#နိုင်းနိုင်းစနေ #နောက်ဆုံးနတ်သူငယ် #lastelf
စာရိပ်မြိုင်စာပေကနေဆရာမစာအုပ်လေးထွက်မယ်ကြားတော့အစပိုင်းတော့မဝယ်ဖြစ်သေးဘူးဒါပေမဲ့Founderအကိုအညွှန်းရယ်ဆရာမရဲ့အညွှန်းရယ်
ကြောင့်ဖတ်ကြည့်ချင်စိတ်ဖြစ်သွားလို့ဝယ်ဖတ်ဖြစ်ပါတယ်ပုံမှန်ဆိုဘာသာပြန်စာပေတွေသိပ်မဖတ်ဖြစ်ပါဘူးဒီစာအုပ်လေးကဆုတွေလည်းတသီကြီးရထားတယ်ဆိုတော့မဖတ်ခင်တည်းဘယ်လိုကြောင့်လဲသိချင်စိတ်အများကြီးဖြစ်စေတာပါပဲ...ဖတ်ကြည့်တဲ့အခါမှာတော့နဂါးရယ်နတ်သူငယ်ရယ်လူသားတွေကြားကမေတ္တာတရားတွေထူးခြားဆန်းကြယ်မှူတွေ
ကိုတွေ့မြင်ခံစားရတာပါပဲ"ရောရှ့်"လို့ခေါ်တဲ့နတ်သူငယ်လေးက ဇာချ်ရာ့ နဲ့ မွန်ဇာဆိုတဲ့လူသား
၂ယောက်နဲ့တွေ့ပြီးဒယ်လီဂါပြည်ဆီတူတူသွားကြရင်းကြုံရတဲ့အဖြစ်အပျက်လေးတွေကလည်း
သနားစဖွယ်ရယ်ရွှင်ဖွယ်ရသလေးတွေကိုတပြိုင်နက်ခံစားရပါတယ်"ရောရှ့်ခမျာလည်းခွေးလေးကိုနာမည်ပေးဖို့အမျိုးမျိုးတွေးနေပုံတွေ လူသားတွေက
အတွေးရှိ(တွေးတောတတ်)တဲ့တိရစ္ဆာန်လေးတွေကိုစားတဲ့အခါတိုင်း
သူ့ခမျာငိုရတာလည်းသနားဖို့ကောင်းချစ်ဖို့ကောင်းပါပဲ...စာအုပ်ပထမပိုင်းမှာတော့နတ်သူငယ်နဲ့
လူသားမိတ်ဆွေ၂ဦးနဂါးအိုနဲ့တွေ့ဆုံတဲ့အကြောင်း
ဖြစ်ပြီးဒုတိယပိုင်းမှာတော့ အထီးကျန်နေတဲ့နဂါးအိုကိုနတ်သူငယ်တယောက်အဖော်ပြုကျန်ခဲ့တာကနေ
ဇာချ့်ရာနဲ့ မွန်ဇာတို့ရဲ့ သမီး "ရိုဘီ" နဲ့တွေ့ဆုံပုံ
တဘို့တည်းကြည့်တတ်ကြတဲ့ မိဘမဲ့စခန်းကလင်မယားနဲ့ဒယ်လီဂါမြို့ကအုပ်ချုပ်ရေးမှူး
အကြောင်းတွေ... နဂါးအိုကနေနဂါးငယ်လေးပေါက်ဖွားလာပုံ နတ်သူငယ်ကနဂါးပေါက်လေးကိုကူညီစောင့်ရှောက်ပေးမှူတွေ နဂါးပေါက်လေး"အာဘရို"ရဲ့အပြန်အလှန်ကျေးဇူးသိတတ်မှူ အစားသောင်းကျန်းမှူတွေ😁❤️ ပြည်သူပြည်သားတွေအပေါ်အနိုင်ကျင့်တဲ့ ဒယ်လီဂါမြို့ကအုပ်ချုပ်သူတွေအပေါ် စိတ်စွမ်းအားကိုယ်စွမ်းအားတွေနဲ့ရင်ဆိုင်ဖြေရှင်းကြပုံတွေကိုတဝကြီးစိတ်ဝင်စားဖွယ်ဖတ်ရှူရမှာပဲဖြစ်ပါတယ် နောက်ပြီးအညွှန်းမှာပါတဲ့စာကြည့်တိုက်(ရူးနစ်ဒုတိယမင်းဆက်ကအကြီးဆုံးစာကြည့်တိုက်)စာအုပ်ပေါင်း523826အုပ်ရှိပါသတဲ့နတ်သူငယ်ကအထီးကျန်တဲ့နဂါးအိုကိုပြုစုရင်းဖတ်ဖြစ်ခဲ့တဲ့စာအုပ်တွေထဲဟင်းချက်နည်းတွေပါသလိုအချစ်ဝတ္ထုတွေစစ်ရေးစစ်ရာစာအုပ်တွေလည်းပါပါသတဲ့လေပုံပြင်ဆိုပေမဲ့လည်းတော်တော်လေး
ဖတ်လို့ကောင်းပြီးဆရာမဘာသာပြန်ထားတာကလည်းစာအုပ်ကိုလက်ထဲကမချချင်အောင်ဆွဲယူသွားနိုင်တဲ့အရေးအသားပဲဖြစ်ပါတယ်ဖတ်နေရင်း
ပုံဖော်မြင်ယောင်ရင်းနဲ့အသည်းတယားယားဖြစ်လိုက်စိတ်လှုပ်ရှားလိုက်နဲ့စီး
မျောနေမိတာပါပဲ
အခုညွှန်းဖြစ်တာထက်ကိုယ်တိုင်ဖတ်ကြည့်ရင်ဗဟုသုတတွေလည်းအများကြီးရပြီးသုတရသတွေလည်းအများကြီးရနိုင်မဲ့စာအုပ်ကောင်းလေး၁အုပ်ပဲဖြစ်ပါတယ်ဒါကြောင့်ဖတ်ကြည့်ကြဖို့
ညွှန်းချင်ပါတယ်ရှင့်
#reviewby하은