ဂျီးနီးယပ်(စ)

( 1 မှတ်ချက်)

6500 (ကျပ်)

တကယ်ထူးချွန်အောင်မြင်တဲ့ ပညာရှင်တိုင်း အနုပညာသမားတိုင်းဟာ နဂိုအထုံ ဝါသနာအခြေခံပေါ်မှာ၊ ထပ်တလဲလဲလေ့ကျင့်မှု၊ သက်ဆိုင်ရာနယ်ပယ်နဲ့ ပတ်သက်တဲ့ သိသင့်တတ်သင့်သမျှကို သိအောင် တတ်အောင် လေ့လာဆည်းပူးမှု၊ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို စိတ်တိုင်းမကျမချင်း လက်မလွှတ်တတ်မှုဆိုတဲ့ ပညာသည်ကောင်းရဲ့ အလေ့အကျင့်တွေ ထပ်ဆင့်ပေါင်းစပ်ပြီးတော့မှသာ တကယ်တစ်ဖက်ကမ်းခတ်သူတွေ၊ အသက်မွေးနိုင်လောက်အောင် တတ်မြောက်ကျွမ်းကျင်သူတွေ၊ သူတကာထက် ထူးကဲထက်မြက်တဲ့ ပါရမီရှင်တွေ ဖြစ်လာကြတာဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ပါရမီရှင် ဉာဏ်ကြီးရှင်များ၊ မဟာဦးနှောက်များ၊ လောကနယ်ပယ်စုံမှ အထူးချွန် အထက်မြက်ဆုံး ပုဂ္ဂိုလ်များ၏ ထူးခြားသော သဘောသဘာဝနှင့် ထိပ်တန်းအဆင့်ရောက်အောင် လေ့ကျင့်ပျိုးထောင်ပုံများကို ဖတ်ရှုရမှာဖြစ်ပါတယ်။

စာမျက်နှာ

209

စာအုပ်အရွယ်အစား

4.8 x 0.5 x 7.2 inches

ပုံနှိပ်မှတ်တမ်း

မြန်မာ့ရတနာ၊ 2002 မတ်လ၊ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

10.1.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 6500 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

5 in stock

ဂျီးနီးယပ်(စ) အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Daw Thin Thin Htwe

    အရမ်းကောင်းတာထက်ပိုတဲ့စာအုပ်လေးပါ လူလတ်ပိုင်းတွေဖတ်ရင်တော့ ပိုအဆင်ပြေပေမယ့် လူငယ်တွေ ဆယ်ကျော်သက်ကျောင်းသား/သူ တွေအတွက်ပါ အကျိုးရှိအောင် ရေးသားထားတာတွေချည်းပါပဲ။ ကျမဘာကြောင့်ဂျီးနီးယပ် တစ်ယောက်ဖြစ်ဖို့ထက် ဘဝမှာ ဘယ်လိုနည်းနာတွေးခေါ်ပြီး အောင်အောင်မြင်မြင် ဖြတ်သန်းချင်တဲ့သူ ဘယ်သူမဆိုဖတ်ဖို့ 100% ညွှန်းပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဖေမြင့် စာအုပ်များ