The Happiness Project🧡
ဒီစာအုပ်ကလေးကိုတော့ မထွက်ခင်ကတည်းက စိတ်ဝင်တစားဖတ်ဖို့ စောင့်ဖြစ်ခဲ့ပါတယ်။ဆရာမမွန် စာအုပ်တွေ ဖတ်ခွင့်ရတဲ့အချိန်တွေဟာ စိတ်အတွက် ခွန်အား၊ ဒါမှမဟုတ် စိတ်အတွက် အဖြေတစ်ခုခုလိုချင်၊ သိချင်တဲ့ အခါမျိုးတွေမှာ တိုက်တိုက်ဆိုင်ဆိုင်ကို ဖတ်ခွင့်ရတာဟာလည်း အမြဲတမ်း မှတ်မှတ်ထင်ထင်ရှိနေဖြစ်တဲ့ အမှတ်တရပါပဲ။
ဒီစာအုပ်လေးထဲမှာဆိုရင်....
🧡The Power of Emotional Intelligence
🧡The Role of Insight in Self-Understanding
🧡The Capacity to Love
ဆိုပြီး အပိုင်း(၃)ပိုင်း ပါဝင်ပါတယ်။
စိတ်ခံစားချက်တွေဆိုတာ အမြဲတမ်း
တိမ်လို လေလို ပြောင်းလဲနေတတ်တဲ့အရာမျိုးပါပဲ။ဒီခံစားချက်
အနိမ့်၊အမြင့် အတက်အကျတွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့အတွက် ထားသင့်တဲ့ စိတ်နေစိတ်ထားတွေကို
ဒီစာအုပ်လေးကနေတဆင့် သိခွင့်ရမှာ
ဖြစ်ပါတယ်။
🍀"အမြဲတမ်း တည်မြဲနေတဲ့ ပျော်ရွှင်မှု
ဆိုတာ ပြီးပြည့်စုံတဲ့ အခြေအနေတွေကနေ ဖြစ်ပေါ်လာခဲပါတယ်။"
ဒီစာစုလေးကြောင့် အသိသတိ ကပ်သွားရတယ်။စိတ်ထဲ အဖြေရှာမရဖြစ်နေတဲ့အဖြေလေးတစ်ခု ရလိုက်တယ်။
အမှားမဖြစ်ချင်တဲ့စိတ်ကြောင့် ခက်ခဲပင်ပန်းရတာတွေ၊ ဆုပ်ကိုင်ထားမိတာတွေက မပျော်ရွှင်မှုတွေဆီ ဦးတည်တတ်ကြောင်း သိခွင့်ရလိုက်ပါတယ်။
🍀"မပြည့်စုံတဲ့ အခြေအနေတွေကြားမှာပဲ ရှိနေတဲ့အရာပေါ်မှာ ရောင့်ရဲနိုင်တာတွေဟာ ပျော်ရွှင်မှုကို စတင်စေပါတယ်။"
🍀ကိုယ့်ရဲ့ ဘဝမှာ မပျော်ရွှင်စေတဲ့ အရာအားလုံးကို
လွှတ်ချလိုက်ဖို့ ဘယ်တော့မှ ဝန်မလေးပါနဲ့။
စိတ်ထဲ၊ဘဝထဲကနေ လူတွေ၊အတိတ်အရိပ်တွေ၊အကြောင်းအရာတော်တော်များများကို လွှတ်ချလိုက်ပြီးတဲ့နောက်ပိုင်း ဘဝက ပိုပြီးပေါ့ပါးလာတာ
ကိုလည်း လက်တွေ့ခံစားမိပါတယ်။
🍀ဒီနေ့ဟာ ကိုယ့်အတွက် နောက်ထပ်အသစ်ဖြစ်တဲ့
အခွင့်အလမ်းတွေအတွက် အစပြုနိုင်တဲ့ နေ့ဖြစ်ပါတယ်။
🍀ဒီနေ့မှာ ဘယ်လိုဖြစ်နေတယ်ဆိုတဲ့ အခြေအနေဟာ အတိတ်က လုပ်ရပ်တွေနဲ့ သက်ဆိုင်နေပြီး ဘယ်လို အနာဂတ်ကို ရရှိချင်တယ်ဆိုတာ ယနေ့မှာပဲ
သတ်မှတ်ဆောင်ရွက်ရမယ့်အရာပါ။
🍀သူ့ဆီက ဘာရမလဲလို့ မျှော်လင့်နေတာထက် ကိုယ်က အရင်စပြီး ပေးလိုက်တဲ့အခါ မှန်လိုရောင်ပြန်နဲ့ ကိုယ့်ဆီကို ကိုယ်လိုချင်တာတွေ ပြန်လည်ရောက်ရှိနိုင်ပါတယ်။
🍀လက်ဖက်ရည်ပူပူတစ်ခွက်ကို ကိုင်သောက်နေရင်းရတဲ့ နွေးထွေးတဲ့ခံစားမှုမျိုး...မျှော်လင့်ချက်ဆိုတာ ဒီလောက်ကလေးဆိုရင်ပဲ ကိုယ့်ကို ပြည့်စုံပျော်ရွှင်စေပါတယ်။
စာအုပ်ခေါင်းစဥ်လေးအတိုင်းပဲ ကျွန်မတို့နေ့စဥ်ဘဝရဲ့ ပျော်ရွှင်ခြင်းအတွက် Inner Peace အစစ်အမှန်ကို ခံစားနိုင်စေဖို့ reminder စာအုပ်လေး ဖြစ်ပါတယ်🧡
ဖတ်ပြီးသွားတဲ့အခါ စိတ်ကလေး တော်တော်ပေါ့ပါးသွားတယ်။ဆရာမရဲ့ အဖြစ်အပျက်လေးတွေ ဖတ်ပြီး ကိုယ်တိုင်လည်း ထပ်တူခံစားရတဲ့ အပိုင်းတွေရှိတာမို့ Reflectဖြစ်မိသလို
"လူတွေအားလုံးဟာ ကိုယ်နဲ့အတူတူပါပဲ။"ဆိုတဲ့ စကားလေးကြောင့် စိတ်သက်သာရာရခဲ့ပါတယ်။
ချစ်စရာကောင်းတဲ့ စာအုပ်လေး ဖန်တီးရေးသားပေးတဲ့ ဆရာမမွန် Mon Halsey ကို ကျေးဇူးအထူးတင်ပါတယ်🥰🧡