"တကယ်လို့ ခွဲခွာခြင်းက ရှောင်လွှဲလို့မရတဲ့အရာဆိုရင် နာကျင်ဝမ်းနည်းခြင်းထဲကနေ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ တန်ဖိုးထားခြင်းကို ကျွန်မ သင်ယူပါရစေ။"
အနားမှာ ရှိနေစေချင်ပေမဲ့ ကိုယ့်ဘဝထဲကနေ ထွက်ခွာသွားတဲ့သူတွေရှိသလို အတူတူ ဆက်ရှိနေဖို့မဖြစ်တော့လို့ အနားကနေ ထွက်ခွာသွားခြင်းအတွက် ကျေးဇူးတင်မိတဲ့သူမျိုးရော ရှိဖူး၊ကြုံဖူးကြမယ်ထင်ပါတယ်။
"ကျွန်မတို့ ဘာမှ မပိုင်ဆိုင်ပါဘူး။ကိုယ်ပိုင်အခွံကိုတောင်မှ ယာယီငှားထားရတဲ့ ဝင်ကစွပ်လေးပါ။ဘာမှမပိုင်ဆိုင်တာမို့ အခြားတစ်ယောက်ကို ပိုင်ဆိုင်လိုစိတ် ပြင်းပြခဲ့တာ ဖြစ်ပါတယ်"
ဒီစာပိုဒ်လေး ဖတ်ပြီးတွေးမိတယ်...။
တွေ့ ၊ဆုံ၊ကြုံ၊ကွဲ လူ့ဘဝကြီးမှာ ဘာကိုမှ
"ငါစွဲ" စွဲနေလို့မဖြစ်ဘူးဆိုတာလေးကိုပေါ့...။
Toxic Relationship တစ်ခုကနေ move on လုပ်ချင်သူများအတွက်၊ Relationshipကောင်းတစ်ခုကို ထိန်းသိမ်းချင်သူများအတွက်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှု ပျောက်ဆုံးနေသူများအတွက်တော့
ဖတ်သင့်သောလေးပါ။✨️
ကျွန်မတို့ ကြုံတွေ့ရတဲ့ ဘဝသင်ခန်းစာတွေကို ဘယ်လိုမျိုး တုံ့ပြန်မလဲ၊ ရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့ အသိရစေပြီး ကိုယ်တိုင်အတွက်လည်း self reflect သေချာလေး လုပ်ကြည့်လို့ရပါတယ်။
ဒီစာအုပ်လေးထဲမှာ ရေးသားထားတဲ့
အချစ်စစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတွေ၊တစ်ဖက်သတ်အချစ်ရဲ့ သက်ရောက်မှုတွေ၊ ဘဝမှာ မျှော်လင့်ချက်ထားသင့်တဲ့ အကြောင်းလေးတွေအားလုံးကို
ဖတ်ရတာ အားရကျေနပ်မိပါတယ်🥰
♡အချစ်ပျက်ကွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်ဖို့ သင်ယူပါ။ကိုယ့်အရာအားလုံးကို ကိုယ်တိုင် လက်ခံနိုင်မှ
သင်ပျော်ရွှင်မှာဖြစ်ပြီး တစ်ယောက်တည်း နေတတ်ဖို့ကို သင်ယူနိုင်မှာမို့ပါ။
♡မိမိကိုယ်ကို ချစ်မြတ်နိုးတဲ့ သင်ခန်းစာတွေထဲမှာ ပါတဲ့ သင်ခန်းစာတစ်ခုက အထီးကျန်ခြင်းထဲမှာ ကိုယ်ကိုယ်တိုင်နဲ့
အတူနေထိုင်ခြင်းကို သင်ယူတာပဲ ဖြစ်ပါတယ်။
♡လူတစ်ယောက်နဲ့ ဆုံတဲ့အခါ သူ့ရဲ့စိတ်ကောင်းစေတနာတွေက သူနဲ့သက်ဆိုင်တဲ့အရာတွေပါ။အချိန်မရွေး သူပြန်ရုပ်သိမ်းနိုင်သလို ပျက်ပြယ်ပစ်နိုင်ပါတယ်။ပြီးတော့ အချိန်မရွေး တခြားတစ်ယောက်ကို ပေးလိုက်နိုင်ပါတယ်။ သင့်အပေါ် သူကောင်းတာတွေက သင့်အပေါ် သူထားတဲ့ စေတနာမေတ္တာ ဖြစ်တယ်။
♡တစ်ခါတလေမှာ စိတ်ခံစားချက်ဟာ အမှတ်တရရဲ့ အာဟာရကို မှီခိုအားထားနေရတာမျိုးပါ။
တိတ်တခိုး ချစ်တာဟာ လက်ဆောင်နဲ့တူတဲ့ ဒဏ်ရာတစ်ခုပါတဲ့။
♡မှတ်ညဏ် သိပ်ကောင်းရင်လည်း ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ။
အတိတ်ကို အလွယ်တကူ မေ့တတ်သူက
ပျော်ရွှင်ရပါတယ်။
"ထွက်ခွာသွားခြင်းအတွက် ကျေးဇူးပါ"
စာအုပ်လေးကို ဘာသာပြန်မျှဝေ ရေးသားပေးတဲ့ ဆရာမနိုင်းနိုင်းစနေကို ကျေးဇူးအများကြီးတင်ပါတယ်💗
#နိုင်းနိုင်းစနေ
#ထွက်ခွာသွားခြင်းအတွက်ကျေးဇူးပါ
#စာရိပ်မြိုင်စာပေ
#reviewby하은
#Nov12023