ဒီနေ့ဖတ်ဖြစ်တဲ့ စာအုပ်လေးက
ဆရာမနိုင်းနိုင်းစနေရဲ့ စာအုပ်လေးပါ။

Wechat channelတခုမှာ နားထောင်ခဲ့ဖူးတဲ့ အကြောင်းအရာလေးတွေကို မြန်မာစကားလုံးတွေထည့်ထားပြီး မျှဝေထားတာလို့ အမှာစာမှာသိရပါတယ်။

ဒီစာအုပ်လေးဖတ်ခွင့်ရတဲ့အတွက်ဆရာမကိုရော ထုတ်ဝေသူကိုရောကျေးဇူးတင်မိတာပါပဲ။

ကိုယ်တိုင်အပါအဝင်လူတွေဒီကာလမှာ
စိတ်အေးချမ်းမှူကို ရှာနေကြတာများပါတယ်။

ဒါပေမဲ့ ရုပ်ဝတ္ထုပိုင်ဆိုင်မှူတွေကနေ
ရှာနေမိရင်တော့
တခဏတာအေးချမ်းမှူကိုပဲရနိုင်မှာပါ။

စိတ်ရဲ့အေးချမ်းခြင်းအစစ်အမှန်ကတော့
ကိုယ့်စိတ်နှလုံးသားထဲမှာပဲရှိနေတာမို့
မြင်အောင်ကြည့်ဖို့လိုပါတယ်။

ကျွန်မကတော့
စာဖတ်ခြင်းကနေ စိတ်အေးချမ်းမှုကို
ရှာဖွေပါတယ်။

ဒါကြောင့်ဒီစာအုပ်ကလေးဖတ်ကြည့်မိတဲ့အခါ စိတ်အတွက်အများကြီး
အထောက်အပံ့ပေးနိုင်တဲ့
စာအုပ်ကလေးတစ်အုပ်ဖြစ်နေတာခံစားမိပါတယ်။

"ကောင်းမွန်တဲ့ခံစားချက်"ဆိုတာ
အထီးကျန်ဆန်ချိန်မှာ
"ဟေ့... နင့်ကိုပစ်မထားဘူးနော်ဆိုတဲ့
အသံတစ်သံပဲဖြစ်တယ်"

ဒီစကားလုံးလေးတွေက ရိုးရှင်းပေမဲ့ လူတစ်ယောက်ရဲ့နေ့ကို ပိုမိုကောင်းမွန်သွားစေတဲ့ အစွမ်းသတ္တိတွေရလာစေတာမျိုးပါ။

ဒါကြောင့်အနားမှာရှိနေပေးတဲ့
သူတွေကို ဒီစာလေးဖတ်ပြီး စိတ်ထဲကျေးဇူးတင်နေမိတာပဲ။💗

"မိုးရွာပြီးနောက်" .... ထဲကစာကြောင်းလေးတွေဆို သိပ်သဘောကျတယ် ဖတ်နေရင်း စိတ်ထဲအားတွေရှိလာရတာပဲ။

"မိုးတိတ်တတ်ပါတယ်
နေသာတတ်ပါတယ်
တစ်ချိန်လုံးအဆင်မပြေတာမျိုး
ဘယ်အရာမှမရှိပါဘူး။
ရင်ထဲမှာနေသာနေရင် မိုးရက်ဆိုတာ
မရှိပါဘူး။"

ဒီစာအုပ်ကလေးထဲမှာ စာစု၄၅ခုပါပါတယ်။ဘဝကိုတယောက်တည်း
ဖြတ်သန်းနေသူတွေအတွက်၊
Relationshipတခုပိုင်ဆိုင်ထားတဲ့သူတွေအတွက်၊
လက်တွဲဖော်နဲ့ဘဝတခုကို ဖြတ်သန်းနေကြသူအားလုံးအတွက်
အရေးပါတဲ့ အကြောင်းအရာကလေးတွေကိုရေးသားထားပါတယ်။

နောက်ပြီး"Sleep Quotient" (SQ) အရည်အသွေးကောင်းမကောင်းအချက်ကလေးတွေနဲ့ စစ်ဆေးကြည့်လို့ရ
တာလေးပါပါတယ်။
ကိုယ်တိုင်ကတော့ SQ မြင့်တဲ့အထဲပါတာမို့ မဆိုးဘူးပြောရမယ်။
ကောင်းမွန်စွာအိပ်စက်နိုင်ခြင်းလည်းကျန်းမာရေးအတွက် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။
နောက်ပြီး...ချစ်ခြင်းမေတ္တာဆိုတဲ့
နွေးထွေးတဲ့ခံစားချက်ကလေးကိုဒီစာအုပ်လေးကနေ ခံစားမိတယ်။
စိတ်အေးချမ်းမှူ ဟန်ဆောင်မှူကင်းတဲ့ပျော်ရွှင်မှူတွေကိုရောပေါ့။

"အလင်းကရှိလာမှာပါ"ဆိုတဲ့စာစုကလေးထဲက စကားလုံးလေးတွေကို
ရေရွတ်မိတယ်...

"ယုံကြည်ပါ... သိပ်မကြာခင်ကာလမှာ
ကောင်းမွန်တဲ့ နေ့သစ်တွေပေါ်လာမှာပါ။"

ရင်ထဲမှာ နေရောင်ခြည်
အလင်းလေးအမြဲဖြာနေဖို့
နွေးထွေးနေစေဖို့
ကိုယ်ကိုယ်တိုင် ကြိုးစားယူဖို့လိုပါတယ်။

ဒီစာအုပ်လေးရဲ့ စကားလုံးတွေကတဆင့်အားယူရင်း
ကောင်းမွန်လာမဲ့ နေ့ရက်တွေကို
ပစ္စုပ္ပန်ကနေ စောင့်မျှော်နေပါ့မယ်။🥰💗