ပိုက်ဆံ ပိုက်ဆံက ဘဝအတွက်မရှိ၊မဖြစ် လိုအပ်ဆုံးသောအရာပဲ။ ပိုက်ဆံကြာင့် လိုရာတွေပြည့်ဝတယ်။ပိုက်ဆံကြောင့် ကုသိုလ်တွေလုပ်နိုင်တယ်၊စားနိုင်တယ်၊ဝတ်နိုင်တယ်၊လိုတာတွေအကုန်လုပ်နိုင်တယ်။
*
ပိုက်ဆံနဲ့ပတ်သတ်ပြီး အတန်ကြီးမှမဟုတ်ပဲ ၅၀၊၁၀၀ ကအစ တန်ဖိုးထားတာ။ကိုယ့်ချွေးနဲ့ရှာရတဲ့ပိုက်ဆံဆို ပိုပြီးတန်ဖိုးထားသလို မုန့်ဖိုးရတာ ဖြစ်ဖြစ်၊တစ်ယောက်ယောက်က ဘာလေးအတွက် ညာလေးအတွက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပိုက်ဆံဖြစ်ဖြစ်၊လက်ဆောင်ပစ္စည်းတွေဖြစ်ဖြစ် ပေးခဲ့ရင်၊ရခဲ့ရင် တန်ဖိုးထားတယ်၊အားလုံးက ငွေတွေပဲမဟုတ်လား။
*
ငယ်ငယ်တုန်းကတော့ အမေ့ဆီကနေမုန့်ဖိုးလေးတွေရတယ် တန်ဖိုးကိုတော့မသိခဲ့ဘူး။အသက်ကြီးလာ‌တော့ ငွေရဖို့အတွက် အလုပ်လုပ် ကိုယ့်ခြေထောက်ကိုယ်ရပ်တည်ရင်းနဲ့ ပိုက်ဆံ၊ငွေ တန်ဖိုးတွေသိလာတယ်။အခုနေအမေ့ဆီက ပေးရင်မလိုချင်တာ့ဘူး။ ကိုယ်ကပဲ ပြန်ပေးချင်တာ ဘာလို့လဲဆိုတော့ မွေးကတည်းကနေ ကျောင်းနေရွယ်၊ကျောင်းနေရွယ်ကနေ အလုပ်ခွင်ဝင်တဲ့ထိ သူရှာဖွေ ကျွေးမွေးခဲ့ရတာမနည်းဘူးမဟုတ်လား။အခုနေမုန့်ဖိုးဆိုရင်တောင် သူပေးတာထက်ပိုလို့ပြန် ပေးချင်‌မိတယ်။အလုပ်လုပ်တဲ့အရွယ်ကစလို့ ခုချိန်ထိ အမေ့ကိုထောက်ပံယ်၊လိုတာဝယ်ပေးတယ်။ပိုပြီး ဝယ်ပေးနိုင်၊ထောက်ပံ့နိုင်အောင်လဲ ကြိုးစားတယ်။ဒါ‌ကြောင့်လဲရှာလို့‌ပိုလွယ်ကူတယ်။ဒါတွေကလဲ သေချာ တွေးကြည့်ရင် အမေ့ရဲ့ မေတ္တာ၊ငွေရဲ့တန်ဖိုးတွေပဲမဟုတ်လား။
*
အဲ့ဒါနဲ့ ဆရာမမွန်ရဲ့စာအုပ် Money Mindset ဖတ်ပြီး ငွေကို ဘယ်လိုသုံးရမလဲ၊ငွေရဲ့စွမ်းအင် တွေ ငွေရဲ့သဘောတရားတွေကို ဖတ်ပြီး ငွေအပေါ်ထားတဲ့ စိတ်ခံစားချက်တွေ ပိုကောင်းလာတယ် ပိုတန်ဖိုးထားမိလာတယ်။ငွေအပေါ်ထားတဲ့ Positive Energy တွေ ကောင်းလာတယ်။
*
၇တန်းကျောင်းနေကတည်းက ကျောင်းအပြန်အချိန်ပိုင်းလုပ်လာရကနေ ကိုယ်ပိုင်ရှာရတဲ့ငွေကြေးအဖြစ် လက်ခံရရှိလာတယ်။စာအုပ်ဖိုး၊မုန်ဖိုး၊ကျောင်းက ကောက်ခံ‌ေ ကြး၊စသည်တို့ကို ကိုယ့်ရဲ့လုပ်အားခနဲ့ဖြေရှင်းနိုင်ခဲ့တယ်။အဲ့သည့်တုန်းက အိမ်ကအဆင်မ ပြေကြ တော့၊အိမ်မှာဆိုလဲ ငွေကိုလုံလောက်စွာမရှိသေးတော့ သူတစ်ပါးအနှိမ်ခံ၊အပြောခံ၊ခံခဲ့ကြရတယ် အိမ်မှာလဲ မိသားစု တွေပူပင်ခဲ့ကြရတယ်။အဲ့ဒါကြောင့် ငွေတန်ဖိုး၊ငွေရဲ့အသုံးဝင်၊အရေးပါပုံတွေ ပိုသိခဲ့ရတယ်။
*
ဘဝမှာကျွန်နုပ်တို့လဲ တစ်ခါတရံ လောဘ နောက်လိုက်မိပြီး ငွေကို အသည်းအသန်ရှာခဲ့ကြတယ်။ငွေနောက်ကိုချည်းလိုက်ခဲ့မိကြတယ်။ငွေနောက်လိုက်ရင်း ဆုံးရှုံးခဲ့ကြတာတွေ၊အချိန်တွေများစွာကုန်ခဲ့ကြတာတွေ လစ်ဟင်းခဲ့တာတွေရှိခဲ့ကြတယ်။‌ငွေကလည်း happy money မဖြစ်ခဲ့ဘူး။နောက်ပိုင်းကြ ငွေအပေါ်၊ရှာဖွေမှူ့အပေါ်ရော ခါတိုင်းထက်စာ Happy Money ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။အခု ဆရာမ မွန်ဟော်စီရဲ့ Happy Money Mindset လေးဖတ်ပြီး Happy Money ဖြစ်အောင် ငွေရဲ့ စွမ်းအင်တွေ၊ပေးကမ်းခြင်း ရယူခြင်း၊ငွေနောက်လိုက်တာထက် ငွေကို ကိုယ့်နောက်လိုက် အောင် ဘယ်လိုမျိုးလုပ်သင့်မလဲ ဆိုတာတွေ ပိုသိခဲ့ရတယ်။
ငွေနဲ့ပတ်သတ်ပြီးတော့ခံစားချက်က ကောင်းတဲ့နည်းနဲ့ ရလာတဲ့ ငွေမှန်သမျှ တန်ဖိုးထားတယ်။ငွေရဲ့စွမ်းအားတွေယုံကြည်တယ်။ ငွေဟာ မွေးဖွားချိန်ကနေ သေဆုံးချိန်ထိ အရေးပါတယ်။ဒါကြောင့် ငွေကမရှိမဖြစ်ပဲ လိုအပ်တယ်။ဒါ‌ပေမယ့် သမာအာဇီဝရှိဖို့လိုအပ်တယ်။သမာအာဇီဝမရှိရင် ငွေကလဲမပျော်ဘူးတဲ့။ငွေကိုချစ်တယ်။တန်ဖိုးထားတယ်။ငွေကြောင့်ပျော်ရွှင်ရတယ်။ငွေဆိုတာက သုံးတက်ရင် ကောင်းကျိုးတွေချည်း မသုံးတက်ရင်တော့ ဘဝပါပျက်နိုင်တယ်။
*
ဘဝကို စလုံးရေ စ တဲ့အရွယ်ကနေ အိုပြီးနာတဲ့အချိန်ထိ ငွေလိုအပ်တယ်။လူ့ဘဝနဲ့ပဲ အေးချမ်းချမ်းနဖို့ဆိုလဲ၊အိုဇာတာကောင်းဖို့ဆိုလဲ ခုချိန်ကတည်းက၊ကောင်းသောရှာဖွေခြင်းနဲ့ ရှာ၊စု၊ပွားများအောင်လုပ်ထားမှ အေးချမ်းစွာ နေနိုင်မှာပါ။ငွေကိုတန်ဖိုးထားပါ။ချစ်ပါ။
***
#lynn