နောက်ဆုံးနတ်သူငယ်
Review by Mon Halsey
ဒီရက်ပိုင်းအတွင်းမှာ ကျွန်မ နေမကောင်းဖြစ်ခဲ့တာကြောင့်... အိပ်ရာထဲမှာပဲ..စာဖတ်ရင်း အချိန်တွေကုန်ခဲ့ရပါတယ်... ဒီရက်ပိုင်းအတွင်းမှာကျွန်မရဲ့ စာအုပ်အဖော်လေးကတော့စာရိပ်မြိုင်စာပေက လက်ဆောင်ပို့ပေးတဲ့..ဆရာမ..နိုင်းနိုင်းစနေ ရဲ့ ဘာသာပြန်ပုံပြင်..စာအုပ်လေးပဲဖြစ်ပါတယ် .. အမှန်တိုင်းပြောရမယ်ဆိုရင်..ဒီစာအုပ်ကိုအစပိုင်းမှာ လုံးဝစိတ်ဝင်စားမှု..မရှိခဲ့ပါဘူး..ဒါပေမဲ့ တစ်မျက်နှာ..နှစ်မျက်နှာလောက်..ဖတ်လိုက်တာနဲ့ နတ်သူငယ်ရဲ့ ချစ်စရာ စကားပြောလေးတွေထဲမှာ ပြုံးပြီး..မျောပါသွားရပါတယ် ပထမရက်မှာပဲ..ကျွန်မစာအုပ်..တဝက်ကိုပြီးအောင်ဖတ်လိုက်ပြီး အိပ်မယ်ဆို..မျက်စိမှိတ်လိုက်တိုင်း…




