ဒီစာအုပ်ကိုမြင်တော့ ဥပဒေကိုစိတ်ဝင်စားလို့
ဥပဒေမေဂျာကို တက်ခဲ့ပေမယ့် ဥပဒေဆိုတာကို
ဘယ်ကနေ ဘယ်လို စလေ့လာရမလဲဆိုတာကို မသိသေးတဲ့
ပထမနှစ်ဥပဒေကျောင်းသူဖြစ်တဲ့ ကိုယ့်ကိုယ်ကို
ပြန်သတိရမိပါတယ်။
ဥပဒေဆိုတာ လွတ်လပ်သောအသက်
တစ်ချောင်း၊ လွတ်လပ်ပြီး မျှတမှုရှိရှိ ရပ်တည်နေတဲ့ ဘဝတွေကို ကိုယ်စားပြုတယ်လို့ပဲတွေးမိတယ်။ဒီစာအုပ်မှာ
တခြားဥပဒေစာအုပ်တွေနဲ့မတူဘဲ သဘောကျမိတဲ့
အချက်တွေ ရှိပါတယ်။
စာအုပ်မျက်နှာဖုံးမှာ တွေ့ရတဲ့"Lady Justice"လို့ခေါ်တဲ့ နတ်သမီးရုပ်တုရဲ့ လေးနက်တဲ့အဓိပ္ပါယ် ၃ရပ်က
စာအုပ်ကို အသက်ဝင်ပြီးဆွဲဆောင်မှုရှိနေပါတယ်။
#လူတိုင်းအတွက်ဥပဒေ ဒီစာအုပ်မှာ
⚖️ရင်သပ်ရှုမောဖွယ်စိတ်ဝင်စားစရာကောင်းတဲ့အမှုမျိုးတွေနဲ့ ပုံဖော်ထားတဲ့ တရားခွင်ရဲ့ အသွားအလာ၊
⚖️လူ့အဖွဲ့အစည်းတခုလုံးရဲ့ အတွေးအခေါ်ကို ပုံဖော်နေတဲ့
မီဒီယာတွေရဲ့ တာဝန်၊
⚖️ပြစ်မှုဆိုင်ရာဥပဒေ၊တရားမဥပဒေ ၊တခြား ဥပဒေများအကြောင်းကို ပုဒ်မ မပါ၊ ပျင်းအီမနေစေဘဲ လှပရိုးရှင်းတဲ့ သဘောတရားတွေ
⚖️ကျယ်ပြန့်တဲ့ နိုင်ငံတကာဥပဒေကို နားလည်လွယ်အောင်
ရှင်းလင်းတဲ့ဥပမာတွေနဲ့ သိခွင့်ရမယ့် ဥပဒေဆိုင်ရာ
ဥယာဉ်ငယ်လေးတခု
⚖️လူ့အခွင့်အရေးတင်မကဘဲ တိရစ္ဆာန်အခွင့်အရေးနဲ့
မြစ်တစ်စင်းရဲ့ အခွင့်အရေးတွေထိ စုံစုံလင်လင်၊
အဲ့ဒီအခွင့်အရေးနဲ့ ယှဉ်တွဲနေတဲ့တာဝန်ဝတ္တရားတွေကို
နိုင်ငံသားတိုင်း မျက်ကွယ်ပြုထားလို့မရတဲ့အကြောင်းအရာတွေ၊
⚖️တခါတလေမှာ တချို့လူတွေအတွက် ဥပဒေဟာ မနည်းရှာဖွေရပေမယ့် တချို့လူတွေအတွက်တော့ လိုသလိုပုံဖော်လို့ရတဲ့အခြေနေတွေဖြစ်နေတတ်တယ်ဆိုတဲ့စဉ်းစားစရာတွေ၊
⚖️လူတွေ ရှင်သန်နေထိုင်နေကြတဲ့ ခေတ်အလိုက် ယဉ်ကျေးမှုအစဥ်အလာတွေအရ ဥပဒေဟာလည်းအမြဲပြောင်းလဲပြင်ဆင်ရစမြဲဆိုတာကို သာဓကနဲ့ ဖော်ပြချက်တွေ
ကို ရှင်း"လင်း" မြင်တွေ့ရမှာပါ ဖြစ်ပါတယ်။
ဥပဒေကို စိတ်ဝင်စားပေမဲ့ ပုဒ်မတွေဖတ်ရမှာ ပျင်းတဲ့သူတွေ၊ ဥပဒေရဲ့ သဘောတရားကိုပဲ အလွယ်တကူ သိချင်သူတွေအတွက်တော့ ဒီစာအုပ်လေးက အဖော်ကောင်း ဖြစ်မှာပါ။