ဆေးရုံ

( 0 မှတ်ချက်)

18000 (ကျပ်)

ဆေးရုံလုပ်ငန်း ယန္တရားအောက်က ဆေးဝါးကုသရေး၊ စီမံခန့်ခွဲရေး၊ စီးပွားရေး … စသည့် စသည့် ကဏ္ဍများ၊ ထိုယန္တရားထဲတွင် လှုပ်ရှားပါဝင်နေကြသည့် အုပ်ချုပ်ရေးသမား၊ သမားတော်၊ ခွဲစိတ်ဆရာဝန်၊ သူနာပြု၊ ရောဂါဗေဒပညာရှင်၊ ဓာတ်ခွဲကျွမ်းကျင်သူ … စသည့် စသည့် လူပုဂ္ဂိုလ်များ။

၎င်းတို့အကြားက ညီညွတ်မှု၊ မညီညွတ်မှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနှင့် အချင်းချင်း ပညာပြိုင်မှုများ၊ မာန အာဃာတများနှင့် လုပ်ဖော်ကိုင်ဖက်ချင်း ရင်းနှီးချစ်ခင်မှုများ။

နည်းနာသစ် ကိရိယာသစ်တို့ကို အသုံးပြုကာ ကုသမှု အရည်အသွေး တိုးတက်အောင် မပြတ် ကြိုးပမ်း ဆောင်ရွက်လိုသူနှင့် အစဉ်အလာ နည်းနာများကို လက်မလွှတ်နိုင်သူတို့ကြားက အငြင်းပွားမှုများ။

အုပ်ချုပ်ရေးသမားနှင့် ကုသရေးသမားတို့၏ မတူညီသော ရည်မှန်းချက်နှင့် ဦးစားပေး ရွေးချယ်မှုများ။

နှစ်ပွင့်ဆိုင် သုံးပွင့်ဆိုင် အချစ် အလွမ်း ဇာတ်လမ်းများ၊ ရောဂါဝေဒနာသည်တို့၏ ကြေကွဲဖွယ် ဖြစ်ရပ်များ …

ဆေးရုံ ဆေးခန်းနှင့် မကင်းနိုင်သူများအတွက် Arthur Hailey ၏ The Final Diagnosis ကို ဘာသာပြန်ဆိုထားသည့် ဆရာဖေမြင့်၏ “ဆေးရုံ” ဝတ္ထုကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာ ဖြစ်ပါတယ်။

စာမျက်နှာ

305

စာအုပ်အရွယ်အစား

5.2 x 0.7 x 8.1 inches

ပုံနှိပ်မှတ်တမ်း

မြန်မာ့ရတနာစာပေ၊ 2026 ဇွန်လ၊ (ဒုတိယအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆေးရုံ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဖေမြင့် စာအုပ်များ