ကြာပန်းလေးလို နေပါ
Review by Khine Mya Pwint
အကြိုက်ဆုံးစာသားလေးပါ။ ” Like a Lotus, no matter how deep the mud pulls me, I will rise and bloom again beautifully.”…
Review by Khine Mya Pwint
အကြိုက်ဆုံးစာသားလေးပါ။ ” Like a Lotus, no matter how deep the mud pulls me, I will rise and bloom again beautifully.”…
Review by Aileen
ဘယ်စာအုပ်ဘယ်လိုဖတ်ရမလဲမသိတဲ့လူငယ်တွေအတွက်အထူးသင့်လျော်ပါတယ် ကိုယ့်လဲ2000ခုနှစ်နောက်ပိုင်းလူငယ်တစ်ယောက် ဝတ္ထုတွေ အတ္ထုပ္ပတ္တိတွေကို အချိန်ကုန်တယ် အဓိကဝတ္ထုတွေကိုအကျိုးမရှိဘူး ဆိုပြီးဘယ်တော့မှမဖတ်တဲ့သူပါ ဒီစာအုပ်ကိုဖတ်လိုက်မိတဲ့အချိန်မှ ဒီလိုအသုံးဝင်ကြပါလားဆိုပြီး နားလည်ခဲ့တာမို့ ကိုယ့်လိုလူတွေကိုဖတ်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်
Review by Alixe
🌿ငြိမ်းချမ်းသောစိတ် ငြိမ်းချမ်းသောဘ၀🌿 (Peaceful Mind Peaceful Life) ✍️ဉာဏ ============================================ ဒီစာအုပ်ကို ရေးသားသူ ဆရာမလေး(ဉာဏ)က အသက် ၁၆ နှစ်ကတည်းက ဗုဒ္ဓစာပေတွေ လေ့လာခဲ့သူဖြစ်ပြီး ဗုဒ္ဓစာပေနဲ့ ပတ်သက်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေလည်း များစွာ…
Review by Aeri Myat
လိုတရ ✨️🖤 ဒီစာအုပ်လေးက ကျွန်မတို့ လိုချင်တာတွေ ချက်ချင်းရအောင် ဖန်တီးပေးနိုင်မယ့် နည်းလမ်းတွေ ရေးထားတဲ့ စာအုပ်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်မှာ ထားသင့်ထားအပ်တဲ့၊ ရှိသင့်တဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်တာလေးတွေကို ပြောပြပေးထားတာမို့ Abundance ဆိုတဲ့…
Review by စိုးဘားဒိုင်
မိုမိုစုကို လုံးချင်းဝတ္ထုလေးတွေ ရေးစေချင်ပေ မယ့် ဆေးခန်းတစ်ဖက်နဲ့ အချိန်မပေးနိုင်လို့လားမသိ၊လုံးချင်းတွေ ထွက်မလာဘဲ ရသစာစုလေးတွေပဲ တစ်အုပ်ပြီး တစ်အုပ်ထွက်လာတယ်။ သူ့ဆေးခန်းကနေ ရနေတာလေးတွေလည်း ဝတ္ထုတို၊အက်ဆေးလေးတွေ ဖြစ်မလာဘဲ ရသစာစု ကလေးရေးလိုက်ပြီး ကျေနပ်သွားပုံရတယ်။သူ့ရသ စာစုကလေးတွေကလည်း ဝတ္ထုအရေးအသားမျိုး တွေဆိုတော့…
Review by စိုးဘားဒိုင်
ရှင်သန်နေသောဘဝဖြတ်သန်းမှုနဲ့အသားကျခေါက်ရိုးကျိုးနေသော ဘဝဖြတ်သန်းမှုတို့ကို ချိန်ထိုးတွေးဆ၊သုံးသပ်၊အကြံပြုရေးသားထားတဲ့ စာအုပ်လို့ဆိုရပါမယ်။ ပဲ့ကိုင်ခြင်းလော့ဂျစ်များ၊ဘဝထဲက လော့ဂျစ်များဆိုပြီး နှစ်ပိုင်းခွဲရေးသားထားတယ်။အဲဒီလိုရေး သားရာမှာ လူငယ်တစ်ယောက်က သူဖြတ်သန်းရင်ဆိုင်တွေ့ကြုံနေရတဲ့အနေအထားနဲ့ ရှေ့ကဖြတ်သန်းခဲ့ကြသူတွေရဲ့အနေအထားတစ်ချို့ကို ချိန်ထိုးနှိုင်းယှဥ်ရေးသားအကြံပြုထားတယ်လို့ဆိုရမယ်။ ခေတ်ပြိုင်လူငယ်တစ်ယောက်က ခေတ်ပြိုင်အာရုံခံစားမှုနဲ့အတူ ငြိမ်သက်နေ၊အသားကျနေတာ တွေကို ရှင်သန်လာအောင် နှိုးကြည့်နေတာလို့လည်း မြင်ပါတယ်။သူ့အမြင်၊သူ့အတွေး၊သူ့အယူအဆ၊သူ့အကြုံပြုချက်နဲ့ သူလက်ကိုင်ထားတဲ့တူရူချက်တွေအပေါ်မှာ…
Review by စိုးဘားဒိုင်
ပန်းချစ်သူတွေ၊ပန်းပင်ကလေးတွေချစ်သူတွေ၊ပန်းပင်တွေစိုက်ပျိုးပြုစုကြည်နူးကြသူတွေ သဘောကျနှစ်သက်စေမယ့် ပန်းသဘာဝနဲ့စိတ်ကူးစိတ်သန်းကလေးတွေကိုဖတ်ရတယ်။ပန်းချစ်သူတို့နဲ့ ပန်းကလေးတွေရဲ့အပြန်အလှန်ဆက်သွယ်မှု၊စကားအသွားအလာလေးတွေက ပန်းနဲ့လူအကြားက ချစ်မြတ်နိုးမှုတွေကို အားသစ်ဖြစ် စေတယ်။ ပန်းပင်ကလေးတွေစိုက်ပျိုးဖူးသလား။အရိပ်တကြည့်ကြည့်ကောလုပ်ဖူးသလား။ပန်းပင်ကလေးတွေနဲ့စကားပြောဖူးသလား။ပန်းကလေးတွေဆီမှာ တိုးတိုးဖွဖွရင်ဖွင့်ဖူးသလား။ပန်းကလေးတွေကို တိုင်တည်ပြီးငိုခဲ့ဖူးသလား။အဲဒါဆိုရင် ပန်းကလေးတွေက ပြန်လည်ပြသတဲ့ ပုံရိပ်တွေ၊အားမာန်တွေ၊ရနံ့တွေ၊ဖူးပွင့်လန်းစွင့်ကြေလွင့်ကြတာတွေကနေ သူတို့စကားပြောထားတာတွေကိုကြားယောင်နိုင်ပါတယ်။ ပန်းတွေမှာ ကာရိုက်တာရှိတယ်။ဒီစာအုပ်ထဲမှာ အဲဒီကာရိုက်တာတွေကို အများကြီးတွေ့ရတယ်။ပန်းတွေကအဲဒီကာရိုက်တာတွေနဲ့အတူ လူတွေကိုဆက်သွယ်စကားပြောထားကြတယ်။…
Review by စိုးဘားဒိုင်
REDEFINING LIFE @ 40+++ ၄၀မှာစတဲ့ဘဝလို့ အမည်ပေးထားတဲ့စာအုပ်ဟာ ဆရာမမွန်ဟော်စီက ၄၀ကျော်လာချိန် ဘဝလည်ပြန်ကနေ ရှေ့တူရူဘဝဆီကို ဦးတည်လို့ပြန်လည်ရှာဖွေရယူဖြည့်ဆည်း ဆင်ခြင်သုံးသပ်ပြီး ရှေ့ဆက်ဖို့ရာအတွက် ရေးသားမျှဝေထားတာလို့ဆိုနိုင်တယ်။သူ့ဘဝအတွေ့အကြုံ၊သူ့ဖြည့်ဆည်းမှု၊သူ့ရင့်ကျက်မှုတွေနဲ့အတူ သူဘယ်လိုခရီးဆက်မယ်ဆိုတာကို ကိုယ့်ဘဝအဆင်အဖြစ် ရေးသားပြီး ကိုယ်တိုင်ဖတ်ဖို့၊ အရွယ်တူတွေလည်း ဖတ်နိုင်ဖို့…
Review by Aeri Myat
ကျွန်မတို့ရဲ့ ဘဝကိုယ်စီကို အိမ်ငယ်ကလေးတွေလို့ တင်စားပြီး ရေးထားတဲ့ သည်စာအုပ်လေးထဲမှာ စိတ်အေးချမ်းစေဖို့၊မေတ္တာထားတတ်ဖို့၊ ခွင့်လွှတ်တတ်စေဖို့အတွက် အများကြီး ပြောပြပေးထားပါတယ်။ ဆရာမရဲ့ အဖြစ်အပျက်လေးတွေအပေါ်မှာ ရိုးသားစွာ ရေးသား မျှဝေထားခြင်းကြောင့်ထင်ပါရဲ့...။ကျွန်မ စိတ်ထဲ၊နှလုံးသားထဲအထိ ပိုပြီး နက်နက်ရှိုင်းရှိုင်းခံစားမိစေတာပါပဲ။ စိတ်ကို ချုပ်နှောင်ထားရတဲ့…
Review by Aeri Myat
ဒီစာအုပ်လေးကတော့ သက်ကြီးပိုင်းအရွယ် တနည်း အလုပ်တွေကနေ အနားယူရတော့မယ့် ပင်စင်စားအရွယ် လူကြီးများအတွက် ရည်ရွယ်ရေးသားထားတဲ့စာအုပ်လေး ဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံး မိသားစုအတွက် ဦးဆောင်ပြီး ရှာဖွေကျွေးမွေးလာရာကနေ အိမ်မှာပဲနေရတော့မယ်ဆိုပြီး စိတ်အားငယ်မနေဘဲ တချိန်က ဝါသနာပါရာအိမ််မက်ကလေးတွေကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးကို "ကမ္ဘာသစ်"ရယ်လို့…
![]() | ![]() | ![]() |