စိတ်ငြိမ်းချမ်းမှုရဖို့အတွက် လောကသဘာဝနဲ့ ဓမ္မအသိ နှစ်ခုကို
ယှဥ်ပြီးရေးပြပေးသွားတဲ့ စာအုပ်လေး။

ဆရာမ ညဏကို Facebookမှာရေးတဲ့စာလေးတွေ ဖတ်မိရာကနေ သိခဲ့ရတယ်။ ဖတ်တိုင်းလည်း စိတ်အေးချမ်းစေတဲ့ စာလေးတွေကို စာအုပ်လေးနဲ့ တစုတစည်းတည်း မြင်ချင်ခဲ့မိတာ အမှန်ပါပဲ။အခုတော့စာအုပ်လေးအဖြစ် မြင်ရပြီး
မကြာခဏ ပြန်ဖတ်လို့ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။

ဒီစာအုပ်လေးထဲမှာဆိုရင်

◇Noble Living

◇Mindfulness and full awareness

◇Healing

◇Meaningful Life

ဆိုပြီး အပိုင်း(၄)ပိုင်းပါဝင်ပါတယ်။

"Positive Powerful Ripple"
ဆိုတဲ့ မေတ္တာလှိုင်းဂယက်လေးတွေ ဖန်တီးဖို့ ပြောသွားတာလေး သဘောကျမိပါတယ်။

ကျွန်မတို့ နေ့စဥ်ဘဝမှာ လုပ်ဖြစ်နေတဲ့
တစ်စုံတစ်ယောက်ကို ချီးကျူးလိုက်တာ၊
အသိအမှတ်ပြုပေးလိုက်တာလေးတွေ၊
တစ်ဦးကနေ တစ်ဦး ဆင့်ပွား မေတ္တာပေးနေကြတာလေးတွေက အဲ့ဒီမေတ္တာလှိုင်းဂယက်လေးတွေ အလိုလို ဖန်တီးနေမိ
ကြတာပါပဲ။

ကျွန်မAccထဲမှာရှိတဲ့ စာပေရပ်ဝန်းက ဆရာ၊ဆရာမ၊ စာချစ်သူမိတ်ဆွေတွေကြားထဲမှာဆိုရင် အဲ့ဒီအမူအကျင့်လေးတွေ အမြဲရှိကြတာမို့ နွေးထွေးပြီး ကြည်နူးစရာလည်း ကောင်းလှပါတယ်။

လူတွေဟာ သူတစ်ပါးကို မုဒိတာပွားတတ်ကြပေမဲ့ ကိုယ့်အတွက်တော့ကိုယ် မေ့လျော့နေတတ်ကြပါသတဲ့...။

ကျွန်မဆို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်တဲ့သူထဲ ပါပါတယ်။

အဲ့လိုအဆိုးတွေ တွေးမိလာရင် ကိုယ့်အတွက်ကိုယ် အရင်ဆုံး ကရုဏာထားဖို့၊ မုဒိတာပွားတတ်ဖို့အတွက်လည်း သတိပြု ဆင်ခြင်မိစေပါတယ်။

နောက်ပြီး ဥပေက္ခာတရားဆိုတာ တဖက်သူအပေါ် လုံးဝ neglectလုပ်ထားလိုက်တာလို့ ကျွန်မ ထင်ခဲ့မိတယ်။

ချစ်လို့လည်း မတုန်လှုပ်၊ မုန်းလို့လည်း
မတုန်လှုပ်တာကသာ ဥပေက္ခာတရား
စစ်စစ်ဖြစ်ပါတယ်တဲ့....။

လူတွေကို ခွင့်လွတ်နိုင်ဖို့၊ဥပေက္ခာတရားစစ်စစ်ထားနိုင်ဖို့တော့ ကျွန်မ အများကြီး ကြိုးစားရပါဦးမယ်။

ရှောင်သီလ၊ ဆောင်သီလ၊ ခံစားမှုဝေဒနာ၊ ခန္ဓာငါးပါး၊ သတိပဌာန်တရား၊လောကဓံတရား၈ပါး စတာတွေကိုလည်း
ဥပမာလေးတွေနဲ့ တစ်ချက်ချင်း သေချာရှင်းလင်း ပြောပြပေးထားပါတယ်။

တစ်ခါတစ်လေ ကျွန်မ ခံစားရလေ့ရှိတဲ့ Restrictive Fear အကြောင်းကိုလည်း သိခွင့်ရခဲ့တဲ့အတွက် ဆရာမညဏကို ကျေးဇူးတင်မိပါတယ်။

သတ်လတ်ပိုင်းအရွယ်တွေမှာ ခံစားရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲ(Midlife Crisis)အတွက် အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ရာ နည်းလမ်းလေးတွေကိုလည်း ပြောပြပေးထားပါတယ်။

ပြောရရင် စာတစ်မျက်နှာတိုင်းက မှတ်သားစရာအပြည့် ဖြစ်နေတာပါ။ စာဖတ်မြန်တဲ့ ကျွန်မတောင် ဒီစာအုပ်ဖတ်တာ တစ်ခန်းဖတ်လိုက်၊Reflect လုပ်လိုက်နဲ့မို့ ပုံမှန်ထက် အချိန်ပေးပြီး ဖတ်ရပါတယ်။

မြတ်စွာဘုရားရဲ့ အမေးအဖြေထဲကလိုပေါ့.... *I know but i don't know* တကယ်သိလားဆို မသိသေးတာတွေ အများကြီးပါပဲလို့ ဝန်ခံချင်ပါတယ်။

"ယောနိသော မနသိကာရ"

ဘယ်နေရာမှာမဆို ကိုယ်တတ်နိုင်တာတွေကို ဆောင်ရွက်ပြီး မတတ်နိုင်တဲ့ ကိစ္စတွေမှာတော့ နှလုံးသွင်းပြောင်းပြီး
စိတ်ထောက်တည်ရာရအောင် နေထိုင်တာ အကောင်းဆုံးပါ။

"ကိုယ့်ရဲ့ သီလကသာ ကိုယ့်ရဲ့ Image
ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကသာ
ကိုယ့်ရဲ့ Branding
သီလလုံခြင်းက
အကောင်းဆုံး Confident"

ငြိမ်းချမ်းတဲ့ဘဝတစ်ခုရဖို့အတွက်
ထားရှိရမဲ့ စိတ်နေစိတ်ထားတွေ၊
ဆောင်ရမဲ့၊ ပြုပြင်ပြောင်းလဲယူရမယ့်
အရာလေးတွေကိုပါ ဖတ်ရှုမှတ်သားနိုင်မဲ့
စာအုပ်ကောင်းလေးပါ။

စာချစ်သူ မိတ်ဆွေများကိုလည်း
ဖတ်ကြည့်စေချင်ပါတယ်💙

စာအုပ်လေးရေးသားပေးတဲ့ ဆရာမ
ညဏကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။🥰

Ps: ဆရာတော်အရှင်နန္ဒာစာရနဲ့ ဆရာမညဏတို့ စာအုပ်လေးအကြောင်း ဆွေးနွေးထားတဲ့ podcast လေးပါ တွဲနားထောင်ကြည့်ပါနော် 🙏😇