✨🧩 Escaping THE MIND MAZE (စိတ်ဝင်္ကပါမှ လွတ်မြောက်ခြင်း)🧩✨
✨🧩 MON HALSEY
===============================================
🌀စိတ်ဒဏ်ရာဆိုတာ လူတိုင်းမှာရှိတတ်ပါတယ်။🌀
ငယ်စဉ်ဘဝကတည်းက သေးငယ်တဲ့စိတ်ဒဏ်ရာတွေရှိသလို ဘဝတစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီးနိုင်တဲ့ ကြီးမားတဲ့စိတ်ဒဏ်ရာတွေလည်းရှိတတ်ကြပါတယ်။ စိတ်ဒဏ်ရာတွေကို အများအားဖြင့် ထရော်မာ Trauma လို့လည်းခေါ်ကြပါတယ်။ မကောင်းသော စိတ်အတွေးတွေ၊ အနုတ်သဘောဆောင်တဲ့စိတ်ခံစားမှု Negative thoughts and emotions တွေကို လိုအပ်တာထက်ပိုပြီး ထပ်ပြန်တလဲလဲ အလွန်အကျွံခံစားနေမိခြင်းဟာ တစ်စုံတစ်ခုသောအကြောင်းအရာ နဲ့ပတ်သက်ပြီး မိမိရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေရဲ့ရလဒ်တွေပဲဖြစ်ပါတယ်။
ကမ္ဘာ့ လောကထဲမှာ သာမန်ပုထုဇဉ်လူသားတွေက တစ်ယောက်နဲ့တစ်ယောက် ကြီးပြင်းလာပုံချင်းမတူသလို ကြုံဆုံခဲ့ရတဲ့အတွေ့အကြုံတွေကို မိသားစုနဲ့ပတ်ဝန်းကျင်ဆီက သင်ယူခဲ့ရတဲ့ အတွေးအခေါ်တွေနဲ့ ကိုယ်ပိုင်ခံစားမှုတွေကြောင့် မတူတတ်ဘူး။ ဒါကြောင့် (Trauma) စိတ်ဒဏ်ရာတွေဆိုတာ လူတစ်ယောက်ရဲ့ဘဝနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေ၊ သူ့ရဲ့လမ်းကြောင်းတွေကို ချုပ်နှောင်ကာစီးထားတဲ့ ဝင်္ကပါလို ထောင်ချောက်တွေလို့ပဲ ပြောရမှာဖြစ်ပါတယ်။
တစ်မိနစ်အတွင်းမှာတောင် မသိစိတ်ဖြစ်တဲ့အတွေးပေါင်းများစွာ တွေးဖြစ်ကြတာဆိုတော့ လူသားရဲ့စိတ်တွေဟာ အတွေးဝင်္ကပါထဲမှာ ဘယ်လောက်တောင် ပိတ်မိနေကြမလဲ ဆိုတာ ပြောမပြတတ်အောင်ပါပဲ…..
လူ့စိတ်ဆိုတာက အတော်ရှုပ်ထွေးနက်နဲပါတယ်။ ဒါကြောင့် လေ့လာရလို့ကို မကုန်
နိုင်သေးတာပါ။ လူဆိုတာ… အလွယ်ရော အကောင်းကို အလွန်ကြိုက်တတ်တဲ့သတ္တဝါပါ…..
ဘဝဆိုတာ ဝင်္ကပါ(MAZE) နဲ့တူပါတယ်။ Maze ဟာ မမြင်ရသေးတဲ့ ဘေးအန္တရယ်လည်းရှိတယ်၊ ဒုက္ခလည်းရှိတယ်၊ ဒုက္ခတွေနဲ့ ဝိုင်းရံထားတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဘဝအနက်အဓိပ္ပာယ်ကို ဖွင့်ဆိုမယ်ဆိုရင် ဒုက္ခကို ဦးစားပေးရပါမယ်။ ဒီနေရာက လွတ်မြောက်မှ ချမ်းသာသုခကို တွေ့နိုင်မှာပါ။ ဘဝမှာလည်း အဆိုးနဲ့အကောင်းဆိုပြီး ဒွန်တွဲရှိနေတာပါပဲ…။
IQ = အသိဉာဏ် 🧠
EQ = စိတ်ခံစားမှု💗
IQ + EQ = နှစ်ခုပေါင်းလိုက်ရင် Idea 💡 ပိုပြီး အင်အားကောင်းလာတော့ ကိုယ်ပိုင်စွမ်းဆောင်ရည်မြှင့်တင်မှု အတွက် အကောင်းဆုံးဖြစ်ပါသည်။
သတိပြုစရာတွေ များလွန်းတဲ့ ဒီနေ့ ခေတ် လောကကြီးမှာ အမြဲတမ်း နိုးတစ်ဝက်၊ အိပ်တစ်ဝက်နဲ့ ဇဝေဇဝါ ဖြစ်နေတဲ့သူတွေလေ။ ပြီးတော့ အခု ခေတ်မှာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှု ဖြစ်ရတဲ့ Social media ပြသာနာကြောင့်ပဲ။
Social media မှာ လူတွေက ပြီးပြည့်စုံချင်ယောင်ဆောင်ထားကြပြီး ကျန်တဲ့သူတွေရဲ့ စိတ်ထဲမှာ ငါတို့ကျ ဘာလို့ ဒီလိုမဖြစ်ရတာလဲလို့ တွေးကြတယ်။
ကမ္ဘာကျော် အဆိုတော် Ed Sheeran အင်တာဗျူးပြောတာကို သဘောကျသွားပြီ။
“ကျွန်တော် Instagram ကိုကြည့်ရင် နေ့တိုင်းဆယ်လ်ဖီပုံတွေ မတင်တာကို သတိထားမိမှာပါ၊ ကျွန်တော်က သီချင်းတွေပဲတင်တယ်၊ ပြီးတော့ ပရိုမိုးရှင်း ဆင်းတာပေါ့။Instagram ဆိုတာ ပရိုမိုးရှင်းဆင်းလို့ရတဲ့ လက်နက်တစ်ခုပါ။ အဲဒါက Instagram ရဲ့အဓိကအချက်ပဲ။ ဆယ်လ်ဖီပုံတစ်ပုံတွေ့တိုင်း အဲ့လူကို မေးချင်တယ်။ သူများလိုချင်တဲ့ ဘဝမျိုးရနေတာနဲ့ ကိုယ့်အတွက် နေ့တိုင်း ပျော်ဖို့ကောင်းပြီလား? ဒီနေ့တစ်နေ့လုံး အဆင်မပြေရင်တောင်မှ ဆယ်လ်ဖီပုံတင်ပြီး လူတွေရဲ့ ချီးမွမ်းမှုကို လိုချင်ကြတာ၊ အဲဒါမှ သူတို့ စိတ်ကျေနပ်သွားကြတာလေ။ Social media မှာ လူတွေက ပြီးပြည့်စုံချင်ယောင်ဆောင်ထားကြပြီး ကျန်တဲ့သူတွေရဲ့ စိတ်ထဲမှာ ငါတို့ကျ ဘာလို့ ဒီလိုမဖြစ်ရတာလဲလို့ တွေးကြတယ်။ ဒါပေမယ့် အဲ့ဒီပြီးပြည့်စုံတဲ့ ဘဝပုံစံကို ပို့စ်တင်နေကြတဲ့သူတွေရဲ့ နောက်ကွယ်မှာလည်း မကောင်းတဲ့အရာရှိကြပါတယ်။ သူတို့က ဘုရားရေ အရမ်းမိုက်တာပဲ ဆိုတဲ့ချီးကျူးသံတွေကို ကြားချင်ကြရုံပါ။ အဲဒါကလည်း အခြေခံအားဖြင့် လှည့်စားမှုသက်သက်ပါပဲ။”
အဲလိုသူပြောသွားတာကို ကြည့်ပြီး သဘောပေါက်တယ်။ မသိလိုက်သေးခင် Instagram မှာ ဖွင့်ကြည့်ရင် သူ့Fashionကျ အဝတ်အစားတွေကို အရမ်းလှလို့ လိုက်ပြီးဝတ်ဆင်ချင်တာပဲ။ အပြင် ထွက်ရင်တော့ အရမ်းလှလှပပတွေထုတ်ပြပြီး ကိုယ့်ကိုယ်ကို ဂုဏ်ဆာဖူးခဲ့တယ်။ ကြွားချင်တဲ့စိတ်ဟာ စိတ်မထိန်းနိုင်ပဲ အဆာပလာတွေနဲ့ ဖာထေးထားရတယ်။ ရုပ်အလှရော Fashionကျဖို့ရော လှအောင်ဟန်ပြထားကြရတယ်။ ဆိုလိုတာ ‘မပြည့်တဲ့အိုး ဘောင်ဘင်ခတ်’ ဆိုသလို ထင်မိပါတယ်။
အဲဒီစိတ်ဝင်္ကပါထဲကနေ အလုံးစုံ လွတ်မြောက်မှုမရှိဘူးဆိုတာ သေချာသလောက်ပါပဲ။ Energy မကောင်းတဲ့အခါ တနည်းစိတ်အညစ်အကြေးတွေဖြစ်တတ်ပါတယ်။
ဒီလို…ကိုယ့်ရဲ့စိတ်ခံစားချက်တွေ၊ စိတ်ဒဏ်ရာတွေကို ပိတ်လှောင်ပြီး မွန်းကျပ်နေတဲ့အချိန် ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တာ ဒီစာအုပ်လေးကို ဖတ်ကြည့်ပြီးတဲ့အခါမှာ ကိုယ့်စိတ်ကို ပြန်မြင်လိုက်ရတော့ ကိုယ့်ကိုယ်ကို ရှက်လို့ မဆုံးတော့ဘူး။ ကိုယ်ရဲ့စိတ်ကို ကိုယ့်ကိုတိုင် အကျဉ်းချထားပါလား…စိတ်လှည့်စားမှုသက်သက်ပါလား…ဆိုတဲ့အသိတရားရမိပါတယ်။ သိလိုက်ရတဲ့ အသိပညာလေးတွေကို ကိုယ်ရဲ့စိတ်ကို အကြောင်းအရင်းအမြစ်ကို ရှာဖော်ထုတ်ပြီး စိတ်ဝင်္ကပါကနေ လွတ်မြောက်ရဖို့ လမ်းဖြတ်ကို ဖောက်ထွင်း မြင်ရအောင်ဖို့ ကြိုးစားအုံးမယ်။
စစ်မှန်သော ပျော်ရွှင်မှုဟာ မှန်ကန်တဲ့ အတွေးအခေါ်ကတစ်ဆင့် ဖြစ်လာတာပါ။
အတွေးတွေကို တည့်မတ်အောင်၊ ဖြူစင်အောင် လုပ်နေဖို့ဟာ လူတစ်ယောက်ရဲ့အရေးအကြီးဆုံးအလုပ်ဖြစ်သင့်ပါတယ်။
ဘာလို့လဲဆိုတော့ မိမိတို့ရဲ့ အမှိုက်စိတ်ကို ရှင်းပြီးမှ အေးချမ်းမှုကိုရမယ်။ စိတ်ရဲ့ငြိမ်းအေးမှုဟာ ကိုယ့်အပေါ်မှာသာ အဓိကမူတည်နေလို့ပါ။
အနည်းဆုံးတော့ ဒီနေ့ ငါဘာလုပ်ဖြစ်တယ်၊ ဘယ်အရာတွေ သင်ယူဖြစ်တယ်ဆိုပြီး သတိရှိနေရင် ကောင်းပါတယ်။ အနာဂတ်ကို အရမ်းစိတ်ပူမနေဘဲ လက်ရှိမှာ အဆင်ပြေအောင်နေနိုင်ရင် အကောင်းဆုံးပါပဲ။
ဒီစာအုပ်ရဲ့ အဓိကအချက်က သာမန်လူတစ်ယောက်ရဲ့ အတွင်းအဇ္စျတ္တမှာရှိနေပေမဲ့ သတိမထားမိတဲ့ စွမ်းအားတွေအကြောင်းဖြစ်ပါတယ်။
🖇️🖇️🖇️
Five Reiki Precepts
~~~~~~~~~~~~~~~~
Reiki ပညာရှင်တွေ မဖြစ်မနေကျင့်သုံးကြရတဲ့ Five Reiki Precepts လို့ခေါ်တဲ့စည်းမျဉ်းငါးခုကို နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ဒီနေ့မှာ-
🔸 ဒေါသမထွက်အောင်နေမယ်။
🔸 စိုးရိမ်ပူပန်မှု မဖြစ်အောင်နေမယ်။
🔸 ကျေးဇူးတရားနဲ့ နေထိုင်မယ်။
🔸 လုပ်စရာရှိတဲ့အလုပ်ကို ရိုးရိုးသားသား အကောင်းဆုံးဖြစ်အောင်လုပ်မယ်။
🔸 သက်ရှိတိုင်းကို ကြင်နာမယ်။
Just for today,
🔸 I will not be angry.
🔸 I will not worry.
🔸 I will be grateful.
🔸 I will do my work honestly.
🔸 I will be kind to every living thing. (စာ~၂၇၈)
🔷 အပူများရင် အအေးမလာနိုင်၊ အအေးများနေရင် အပူမဝင်နိုင်ပါ 🔷
~~~~~~~~~~
ဒီစာအုပ်လေးထဲကအတိုင်း အမှန်တကယ် လိုက်နာကျင့်ကြံနိုင်မယ်ဆိုရင် အတွေးဝင်္ကပါထဲ ရောက်ရောက်သွားသည့်တိုင်အောင် သတိကပ်မိလိုက်တာနဲ့ ပြန်လည် လွတ်မြောက်ရာလမ်းကို အလွယ်တကူ ရှာတွေ့နိုင်သွားလိမ့်မယ်။ စိတ်ဝင်္ကပါအကြောင်း လေ့လာရတာ၊အဖြေရှာကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
✨✨✨✨✨
30.7.2024 (Tuesday)
#Alixe002
#EscapingTheMindMaze
#စိတ်ဝင်္ကပါမှလွတ်မြောက်ခြင်း
#MonHalsey