Review by Aeri Myat
ရသစာပေ
"လောကဥယျာဥ်တစ်ခုလုံးမှာရှိတဲ့ ပန်းကလေးတွေအားလုံး မေတ္တာဝတ်မှုန်လေးတွေနဲ့သာ ထုံကူးခွင့်ရမယ်ဆိုရင် ဘယ်လောက်အေးချမ်းလိုက်မလဲကွယ်" မိန်းမသားတွေဖြစ်တတ်တဲ့ရောဂါတွေ ကြောင့်နဲ့ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ရေစက်လာဆုံကြတဲ့ မေတ္တာဝတ်မှုန်လေးတွေအကြောင်း....ဖတ်ရတာရင်ထဲအေးချမ်းတယ်ကိုယ်ချင်းစာတရားထားတတ်တာလေးတွေကအတုယူဖို့ကောင်းတယ်... ပိုးနုနုငယ်လေးကနေစပြီးဆက်စပ်သိလာရတဲ့ ဒေါ်ဘီဒယား,မမနွယ်,ဧကရီ,မူမူကျော်,ပန်းဇလပ်ကလေး,လေးနွယ်တို့ရယ် သူတို့အကုန်လုံးကိုကူညီစောင့်ရှောက်ပေးတတ်တဲ့ မကလျာ သူတို့ကြားကသံယောဇဥ်လေးတွေကိုလည်းချစ်ခင်လေးစားမိတယ်... "မေတ္တာဆိုတာ ဘယ်အချိန်ဘယ်ကာလမှာဖြစ်ဖြစ် အချိန်မရွေး နေရာမရွေး ပေးအပ်ကောင်းတဲ့အရာတဲ့လေ" မမနွယ်ပြောတာလေးကလည်းတန်ဖိုးရှိနေရောပဲ...သွေးမရင်းပေမဲ့နှလုံးသားချင်းနီးတဲ့ဆေးရုံအဆောင်အခန်းလေးထဲကညီအစ်မတွေရဲ့ရင်ထဲကအပူတွေအလွမ်းတွေအပြင်ကြည်နူးစရာရယ်မောစရာလေးတွေပါဖြည့်စွက်ထားတာမို့စာအုပ်လေးအစအဆုံးဖတ်ပြီးတဲ့အခါစာဖတ်သူရင်ထဲထိမေတ္တာဝတ်မှုန်လေးတွေထုံကူးပျံ့နှံ့ပြီးကျန်ခဲ့တော့တာပါပဲ…