Review by Hsu Lwin Htun
စိတ်ခွန်အားနှင့် ဘ၀လမ်းညွှန်မှု
ဆရာမဉာဏရဲ့ "ငြိမ်းချမ်းသောစိတ် ငြိမ်းချမ်းသောဘဝ"စာအုပ်လေးကို ဖတ်ပြီးတဲ့နောက် ကျွန်မစိတ်တွေတော်တော့်ကိုအေးချမ်းသွားပါတယ်။စာအုပ်လေးက နာမည်နဲ့လိုက်အောင်ကို ငြိမ်းချမ်းသွားစေပါတယ်။စာရေးသူဆရာမဉာဏဟာ အသက်၁၆နှစ်အရွယ်ထဲကဆည်းပူးခဲ့တဲ့တရားဓမ္မတွေကို ကျွန်မတို့စာဖတ်သူတွေ နားလည်မှတ်သားရလွယ်ကူအောင်ရေးသားထားပါတယ်။ ပထမဆုံးအပိုင်းNoble Livingမှာတော့ မေတ္တာပွားများသင့်ပုံကို အစပထမဖတ်ရှုရပါမယ်။အဲ့ဒီနောက်ကရုဏာပွားများသင့်ပုံ ၊မုဒိတာပွားများသင့်ပုံ၊toxic peopleများကို ဥပေက္ခာထားသင့်ပုံ၊သီလလုံအောင်စောင့်ထိန်းသင့်ပုံကို စာဖတ်သူစိတ်ဝင်စားဖွယ်ဖြစ်အောင်ရေးသားထားပါတယ်။ ယောနိသောမနသိကာရအကြောင်းဖတ်လိုက်ရတဲ့အခါမှာတော့ ဘဝမှာလောကဓံတွေကို…