Money နဲ့ပတ်သတ်ရင် ကျွန်တော်တို့အနေနဲ့ ချွေတာစွာသုံးစွဲရမယ်ဆိုတဲ့ အသိမျိုးကို ငယ်စဥ်ကတည်းက စပြီး သင်ကြားခံခဲ့ရတယ်
သင်ပေးခံရတာကတော့ သုံးသင့်တဲ့နေရာမှာသုံးပြီး မသုံးသင့်တဲ့နေရာမှာ အပိုကုန်တာမျိုးမဖြစ်ရလေအောင် အသုံးနဲ့အဖြုန်းကို နားလည်ရလေအောင်ဆိုပြီး သင်ပေးကြတာဆိုပေမယ့် နောက်ပိုင်းကျတော့ money နဲ့ပတ်သတ်ရင် lack mentality ဖြစ်လာတယ်။
ကိုယ်က ရလိုက်တဲ့အခါ ယူလိုက်တဲ့အခါမျိုးမှာသာ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေပေမယ့် ကိုယ့်ဘက်က ပေးလိုက်ရတဲ့အခါမှာတော့ Abundance energy နဲ့ ‌ပေးလိုက်တာမျိုး ဖြစ်မနေဘူး။
ကိုယ်က တစ်ခုခု ဝယ်ယူလိုက်တဲ့အခါတိုင်းမှာလည်း သူရသွားပါစေ၊ သူရောင်းလိုက်ရပါစေ ဆိုတဲ့ စိတ်ကြည်နူးမှုဖြစ်မို့ နေနေသာ သူ့ဆီကနေ ဝယ်လို့ရလိုက်တာမို့ တခြားမှာ သွားဝယ်စရာမလိုတဲ့အတွက် အချိန်ကုန်စရာ လူပန်းစရာ ကိစ္စမျိုး မဖြစ်တော့ဘူးဆိုတာမျိုးတောင် ဖြည့်မတွေးနိုင်နေဘူး
“ ငါ့ထဲက ဒီလောက်တောင်လျော့သွားပြီ ၊ ကုန်ပါပြီ ” စတဲ့ lack mentality မျိုးနဲ့ပဲ ပြန်လည်တုံ့ပြန်မိနေကြတာ ။
အခုနောက်ပိုင်းတော့ “ လှူခွင့်ရလိုက်တဲ့အခါမှာပဲ ဖြစ်ဖြစ် လိုအပ်တဲ့ပစ္စည်းလေး ဝယ်ခွင့်ရတဲ့အခါမှာပဲ ဖြစ်ဖြစ် မီးဖိုချောင်အတွက်ပစ္စည်းလေးတွေ ဝယ်ခြမ်းရတဲ့အခါမှာပဲ ဖြစ်ဖြစ် ” ကိုယ့်ဆီကနေစပြီး happy money energy မျိုး ထုတ်လွှတ်နိုင်ဖို့အတွက်ပဲ ကြိုးစားနေဖြစ်တော့ Money နဲ့ ပတ်သတ်ရင် ကိုယ့်စိတ်ကလေး အတော်အတန် အေးချမ်းလာတာကို သိသိသာသာ ခံစားမိလာတယ် ။
မေတ္တာဆိုတာ အသွားအပြန်ရှိသလို “ ကိုယ်က ငွေကိုချစ်မှ ငွေကလည်း ကိုယ့်ကို ချစ်ပြီး ကိုယ့်အနား‌ကြာကြာနေချင်မှာပေါ့ ” ။ ဘယ်လိုအရာအတွက်ကြောင့် သုံးလိုက်ရသည်ဖြစ်စေ “ ကိုယ့်အနားက ပျော်ပျော်ရွှင်ရွှင်ထွက်သွားတဲ့ ငွေမျိုးပဲ ဖြစ်အောင် ” လို့ သုံးလိုက်တဲ့အခါမျိုးမှာလည်း ကျေးဇူးတရား energy လေးထည့်ပြီး သုံးစွဲဖြစ်တော့တယ်။
#MoneyMindsetMiracles
#Monhalsey
#HappyMoneyluckydraw
#writebysirianstarseed