✨🪐YOU ARE YOUR UNIVERSE (သင်သည်သာ သင့်ရဲ့စတြဝဠာ)🪐✨
💜✨ Mon Halsey
=====================================
🌌🌌🌌 Universe ဆိုတာ ဘာလဲ……
လွယ်လွယ်ပြောရမယ်ဆိုရင်….
🌏 ကမ္ဘာပေါ်မှာ စတြဝဠာကြီးလို့ပဲ သိထားခဲ့တယ်။
အတိုကောက်အားဖြင့် (NASA) ခေါ် National Aeronautics and Space Administration သည် အမေရိကန်၏ အာကာသ စီမံကိန်းများအတွက် တာဝန်ရှိသည့် အစိုးရအပိုင် ဌာနတစ်ခုဖြစ်ခဲ့သည်။
စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ကား (Avatar) ဆိုတဲ့ ဂြိုလ်သားတွေကို ရုပ်ရှင်ရိုက်နေတာကို ကြည့်ဖူးခဲ့တာ မှတ်မိပါတယ်။
အခုလက်ရှိမှာ ခေတ်စားလာတော့ AI နည်းပညာတွေကို (Universe) ဖန်တီးလို့ ရတယ်။
Universe တကယ် ဘာလဲဆိုရင်တော့…⬇️⬇️⬇️
စကြဝဠာရဲ့လေးနက်မှု၊ မြင့်မြတ်မှု၊ တည်ငြိမ်မှု၊ အလှတရား၊ ရတနာတွေနဲ့ လျှို့ဝှက်ချက်တွေဆိုတာ တကယ်တော့ လူတို့ရဲ့ Soul နှလုံးသားထဲမှာပဲ ရှိနေတယ်။ ရှာဖွေလေ…ထိတွေ့ခံစားရလေမို့လို့ အံ့ဩဝမ်းသာစရာပဲဖြစ်ပါတယ်။
ကိုယ်က Universe ထဲမှာနေတယ်။ Universe ဟာ ကိုယ့်ရင်ထဲမှာလည်း ရှိနေတယ်။ ကိုယ်တိုင်က ကိုယ့်ရဲ့ Universe ပဲ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာတွေအကုန်လုံးဟာ ကိုယ့်ဆီမှာပဲ ရှိနေပါတယ်။ မိမိကိုယ်သာ ကိုးကွယ်ရာပဲ ဖြစ်ပါတယ်။
စိတ်ခံစားမှုဆိုတာဟာလည်း Energy in Motion (Emotions) လှုပ်ရှားနေတဲ့စွမ်းအင်တစ်ခုပဲ ဖြစ်ပါတယ်။
You are your universe ရဲ့ ဘာသာစကားဟာ တုန်ခါမှု Vibration တွေ ကြိမ်နှုန်း Frequency တွေပဲဖြစ်ပါတယ်။
🔥ဒေါသကြောင့် တုန်ခါနေတဲ့လှိုင်းတစ်ခုကို Universe က ဒေါသအနေနဲ့ လက်ခံယူလိုက်ပါတယ်။ ဒီအတိုင်းပဲပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။ ထုတ်လွှတ်ပေးလိုက်ပါတယ်။
❄️မေတ္တာကြောင့် အေးမြနေတဲ့လှိုင်တစ်ခုကို Universe က မေတ္တာအနေနဲ့ အသိအမှတ်ပြုလိုက်ပါတယ်။
📌ဒီစာအုပ်ထဲမှာလည်း Universeနဲ့ ပတ်သတ်တဲ့…
🔺Spiritual
🔺Manifestation
🔺Mindfulness
🔺Energy
🔺Law of Attraction
🔺Vibrational Frequency
🔺Mindful Eating…စသည့်အပြင် တစ်ခြားတစ်ကြောင်းအရာလေးတွေကို အသေးစိတ် ပိုလေ့လာအောင် သိခွင့်ပိုရရှိခဲ့တယ်။
ဒီစာအုပ်ကို ဖတ်ပြီးနောက် Universe ရဲ့ဘာသာစကားဆိုတဲ့အဓိပ္ပာယ်လေးကိုဘသိလိုက်သလို Universe ဟာ ဘာသာစကားရှိတယ်ဆိုတော့ သိခွင့်ရတယ်။
🖇️🖇️🖇️🖇️🖇️
✨Universe✨
~~~~~~~~~~~~~
Universe ဆိုတာ တကယ်တော့ Infinite Wisdom အနှိုင်းမဲ့ ပညာဉာဏ် ရတနာသိုက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ မိမိတို့ရဲ့ Innerworld မှာ စတြဝဠာရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက်တွေဟာ ဆန်းကြယ်စွာ တည်ရှိနေပါတယ်။ ကိုယ်တိုင်ရှာဖွေတတ်ဖို့သာ လိုပါတယ်။ (စာ~၇၃)
Universe ဆိုတာ လူတစ်ယောက်တစ်နေ့တာကို စတင်ခြင်းရဲ့အကြောင်းရင်းပဲတဲ့ ။ ကိုယ့်ရဲ့စတြဝဠာကို ရိုးရိုးရှင်းရှင်းရှိထားခြင်းဖြင့် ပျော်ရွှင်မှု ၊ ကျေနပ်ဖွယ်ရာတွေနဲ့ ဘဝကို အဓိပ္ပာယ်ပြည့်စေပါတယ် ။
လူသားရဲ့ ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေကို တစ်ခုချင်းစီတိုင်းဟာ စတြဝဠာကြီးရဲ့အဆုံးမဲ့သော နဂါးငွေ့တန်း(Galaxy)ကို ကိုယ်စားပြုတယ်။ လူသားတစ်ယောက်ဟာ မျက်လုံးနဲ့မြင်နိုင်တာက် သိစိတ် ဦးနှောက်က နားလည်လက်ခံတာထက် မိမိတို့ရဲ့ စိတ်ဝိညာဉ် (Soul) ဟာ ပိုနက်နဲလှပါတယ်။
Universe ဆိုတာကိုတော့ God လို့လည်း တင်စားပြောဆိုကြတာရှိတယ်။ ဒါပေမဲ့ Universe ဟာ ကိုယ်လိုချင်တဲ့အရာရာတိုင်းကို ဖန်တီးပေးနိုင်တဲ့ ဖန်ဆင်းရှင်တော့မဟုတ်ဘူး။ တကယ်တော့ ကိုယ်လိုချင်တဲ့အရာတွေကို ဖန်တီးနိုင်တာက ကိုယ်ကိုယ်တိုင်သာဖြစ်တယ်။ (စာ~၆)
Universe က ရေလိုပဲဆိုရင် ကိုယ်ကလည်း ရေလိုပါပဲ။ နေ့စဉ်နဲ့အမျှ ညင်သာပျော့ပြောင်းလာတယ်။ အပြောင်းအလဲ မြန်လာတယ်။ တည်ငြိမ်မှု မရှိနေတာ ဖြစ်ပါတယ်။
တကယ်တော့ Manifestation ဆိုတာလည်း ကံအလုပ်ပါပဲ။ ကျေးဇူးတရား မေတ္တာတရား ငြိမ်းအေးမှု ငြိမ်သက်မှု ယုံကြည်မှု သဒ္ဓါတရားနဲ့ ကုသိုလ်အလုပ်တွေပဲ ဖြစ်ပါတယ်။ ဒီအလုပ်တွေနဲ့ဆိုရင် ဘဝမှာ မတောင်းဘဲနဲ့ကို ပြည့်စုံနိုင်တဲ့ ဆုတွေရှိပါတယ်။ အကျိုးကိုရလာဖို့ အကြောင်းကို ဖန်တီးလိုက်တဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒါကြောင့် Universe ဆိုတဲ့အရာကို အဝေးမှာ သွားရှာဖို့ မလိုပါဘူး။ အဲဒီ Universe ဆိုတဲ့အရာဟာ မိမိရင်ထဲ နှလုံးသားထဲမှာ အနီးကပ်ဆုံးရှိနေတတ်ပါတယ်။ ကိုယ်တိုင်ဟာ ကိုယ့်ရဲ့ Universe ပါပဲ။ (စာ~၁၅)
Soul ---> လူတစ်ယောက်မှာရှိတဲ့အမြင့်မြတ်ဆုံးသော ဥာဏ်ပညာ Wisdom ပဲ ဖြစ်ပါတယ်။ Higher Self လို့လည်း ပြောကြပါတယ်။ သူက ကိုယ့်အတွက် တကယ်ကောင်းတာ...မကောင်းတာကို သိတယ် လုပ်ဖို့နဲ့ မလုပ်ဖို့ပဲကို ပြောတတ်ပါတယ်။ (စာ~၉၅)
💥Energy 💥
~~~~~~~~~~~~
Energy ဆိုတာ အလျားအနံမရှိ၊ အတားအဆီးမရှိ၊ စီးဆင်းတတ်တဲ့ သဘာဝမျိုးရှိတယ်။
Energy ဆိုတာ တက်ကြွလှုပ်ရှားဖို့အတွက် လိုအပ်တဲ့ energy ကို ပြောတာမဟုတ်ပါဘူး။ တည် တည်ငြိမ်ငြိမ်နဲ့ ကိုယ်လုပ်တဲ့ အလုပ်မှာ အာရုံစူးစိုက်နိုင်စွမ်းရှိစေတဲ့ energy ကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။
အမေရိကန်မှာ Judith Orloff လို့ခေါ်တဲ့ လူသိများတဲ့ စိတ်ရောဂါကုဆရာဝန် တစ်ယောက်ရှိတယ်။ မရေမတွက်နိုင်တဲ့ လူနာတွေကို ကုပြီးတဲ့နောက် ဆရာဝန်က သူ့အမြင်ကို အခုလို တင်ပြတယ်။
လူတော်တော်များများ မပျော်ရတဲ့ အကြောင်းရင်းက သူတို့ကိုယ်တိုင်ကြောင့် မဟုတ်ဘဲ သူတို့ပတ်ဝန်းကျင်မှာ “စွမ်းအင်စုပ် ဖုတ်ကောင်” တွေ ရှိတာကြောင့်ဖြစ်တယ်။
"စွမ်းအင်စုပ် ဖုတ်ကောင်" ဆိုတာ ဘာလဲ …..
ကိုယ့်ကို မသိမသာ နှိပ်ကွပ်တာ၊ နှိမ့်ချတာ၊ ကိုယ့်စွမ်းအင်ကို စုပ်ယူပြီး ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်မှုလွတ်စေတဲ့ သူတွေဟာ စွမ်းအင်စုပ် ဖုတ်ကောင်တွေဖြစ်တယ်။
Energy စီမံခန့်ခွဲမှုရဲ့ အဓိက အချက်တွေကတော့ အစားအသောက်ကို ဂရုစိုက်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ စိတ်ဖိစီးမှုရှောင်ရှားခြင်း၊ အိပ်ရေးဝဝ အိပ်စက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
🔋Protect your energy🔋 စာပိုဒ်လေး သဘောကျတယ်။ Energy ကို ဘယ်လိုကာကွယ်ရမလဲဆိုတော့ (စာ~၃၈)
🔋ကိုယ်ရဲ့ခံစားချက်တွေကို ချိန်ညှိပါ။ -Tune in to how you’re feeling.
🔋စည်းတွေ သတ်မှတ်ပါ။ -Set boundaries to conserve energy.
(ကိုယ်မကြိုက်တဲ့အရာကို ငြင်းဆိုပါ၊ လက်မခံနိုင်ရင်တော့ ငြင်းဆိုပါ)
🔋ကိုယ့်Energy တွေကို သူများကို မပေးပါနဲ့။ -Stop giving away your energy.
🔋မကောင်းတဲ့အရာတွေကို ဘယ်လောက်ထိပဲ လက်ခံမယ်ဆိုတာ သတိကပ်ထားပါ။ -Use mindfulness to limit your exposure to negativity.
🔋ကိုယ်ပိုင်နေရာလေးတစ်ခု ရှာပါ။ -Find your happy place.
🔋စိတ်အနှောင့်အယှက်လေးတွေကို သတိပြုမိပါစေ။ -Be aware of your triggers.
🔋ကိုယ်နေထိုင်တဲ့နေရာတွေကို ရှင်းလင်းပါ။ -Clean your living space.
🔋ခိုင်မာတဲ့ မိတ်ဆွေရပ်ဝန်းကိုတည်ဆောက်ပါ။ -Build a solid social circle.
🔋အတ္တစိတ်ကို ထိန်းချုပ်ပါ။ -Control the ego.
🔳 စိတ်ခံစားမှုတွေဟာ ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ခန္ဓာကိုယ်မှာ မကြာခဏ ပေါ်လွင်ပါတယ်။ ခံစားချက်တွေကို အာရုံစိုက်တဲ့အခါ ခန္ဓာကိုယ်ကိုလည်း စစ်ဆေးဖို့လိုပါတယ်။
🔳 လောကဓံ ဆိုတာ “လောကဓမ္မ” ဆိုတဲ့ စကားလုံးကနေ လာတာလို့ သိတယ်။ လောကမှာ ရှင်သန်ကျင်လည်ကြတဲ့သူတိုင်း ရှောင်လွှဲလို့ မရတဲ့ Nature Energy သဘာဝစွမ်းအင်ကိစ္စတွေပေါ့။ အဲဒါတွေကို ရင်ဆိုင်နိုင်ဖို့အတွက်
🔸Universe ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။
🔸 ကိုယ့်ရဲ့ လုပ်ရပ်ကောင်းတွေကို ယုံကြည်ပါ။
🔸အနာဂတ်ကို ယုံကြည်ပါ။
🔳 လောကမှာ အရှုံးဆုံးကိစ္စဟာ တစ်ပါးသူတွေရဲ့ လုပ်ရပ် သို့မဟုတ် တုံ့ပြန်မှုကြောင့် ကိုယ်လုပ်ရမဲ့ လုပ်ရပ်ကောင်းတွေကို ရပ်ပစ်လိုက်တာ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပစ်လိုက်တာ ဆွဲနှိမ့်ပစ်လိုက်တာပါပဲ။
ဘာတွေပဲ ပျောက်ဆုံးသွားပါစေ ယုံကြည်မှုတော့ ပျောက်မသွားဖို့ လိုပါတယ်။
✨️The Universe has my back✨️