ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

Money
Mindset
Miracles တဲ့☘️
ခုတလော အဝါရောင်လေးတွေကိုကြိုက်နေတယ်💛
Moneyဆိုတာ
လူသားအားလုံးနဲ့
သက်ဆိုင်လျှက်ရှိပါတယ်...
ကျမဆို မူလတန်းအရွယ်တည်းက စံပယ်ပန်း ခရေပန်းလေးတွေကိုနှီးနဲ့သီပြီးရောင်းခဲ့ဖူးတယ်
စံပယ်ဖူး 22ဖူးပါတဲ့ အပ်ချည်နဲ့သီပြီးသား တစ်ကုံးကို တစ်ကျပ်ရတယ်...
ခရေပင်ကြီးအောက်မှာ စည်းဝိုင်းလေးတွေသားပြီး ကိုယ့်circleထဲဝင်လာရင် ကိုယ့်ပန်းပေါ့
တစ်ညတစ်ညကို 30ကျပ်ဖိုးလောက် ရတယ်မှတ်တာပဲ🤔
ဆန်ကောခေါင်းပေါ်ရွက်ပြီး ပဲဖြူလေးတို့ ကုက္ကိုလ်ရွက်တို့လဲ ရောင်းဖူးတယ်..
သုံးတန်းလောက်မှာ eng meaningတွေပေးရင် အသံထွက်ကိုမြန်မာလိုရေးပေးပြီး သူငယ်ချင်းတွေဆီက ပိုက်ဆံယူဖူးတယ်
Meaningအလုံးရေပေါ်မူတည်ပြီးတော့ပေါ့🫢
ငယ်ကတည်းက ဆုတွေရလို့ ပိုက်ဆံဆုချတဲ့အချိန်ဆို
ချမ်းဆုရတာဘယ်လောက်ရှိပြီနော် လို့ အမေ့ကိုပြောတတ်တယ်
မှတ်မှတ်ရရ ကျမ ခြောက်တန်းနှစ် 1999ခုနှစ် March.27ရက်နေ့ 54နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ကျပန်းစကားပြောပြိုင်ပွဲမှာ တနိုင်ငံလုံးအဆင့် ဒုတိယရတော့ ဆုရတာ 48000ရပါတယ်
(ဗဟိုအဆင့်ဒုတိယက ၁၈၀၀၀+
ရှမ်း(မြောက်)ပထမက ၃၀၀၀၀)ရလို့ပါ
မြို့ပြန်ရောက်တော့ ကျောင်းဆုပေးပွဲမှာ ကျောင်းကကော အသင်းအဖွဲ့တွေကကော ဆုထပ်ချတာ တသိန်းလောက်ရတယ်ထင်တယ်
သင်္ကြန်ရောက်တော့လဲ မြို့နယ်ဗဟိုမဏ္ဍပ်မှာ ခုနကတနိုင်ငံလုံးအဆင့်ဆုရခဲ့တာကို ဆုထပ်ချပေးသေးတယ် 20000ရတယ်
ပြိုင်ပွဲတွေပြိုင်လိုက် ဆုရလိုက်နဲ့
တက္ကသိုလ်ရောက်တဲ့ထိပဲ..
ကိုယ့်ကြိုးစားမှုနဲ့ ရတဲ့ငွေတွေဖြစ်လို့ တန်ဖိုးထားဂုဏ်ယူမိပါတယ်🤍
မိဘတွေကလဲ တောင်သူတွေဖြစ်ပေမဲ့ ကိုယ့်သမီးလေး မျက်နှာငယ်မှာ စိုးလို့ လက်ထဲ 30000လောက်ကျန်တာနဲ့ အမေ့ကိုဖုန်းဆက်ပါတဲ့
ပိုက်ဆံအပြတ်မခံကြဘူး
အဆောင်မှုးဆို ကိုယ့်ကို သူဌေးသမီးကိုထင်နေတာ😛
ငွေကြေးကံကောင်းတယ်ပြောရမလားမသိ
ပြတ်ခါနီးဆို တနည်းနည်းတော့ သုံးစရာရလာတာပဲရယ်
ကိုယ်လဲ သူများကို ပေးစရာရှိတာ လှူစရာရှိတာဆိုရင် စိတ်ပြတ်တယ်
ကုန်သွားပါပြီဟယ်ဆိုပြီး နှမြောတသမနေဘူး ကိုယ့်ငွေလဲ ကုန်သေး ကုသိုလ်လဲမရဆို ငွေကုန်တာပဲအဖတ်တင်တယ်လေနော်...
Law of Attraction အရ
ကိုယ်ပေးတာကိုပဲ ကိုယ်ပြန်ရလေ့ရှိပါတယ်တဲ့..
မေတ္တာလိုချင် မေတ္တာပေးရမယ်
Respectလိုချင်ရင်လဲ ကိုယ်ကသူများကို အရင် လေးစားတတ်ရမယ်မလား...
ဘာပဲပြောပြော...
Moneyကို ချစ်မှ မြတ်နိုးမှ
Moneyကလဲ ကိုယ့်ကို ပြန်ချစ်မယ်လို့ ထင်ပါတယ်🤔
အားလုံးသောမိတ်ဆွေများ ငွေကြေးကံကောင်းကြပါစေရှင်🙏🙏🙏

![]() | ![]() | ![]() |