုတ်ကြောင်းကိုလည်း ပြောလိုပါတယ်။