


ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ
7000 (ကျပ်)
❝ မျက်လုံးကို အသုံးပြုပါ ❞
လူတစ်ယောက်နှင့်ဖြစ်စေ၊ လူတစ်ရာနှင့်ဖြစ်စေ၊ စကားပြောသည့် အခါတိုင်းပင် မိမိပြောနေသူ(တို့)၏ မျက်နှာကို ကြည့်ပြီးပြောဖို့လိုသည်။တစ်ချို့က စကား စ ပြောသည့်အခါ တွင်တော့ တစ်ဖက် လူကို တစ်ချက်ကြည့်သည်။ သို့သော် သုံးလေးလုံးလောက်ပြောမိလျှင်ပင် သည်လူ့ကိုမေ့လျော့ကာ တခြားကို ငေးရင်း ကိုယ်ပြောချင်ရာတွင် တစ်ကိုယ်တော် လျှောက်ပြောနေမိတော့သည်။
သည်အပြုအမှုမျိုးကို သတိထားပြုပြင်ရပေမည်။ လူအများရှိသည့် ခန်းမတစ်ခုထဲ ဝင်လာသည့်အခါမျိုးမှာလည်း ကျီးကန်းတောင်းမှောက် မဟုတ်၊ ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာအမူအရာဖြင့် အခန်းထဲဖြန့်ကျက်အကဲခတ်လိုက်ပြီးနောက်၊ မိမိအရင်ရောက်နှင့်သူတို့ကို တည့်တည့်ကြည့်ကာနှုတ်ဆက်အပြုံးနှင့် ပြုံးပြတတ်ဖို့ လိုပေသည်။ တချို့က လူတွေအများကြီးရှိသည့် ခန်းမမျိုးထဲဝင်ရမှာကို ခြင်္သေ့လှောင်အိမ်ထဲ ဝင်ရသလို သဘောထားမိသည်ဆို၏ ။ ကျွန်တော် လက်မခံပါ။ တကယ်သာ ခြင်္သေ့လှောင်အိမ်ထဲ ဝင်ရသည်ဆိုက မျက်နှာကြက် မော့ကြည့်နေတာတို့ ကိုယ့်ခြေထောက်ကိုယ်ငုံ့ကြည့်နေတာတို့ ဘယ်လုပ်ပါမည်လဲ၊ ခြင်္သေ့ကိုပဲ မျက်တောင်မခတ် စိုက်ကြည့်နေမိကြမည်ပေါ့။
သူတစ်ပါးတို့နှင့် ဆက်ဆံရာ၌ ပြုံးခြင်းသည်လည်း အရေးကြီး၏ ။ တချို့က ပြုံးတော့ပြုံးသည်၊ သို့သော် နေရာမကျ၊ တမင်လုပ်ထားမှန်း သိသာနေသည်။ တစ်ဖက်လူကို မျက်လုံးကြီး ပြူးကြည့်ကာ သွားတိုတ်ဆေးကြော်ငြာသလို ပါးစပ်ကြီး အတင်းဖြဲပြသည့်အခါ တစ်ဖက်လူအတွက် အနေရခက်စေသည်။ ဒါမျိုးသည်လည်း ကိုယ့်ကိုမကြည့်ဘဲ စကားပြောနေသူအား နားထောင်ပေးနေရသလိုပင် မသက်မသာရှိလှသည်။ အကောင်းဆုံးကြည့်တတ်ပြုံးတတ်သူတို့၏ အကြည့် အပြုံးများကမူ ညင်သာသည်၊ သိမ်မွေ့သည်၊ သက်သောင့်သက်သာ ရှိလှပေသည်။
===
စာရေးဆရာအမှာစာမှ ကောက်နှုတ်ဖော်ပြချက်
| စာမျက်နှာ | 185 |
|---|---|
| စာအုပ်အရွယ်အစား | 4.8 x 0.4 x 7.2 inches |
| ပုံနှိပ်မှတ်တမ်း | မြန်မာ့ရတနာ၊ 2024 ဖေဖော်ဝါရီလ၊ (ဒု-ကြိမ်) |
| ဈေးနှုန်းအပြောင်းလဲ | 12.8.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 7000ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
20 in stock
ဖေမြင့် စာအုပ်များ
-
ဖေမြင့်ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်
9000 (ကျပ်)Rated 5.00 out of 5 based on 7 customer ratings( 7 မှတ်ချက်) -
ဖေမြင့်ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ
7000 (ကျပ်)Rated 4.75 out of 5 based on 4 customer ratings( 4 မှတ်ချက်) -
ဖေမြင့်မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား
9000 (ကျပ်)Rated 5.00 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
ဖေမြင့်ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ
6500 (ကျပ်)Rated 5.00 out of 5 based on 5 customer ratings( 5 မှတ်ချက်) -
ဖေမြင့်ဘာကြောင့် ခုထိမချမ်းသာသေးတာလဲ
8500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဖေမြင့်ဟောနည်း ပြောနည်း ကိုယ့်ဘက်ပါအောင်စည်းရုံးနည်းများ
5000 (ကျပ်)Rated 3.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဖေမြင့်နှလုံးသားအာဟာရ ရသစာများ
5500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဖေမြင့်နှလုံးသားအာဟာရရသစာများ (တတိယတွဲ)
5000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဖေမြင့်လူနာဆောင်အမှတ်ခြောက်
6500 (ကျပ်)Rated 4.33 out of 5 based on 3 customer ratings( 3 မှတ်ချက်) -
ဖေမြင့်ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်နှလုံးသားအာဟာရ ရသစာများ (ဒုတိယတွဲ)
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားမယ့်ပုဂ္ဂိုလ်
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း
11000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်စဉ်းစားခြင်း
7000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဖေမြင့်စနစ်တကျတည်ဆောက်ထားသော စိတ်၏သတ္တိစွမ်းအားများ
13500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်ချုံကြားမှဘုံဖျားသို့
13500 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ဖေမြင့်ဒေးလ်ကာနက်ဂျီ လူသန်းပေါင်းများစွာတို့၏ဘဝကို ပြောင်းလဲစေခဲ့သူ
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်ဦးနှောက်နှင့် နှလုံးသား
5500 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဖေမြင့်ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ
5500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဖေမြင့်အားပြင်းတဲ့မြှားတစ်စင်း
6500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်ခေါင်းဆောင်စိတ်ခေါင်းဆောင်အတွေး
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်သင့်စိတ် သင့်အတွေးအကြံများအတိုင်းသာ
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်ဘဝဒဿန ရသစာများ
8000 (ကျပ်)Rated 3.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဖေမြင့်တန်ဖိုးထားအပ်သောအရာများ
5500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်မည်သို့ပင်ဖြစ်စေ
8000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ
17000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်စိန်မြေဧကပေါင်းများစွာ
4000 (ကျပ်)Rated 3.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဖေမြင့်မဟာကရုဏာရှင်များ
7500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်ဂျီးနီးယပ်(စ)
6500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဖေမြင့်စိတ်ဓာတ်နှင့် နည်းနာ
5500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်နာမည်တစ်လုံးရမလာခင်တုန်းက
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့်အကြံ ၁
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့်အကြံ ၂
9000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်ဉာဏ်ပညာ အမြော်အမြင်
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်ဆေးရုံ
18000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်စာအုပ်ကမ္ဘာ
14000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖေမြင့်စာဖတ်သမား၏မှတ်စုများ
5500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


Thet htar su –
Good
hein Ko –
လူသားတွေအတွက်ခေါင်ဆောင်
Mi Shweyee Win Htet –
#ဆရာဖေမြင့်
#ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ
✨✨✨
ဒီစာအုပ်ဟာ ပေါင်းသင်းဆက်ဆံရေးညံ့တဲ့ ကိုယ့်အတွက် အစပိုင်း ဖတ်ရမှာပျင်းနေခဲ့ပေမဲ့ ခေါင်းစဉ်တစ်ခု ဖတ်ပြီးလာတဲ့အခါ လိုအပ်ချက်တွေ သိလာပြီးနောက် ဆက်ပြီးဖတ်ချင်လာခဲ့တယ်။ စာတွေအားလုံးဟာ တအားစဉ်းစားရတာမျိုးမဟုတ်ဘဲ နားလည်လွယ်အောင် ဥပမာတွေနဲ့ ရေးသားထားတယ်။
အပြောအဆိုလိမ္မာသူ၊လူမူပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်သူ၊ပါရဂူတို့၏လမ်းညွှန်ချက်တွေ နည်းလမ်းတွေကို ဆရာကရှာဖွေပြီး မြန်မာဘာသာဖြင့် ဖတ်သူနားလည်လွယ်အောင် ဘာသာပြန်ဆိုထားတဲ့ လူမူပေါင်းသင်းဆက်ဆံရေးတိုးတက်စေတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
“ရုပ်ချောနှင့်အပြောကောင်းတွင် အပြောကောင်းသူကို ပို၍ချစ်ကြသည်”
ပညာအခြေခံချင်းတူနေပါလျှက်နဲ့ တစ်ယောက်နဲ့တစ်ယောက်ဘဝအခြေအနေကွာခြားသွားကြတဲ့ အကြောင်းအရင်းဟာ လူမူပေါင်းသင်းဆက်ဆံရေးပါပဲလို့ ဆရာ့ရဲ့အမှာစာမှာ ဥပမာပေးနှိုင်းယှဉ်ဖော်ပြသွားပေးတယ်။မိမိကို သူတစ်ပါးအထင်အမြင်ကောင်းလာအောင်၊တစ်ဖက်သား ကိုမိမိဘက်ပါလာအောင် စည်းရုံးနိုင်အောင် သီးခြားအတတ်ပညာတစ်ရပ်အဖြစ် လူမှုပေါင်းသင်းဆက်ဆံရေးဟာ ယနေ့ခေတ်တွင် အဓိကဖြစ်လာခဲ့တယ် လို့ ဆရာကရှင်းပြပေးထားပါတယ်။
ဒီစာအုပ်ကိုဖတ်ပြီး ပေါင်းသင်းဆက်ဆံရေးတအားကောင်းလာတာမျိုးမဟုတ်ဘဲ လူအများနဲ့ပေါင်းသင်းလာရတဲ့အခါ လိုအပ်ချက်တွေ၊သတိပြုရမယ့်အချက်တွေ၊ဆောင်ရန်ရှောင်ရန်တွေ၊ဗဟုသုတတွေကို ဖတ်လိုက်ရမိတဲ့အတွက် အိပ်ပျော်နေတဲ့ ကိုယ့်ရဲ့အတွေးကို လှုံ့ဆော်ပေးနိုင်တယ်။
ယနေ့အထိ သူစိမ်းသူကိုမြင်ရင် တအားကြောက်တတ်တယ်။သူစိမ်းသူတွေနဲ့ စကားပြောရမှာ အရမ်းပျင်းနေတတ်တယ်။ပြီးတော့ သူစိမ်းသူကိုမြင်ရင် သရဲမြင်သလို ပြေးပြီးရှောင်နေတတ်တဲ့ ကိုယ့်အတွက်တော့ “သူစိမ်းတွေနဲ့လည်းခင်ခင်မင်မင် “ဆိုတဲ့ခေါင်းစဉ်ကိုဖတ်ပြီးသွားအခါ သူစိမ်းသူတွေကို ရင်ဆိုင်ချင်လာမိတယ်။သူစိမ်းသူတွေနဲ့ရင်းရင်းနှီးနှီးစကားတွေပြောချင်လာခဲ့တယ်။
ဒီစာအုပ်ဟာ စီးပွားရေးလုပ်ချင်တဲ့သူတွေ၊အောင်မြင်ကြော်ကြား
ချင်တဲ့သူ၊ စကားပြောနည်းတဲ့သူတွေ၊လူအများကြားမှာ မသွားရဲမလာရဲကြတဲ့သူတွေ၊ သူစိမ်းသူတွေကိုကြောက်နေကြတဲ့သူတွေ၊ ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းတဲ့သူတွေ မဖြစ်မနေဖတ်သင့်တယ်လို့ ညွှန်းပေးပါရစေ။
ပေါင်းသင်းဆက်ဆံရေးကို တိုးတက်အောင် တကယ့်လက်တွေ့ဘဝမှာ ရင်ဆိုင်ရန် ခက်ခဲလှပါတယ်။ ဒါပေမဲ့ ရင်ဆိုင်ကြည့်ချင်တယ်။ လူတွေနဲ့ မျက်လုံချင်းဆုံပြီး သက်တောင့်သက်သာ စကားတွေ ပြောကြည့်ချင်တယ်။လူတွေကိုလိုက်ပြီးစည်းရုံချင်ကြည့်ချင်တယ်။
ပေါင်းသင်းဆက်ဆံရေးကောင်းတယ်လို့ ထင်နေတဲ့အရာတွေဟာ တကယ်တမ်းတော့ စစ်မှန်တဲ့ပေါင်းသင်းဆက်ဆံရေးတွေမဟုတ်တာမျိုးလည်းရှိတယ်။မိမိဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းမကောင်း
ဘယ်လိုသိနိုင်မလဲဆိုတော့ ဒီစာအုပ်ကနေ ရှာဖွေတွေ့ရှိနိုင်ပါတယ်။
ဒီစာအုပ်ဖတ်ပြီးဘာရသွားလဲဆိုတော့ အများကြီးရသွားတယ်။
ဘာတွေရသွားလဲဆိုတော့ လာမမေးနဲ့ ရင်ဆိုင်ကြည့်မှ သိမယ်လို့ထင်တယ်။😀
Nyan Lin Htet –
danielphoenix508@gmail.comတကယ်ကိုစကားပြောတတ်စေဖို့အထောက်အကူပြုပါတယ် အသေးစိတ်ကျွမ်းကျင်အောင်လေ့လာနိုင်ပါတယ်