ဦးနှောက်နှင့် နှလုံးသား

( 1 မှတ်ချက်)

5500 (ကျပ်)

“သမီး ဆန္ဒရှိတယ်ဆိုရင်တော့ ဂျပန်မှာ နေချင်သလောက်နေပါ၊ သမီးစိတ်ချမ်းသာတာကိုပဲ အဖေလိုချင်ပါတယ်။ အဲဒီမှာ ပျော်နေမယ်ဆိုရင်လဲ အဖေတို့ နားလည်နိုင်ပါတယ်။ ဒါပေမယ့် ခရီးဘယ်လောက်ဝေးသည်ဖြစ်စေ၊ လမ်းပန်းဘယ်လောက် ကြမ်းသည်ဖြစ်စေ အိမ်ဆိုတာ ပြန်ချင်ရင် အချိန်မရွေး ပြန်လာလို့ရတဲ့နေရာဆိုတာ သမီးမမေ့ဖို့ တစ်ခုပဲ အဖေမှာချင်တယ်” ဟူ၍

အဖေ့စကားလုံးတွေက ကျွန်မအတွက် အလွန်အဖိုးတန်သော လက်ဆောင်မွန်တစ်ခုဖြစ်ခဲ့သည်။ ဂျပန်မှာ ကျွန်မအစီအစဉ်တွေက မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာခဲ့ပါ။ သို့နှင့် အိမ်သို့ပင် ကျွန်မပြန်ခဲ့သည်။ မိဘတို့၏ ဆန္ဒကို ပယ်လှန်လေ့မရှိသည့် ကလေးသူငယ်တစ်ယောက်၏  နာခံစိတ်မျိုးသက်သက်ဖြင့် မဟုတ်။ အရွယ်ရောက်သော သူ တစ်ယောက်မှရှိသည့် ကိုယ်ပိုင်နှလုံးသား၏ ဆွဲဆောင်မှု၊ ကျွန်မ ဘယ်သောအခါမျှ တွေ့ကြုံဆုံစည်းနိုင်စရာမရှိသည့် အခြေမဲ့ အနေမဲ့ တစ်ယောက် ပေးခဲ့ဖူးသော လက်ဆောင်မွန်ကို အမွေ အနှစ် တစ်ခုသဖွယ် ဆင့်ပွားခံစားခဲ့မှုတို့ဖြင့် ကိုယ့်အိမ်ကိုယ့်ယာဆီ ကျွန်မ အရောက်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

(အိမ်အပြန် – ဝတ္ထုဆောင်းပါးမှ)

ယခုစာအုပ်တွင် ၁၆ပုဒ် ပါဝင်ပြီး လွတ်လပ်စွာတွေးခေါ်ပြီး အတွေးနယ်ချဲ့နိုင်မယ့် အကြောင်းအရာများပါဝင်တဲ့ ခံစားမှု အတွေးစာစု စုစည်းမှု စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

187

စာအုပ်အရွယ်အစား

4.1 x 0.4 x 6.5 inches

ပုံနှိပ်မှတ်တမ်း

မြန်မာ့ရတနာစာပေ၊ 2005 အောက်တိုဘာလ၊ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

11.8.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 5500 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

5 in stock

ဦးနှောက်နှင့် နှလုံးသား အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Chan Nyein Aung –

    ဦးနှောက်နှင့် နှလုံးသားဆိုတဲ့ စာအုပ်ခေါင်းစဉ်လေးအတိုင်းပဲ
    ယခုစာအုပ်လေးထဲမှာ ဦးနှောက်ရယ် နှလုံးသားရယ် ချိန်ထိုးပြီး စဉ်းစားခံစားရမယ့် အကြောင်းအရာလေးတွေပါဝင်ပါတယ်။ ဒီစာအုပ်လေးကို လူငယ်တွေကို ဖတ်စေချင်ပါတယ်။ကျွန်တော်လဲ လူငယ်တစ်ယောက်ဆိုတော့ ကိုယ်တိုင်ခံစားဖတ်ကြည့်ပြီး ညွှန်းဆိုထားခြင်း ဖြစ်ပါတယ်။ယခုစာအုပ်လေးလဲ ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်လေးပါပဲ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဖေမြင့် စာအုပ်များ