အိမ်ငယ်ကလေးပြိုပျက်ခဲ့ပြီးနောက်
Review by စိုးဘားဒိုင်
စူးရှမေရဲ့ ဒီစာအုပ်ကလေးကို ဖတ်နေတဲ့အချိန်မှာ ဒိုင်ယာရီကိုအာရုံရနေခဲ့ပြီး၊ဖတ်ပြီးသွားတဲ့ အခါမှာတော့ journal ကိုသတိရသွားတယ်။ ငယ်ငယ်တုန်းက မောင်းမကန်ကမ်းခြေသောင်ပြင်မှာ ခြေဖဝါးအိမ်ကလေးတွေ ဆောက်တမ်း ဆော့ကစားကြတာ သတိရတယ်။တချို့က အိမ်ကလေးတစ်လုံးတည်းဆောက်တယ်။တချို့က ဘေးကအိမ်ကလေးတွေရံပြီးဆောက်တယ်။အိမ်ကလေးတွေဆိုတာကလည်း ခြေဖဝါးအရွယ်အစား အတိုင်းပဲပေါ့။သူ့အိမ်ကကြီးတယ်၊ငါ့အိမ်ကကြီးတယ်ဆိုပြီး ပြိုင်ကြတာထက် အိမ်ပြိုကျမသွားအောင် သတိထားပြီး…




