ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

အစ်မအိချိုရေးတဲ့စာတွေကို သဘောကျလို့ FBမှာFollowထားပြီး အမြဲလိုလို
ဖတ်ဖြစ်ပါတယ်။အခုလည်း သဘောကျစရာကောင်းတဲ့ စာစုလေးတွေကို စာအုပ်အဖြစ် တစ်စုတစ်စည်းတည်း ဖတ်ခွင့်ရလို့ ကျေနပ်မိတယ်။
အမျိုးသမီးတွေအတွက် ဖတ်သင့်တဲ့စာအုပ်လေးလို့
မြင်မိပါတယ်။ကိုယ်တိုင်လည်း ဖတ်ရင်း ပြင်သင့်တာတွေကို မြင်တယ်။နောက်ပြီး ပြောပြသွားတာလေးတွေက အစ်မတစ်ယောက်က သူ့အတွေ့အကြုံတွေကို မျှဝေနေသလို ခံစားချက်လေးရတာကြောင့်
Healing Vibeလည်း ရစေပါတယ်။
ကိုယ့်အားကိုယ်ကိုးပြီး သန်မာတတ်စေဖို့၊RS ရှိသူတွေဆိုရင်လည်း နှစ်ယောက်တစ်ဘဝ ထူထောင်မယ်ဆိုသည့်တိုင် ကိုယ့်လုပ်အား၊ကိုယ်ပိုင်ဝင်ငွေရှာပြီး ဘယ်လိုအခြေအနေမှာမဆို အမှီအခိုကင်းတဲ့ ဘဝဖြစ်တည်မှုမျိုး ရှိဖို့လိုတယ်ဆိုတဲ့အတွေးလေးက စွဲထင်ကျန်နေခဲ့တယ်။
တခြားသူတစ်ဦး (မိသားစုဝင်၊ချစ်သူရည်းစား၊မိတ်ဆွေသူငယ်ချင်း)အပေါ်မှာ ကိုယ့်ပျော်ရွှင်မှုကို ယုံကြည်ပုံအပ်ထားတာထက် တစ်ယောက်တည်းလည်းကိုယ်တိုင်ပျော်ရွှင်အောင် နေတတ်ဖို့ လိုအပ်ကြောင်း ပြောပြပေးသွားတဲ့အစ်မအိချိုကို ကျေးဇူးအများကြီးတင်ပါတယ်။
မိမိရဲ့True Selfကိုလည်း မြင်စေသလို Healthy Mindset ဖြစ်လာအောင်ပါ အထောက်အပံ့ကောင်း
ပေးနိုင်မယ့် စာအုပ်ကောင်းလေး ဖြစ်ပါတယ်။
အမျိုးသမီးလေးတွေ ဖတ်ကြည့်စေချင်ပါတယ်🤍

![]() | ![]() | ![]() |