တခွန်းတည်းပြောရမယ်ဆိုရင်"ဒီစာအုပ်ကိုမြင်တာနဲ့ ဖတ်ဖြစ်အောင်ဖတ်ကြည့်၊ နောင်တမရှိနိုင်ကြောင်း ကို အပြည့်အဝ အာမခံ၏။"လို့ပဲ ပြောချင်ပါတော့တယ်
-ပထမဆုံးအချက်က စာအုပ်နာမည် ကြည့်ရုံနဲ့
စိတ်ဝင်စားသွားတယ်။
တခါတလေ ဘာဖတ်လို့ ဖတ်ရမယ်ဆိုတာ
မသိတာမျိုးတွေ၊ ဖတ်စရာအများကြီးရှိနေတာ
သိပေမယ့် မဖတ်ဖြစ်ခဲ့တဲ့အချိန်တွေနဲ့လွန်ဆွဲနေခဲ့ရတာမျိုး။ကိုယ်ကိုယ်တိုင်လည်း စာဖတ်တာဝါသနာ
ပါသည့်တိုင် အကြောင်းအမျိုးမျိုးကြောင့် ဖတ်တဲ့ စာအုပ်အရေအတွက် ကျဲသွားတဲ့ အခြေနေမျိုးဖြစ်နေတယ်။ အဲ့ဒီအကြောင်းအမျိုးမျိုးတွေက
ဘာတွေလဲ ဆိုတာကို စာရေးသူက ဒီစာအုပ်မှာ
စေ့စေ့စပ်စပ် ပြထားပါတယ်။
-ဒုတိယအချက် မာတိကာကြည့်ရုံနဲ့
ဒီစာအုပ်က လက်ကမချတမ်း ဖတ်သင့်တဲ့ စာအုပ်အမျိုးအစား တစ်အုပ်ဆိုတာကို မသိစိတ်က
သိလိုက်ပါပြီ။ တကယ်တမ်းဖတ်ကြည့်လိုက်တော့မာတိကာကောင်းတယ်ဆိုတာထက် အပိုင်း၄ပိုင်းမှာ
တပိုင်းဆီရဲ့ အခန်းတိုင်း၊ အခန်းတခန်းချင်းရဲ့ခေါင်းစဉ်ခွဲလေးတွေကစ အဓိပ္ပါယ်ရှိနေတာကို
တွေ့ရပါတယ်။
-ဦးနှောက်စာထက် ဝမ်းစာကို ဦးစားရတာတွေ
စာဖတ်ရတာကိုနှစ်သက်ပေမယ့်
စာဖတ်ရင် ရလာတဲ့ကောင်းကျိုးကိုလိုလားပေမယ့်
အဲ့ဒီ ကောင်းကျိုးအနှစ်သာရ နေရာမှာ
အခုခေတ်ကုန်ဈေးနှုန်းကို အစားထိုးလိုက်ရတာတွေ
တနေ့လုပ်မှတနေ့စားရတဲ့သူတွေအတွက်ဆို ပိုလို့တောင်စာပေနဲ့ အလှမ်းဝေးသွားရပါတယ်။
-ဒီစာအုပ်မှာ ကျွန်မတို့တွေ ဘာလို့စာမဖတ်ဖြစ်တော့တာလဲဆိုတာရယ်၊ ပျောက်ဆုံးနေတဲ့ စာဖတ်ခြင်းရဲ့နောက်ကွယ်က အာရုံစူးစိုက်မှုတွေကို ပြန်လည်ရှာဖွေနိုင်ဖို့ကို စာရေးသူက သေချာလေး အားစိုက်ထုတ်ထားတာကိုတွေ့ရပါတယ်။
စာဖတ်တဲ့အခါ စာဖတ်သူတွေကိုယ်တိုင်
အနှစ်ချုပ်ပုံစံဖတ်ဖြစ်လာတွေ ၊ Audio bookတွေ pdf file တွေက တကယ်ပဲ
ဦးနှောက်အတွက် အကျိုးသက်ရောက်မှုရှိသလား။
စာအုပ်စာပေက ကျမတို့တွေရဲ့ရန်သူဖြစ်နေပြီလား။ စာရေးသူနဲ့ စာဖတ်သူ တစ်သားတည်း အတွေးအခေါ်တွေ ထပ်တူကျသွားမယ့် စာအုပ်မျိုးဖြစ်ပါတယ်။ ကိုယ်သိသလောက် ပြောရရင်
ဟိုး...ဆရာမဂျူးတို့ခေတ်ကနေ ခုအချိန်ထိ လူကြီးတွေကစ လူငယ်အဆုံး စာဖတ်နေတဲ့သူဆိုရင်
တချို့က လူထူးလူဆန်းပုံစံမျိုး လှောင်ပြောင် ဆက်ဆံကြတာတွေ ရှိနေဆဲပါ။
ခု လူငယ် ကျောင်းသားကျောင်းသူတွေကြားမှာလည်း အဲ့ဒီလိုမျိုးမြင်တွေ့နေရတာ တကယ်ကို
စိတ်မကောင်းစရာပါပဲ။
-နောက်ဆုံးညွှန်းချင်တာကတော့ အခုကျမတို့
ဒီဘက်ခေတ် မျိုးဆက်တွေဟာ မိဘတွေအပါအဝင် ကလေးတွေကို ငြိမ်ရင် ပီးရောဆိုတဲ့ ဖုန်းတွေပေးထားကြတယ်၊ ဖုန်းထဲမှာရှိတဲ့ ဂိမ်း tiktok, fb ,ig
စသဖြင့် အက်ပလီကေးရှင်းတွေကို အလွန်အမင်း အားကိုးအားထားပြုနေကြပါတယ်။
ဒါတွေကို စာရေးသူက ဒီစာအုပ်ထဲမှာ သေချာလေးကို ပြောထားတာပါ၊ သေချာတာတခုက ဒီစာအုပ်ကို
ဖတ်မိလိုက်တာနဲ့တပြိုင်နက် ငါ့အကြောင်းရေးထားတာလားဆိုတာမျိုး၊ အရင်ကစာမဖတ်ဖြစ်တဲ့သူတောင် ဒီစာအုပ်ဖတ်ပြီး ခုလက်ရှိကိုယ်နေပုံထိုင်ပုံကို ဆင်ခြင်မိလာမယ်။အနည်းဆုံးတော့ မှားယွင်းစွာ နေထိုင်မိနေတဲ့ကိုယ့်ကိုယ်ကို ပြုပြင်ချင်စိတ်တော့ ပေါက်လာမှာပါ။
ဒီစာအုပ်မှာ သုတရသ အစုံပါတဲ့အကြောင်း
အကုန်ပြောပြနေရရင် ပြီးမှာမဟုတ်တော့လို့
ဝယ်သာဖတ်ကြည့်ကြပါတော့လို့ တိုက်တွန်းချင်ပါတော့တယ်။ 🫶🏻📖☘️
4:14pm Nov8,2026