စာဖတ်ခြင်းဆိုတာ social media, tiktok သုံးသလို ချက်ခြင်း လက်ငင်း ပျော်ရွှင်မှု ရစေတဲ့ အရာ မဟုတ်ပါဘူး။ ဒီအကြောင်းအရာကို ကျွန်မ စာကြည့်တိုက်မှုး စဖြစ်ကတည်းက ရင်းနှီးပြီးသားပါ။ စာကြည်တိုက် တစ်ခု အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာလည်း စာဖတ်ခြင်း လိုပဲ ချက်ခြင်း တိုင်းတာလို့ မရလို့ စာဖတ်ခြင်း နဲ့ ဆက်စပ်ပြီး မှတ်မိနေတာပါ။ စာမဖတ်ကြတော့တဲ့ အဓိက အကြောင်းအရင်းက နည်းပညာ နဲ့ Digital tools တွေဆိုတာ ပြောစရာ မလိုပါဘူး။ ဒါပေမယ့် ဒီစာအုပ်ထဲမှာ စာမဖတ်ကြတော့တဲ့ နောက်ထပ် အကြောင်းအရင်းတွေ အများကြီး ကို စာရေးသူက ထောက်ပြသွားပါတယ်။ ကျွန်မ အနှစ်သက်ဆုံး အခန်းကတော့ 'စာမဖတ်ရ ရူးတတ်သည် ' ဆိုတဲ့ Anti-Intellectualism ပါ။ ပညာ ဆိုတာ ဘာမှန်း မသိတဲ့ အသိုင်းအဝိုင်းထဲမှာ မွေးဖွား ကြီးပြင်းခဲ့တဲ့ ကျွန်မ စာဖတ်တိုင်း ကဲ့ရဲ့ခံရ အပြစ်တင်ခံခဲ့ရတော့ ဘဝ တစ်လျှောက်လုံး ကျွန်မ ခံစားခဲ့ရတဲ့ ပညာတတ် တစ်ယောက်ရဲ့ စိတ်ဒဏ်ရာကို ပြန်မြင်မိလိုက်သလိုပါပဲ။ စာကြည့်တိုက် ယဥ်ကျေးမှု ပျောက်ကွယ်သွားတဲ့ အကြောင်း၊ အနှစ်ချုပ် စာအုပ်တွေ ရဲ့ အနှစ်သာရ မဲ့မှုတွေ၊ ဘာမှန်းမသိတဲ့ အပေါ်ယံ ရွှေမှုန်ကြဲ Best Sellers စာအုပ်တွေ အကြောင်းနဲ့ မြန်မာစာပေ လောကမှာ စာပေဝေဖန်ရေး ပျောက်ကွယ်သွားတဲ့ အကြောင်းကို လည်း စာရေးသူက ထိထိမိမိ ထောက်ပြ သွားပါတယ်။ စာကြည့်တိုက်မှူးတွေရော သာမန် စာဖတ်သူတွေ အတွက် လုံးဝ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။
စာအုပ်တွေ စျေးကြီးနေတဲ့ အချိန်မှာ ဒီလို စာအုပ်ကောင်း တစ်အုပ်ကို လက်ဆောင်ပေးတဲ့ အတွက် အိမ်းထက်မွန် ကို ကျေးဇူး အများကြီး တင်ပါတယ်။ Aim Htet Mon.

Review by အေးစုနိုင်(စာကြည့်တိုက်မှူး)