ဉာဏ်ပညာ အမြော်အမြင်

( 0 မှတ်ချက်)

15000 (ကျပ်)

ဉာဏ်၊ ပညာ နှင့် အမြော်အမြင်တို့ကြောင့် လူသားသည် ဤကမ္ဘာရှိ အခြားသော သတ္တဝါ အားလုံးထက် ထူးကဲစွမ်းဆောင်နိုင်သူ ဖြစ်ခဲ့၏။

အခြားသတ္တဝါတို့ နဂိုမူလသဘာဝအတိုင်း အရိုင်းဘဝမှာပဲ ဆက်လက်တည်ရှိနေစဉ် လူသားတို့သည် အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက်ကာ ကြီးကျယ်သော ယဉ်ကျေးမှုအဆောက်အအုံများ တည်ဆောက်နိုင်ခဲ့ကြသည်။

ဉာဏ်အမြော်အမြင်သည် လူသားထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးအချက်ဖြစ်သလို၊ တစ်ီဥးချင်းသောလူတို့ မိမိဘဝကို ကောင်းစွာ တည်ဆောက်နိုင်ရေးအတွက်လည်း မရှိမဖြစ်လိုအပ်သည့် အရည်အသွေးတစ်ရပ်ဖြစ်သည်။

ဉာဏ်အမြော်အမြင်က အထွေထွေသော ကိစ္စရပ်များပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အထောက်အကူပေးသကဲ့သို့ လူ့သက်တမ်းတစ်လျှောက် မိသားစုဘဝ၊ လုပ်ငန်းဘဝ၊ လူမှုဆက်ဆံရေးဘဝ တစ်ကိုယ်ရေဘဝစသည့် ဘဝ၏မျက်နှာစာစုံတို့၌ အဆင်ပြေချောမွေ့ကာ၊ ငြိမ်းချမ်းမှုနှင့် သာယာချမ်းမြေ့မှုတို့ ရရှိရေးအတွက်လည်း ထိန်းကျောင်းလမ်းညွှန်ပေးသည်။ ဉာဏ်အမြော်အမြင်မရှိဘဲ ရေရှည်အောင်မြင်၍ ချမ်းသာသုခပြည့်​ဝသောဘဝတစ်ခု တည်ဆောက်နိုင်မည်မဟုတ်ပါ။

ဤစာအုပ်တွင်
ဉာဏ် ပညာ အမြော်အမြင်တို့၏သဘော၊
အမြော်အမြင်၏ အခြေခံဖြစ်သည့် ပညာဗဟုသုတပြည့်ဝအောင် ရှာမှီးခြင်း၊
ဉာဏ်အမြော်အမြင်ကို ထိရောက်စွာ အသုံးချခြင်း၊
ဉာဏ်ပညာရှိသူများ၊
ဉာဏ်ပညာရှိသည်ဟူ၍ မာနတက်ကာ မသင့်တော်သည်တို့ကို လုပ်ကိုင်မိကြသူများ၊
ကျိုးကြောင်းဆင်ခြင်ဉာဏ် ပိတ်ဖုံးသွားစေသည့် အကြောင်းများနှင့် ယင်းအတွက် သင်ခန်းစာယူစရာအချက်များ၊
စသည်တို့ဆိုင်ရာ ဆောင်းပါးတို-ရှည်များ၊ ဝတ္ထု-ပုံပြင်များ၊ ဩဝါဒ အဆိုအမိန့်နှင့် လမ်းညွှန်စကားများကို စုစည်းဖော်ပြပေးထားပါသည်။

စာမျက်နှာ

274 (woodfree paper)

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မြန်မာ့ရတနာစာပေ၊ 2025 မေလ၊ (ပထမအကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဉာဏ်ပညာ အမြော်အမြင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဖေမြင့် စာအုပ်များ