ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

🐝Money Mindset Miracles🐝
ဆရာမ မမွန် Mon Halsey ရဲ့ ပျားလေးတွေနဲ့ အဝါရောင် စာအုပ် cover လေး မြင်လိုက်တာနဲ့ ကို ချစ်မိသွားတဲ့အပြင် Positive energy တွေပေးတော့မယ့် စာအုပ်လို့ကို စိတ်က သိနေတာပါ။ ပျားလေးတွေ မြင်ရင် လာဘ်ကောင်းတယ်လို့ ဆိုကြသလိုပေါ့။ စာအုပ်နာမည်လေးကပါ Money Mindset Miracles မို့ တွေ့တာနဲ့တင် လက်က မချချင်တော့ဘူး။
ငွေကြေးနဲ့ ပတ်သက်ပြီး retirement အချိန်ကျရင် စိတ်မပူချင်သူဖြစ်တာကြောင့် ငွေကြေးစီမံခန့်ခွဲတဲ့ အလေ့အကျင့်လေးတွေ ၊ စာအုပ်လေးတွေ လေ့လာဖူးပါတယ်။ ဆရာမ မမွန်က ငွေကြေးနဲ့ပတ်သက်တဲ့ စာအုပ်လေး မြန်မာလို ထွက်မယ်ဆိုတော့ ပျော်လိုက်ရတာအရမ်းပဲ။ ဒီ စာအုပ်လေးကတော့ ငွေကြေး ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေထက် ငွေကြေးအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ စိတ်လေးကို ဘယ်လိုထိန်းကျောင်းမလဲ၊ ပြုပြင်ယူမလဲ ဆိုတာမျိုးကိုသာ ရေးသားထားတာမို့ နားလည်သဘောပေါက်လွယ်စေပါတယ်။ ကိုယ့်ဘဝထဲကို ဝင်လာတဲ့ ငွေကြေးတွေဆိုတာ ကိုယ့်ရဲ့ စိတ်သဘောထား၊ အတွေးအမြင်၊ အလေ့အကျင့်တွေနဲ့လည်း သက်ဆိုင်ပါတယ်။ မမွန်ရဲ့ ထုံးစံအတိုင်း personal stories လေးတွေ နှင့် ရေးသားထားတာမို့ ပိုပြီး relate လုပ်ဖို့ လွယ်ပါတယ်။
🐝 Money Blueprint
ငွေကြေးနဲ့ပတ်သက်ပြီး ငယ်စဉ်ကတည်းက ရိုက်သွင်းခံထားရတဲ့ အတွေးအခေါ်တွေ ဟာ money blueprint တွေ ဖြစ်ပါတယ်တဲ့။ ဒီအပိုင်းကို ဆု တအား သဘောကျပါတယ်။ ပိုက်ဆံရှာ လောဘ မကြီးနဲ့၊ ရောင့်ရဲတတ်ရမယ်၊ ဈေးရောင်းစားတာ ရှက်စရာကောင်းတယ် စတဲ့ money blueprint တွေဟာ ကိုယ့်ကိုကိုယ် ပြန် block ဖြစ်နေစေပါတယ်။ ငွေရှာတဲ့နေရာ ၊ ပညာရှာတဲ့ နေရာမှာ အရာရာ balance ဖြစ်နေတာ ပိုကောင်းတာပေါ့နော်။
🐝 ငွေဝင်ဂါထာ
တိုက်ဆိုင်စွာပဲ ဆရာမရဲ့ ငွေဝင်ဂါထာ ဆိုတဲ့ chapter လေး ဖတ်မိတော့ အသိတစ်ယောက် ရေးဖူးတဲ့ post ကို သွားသတိရမိပါတယ်။ သူက အဓိဌာန်တို့ ၊ manifestation တို့ကို မယုံဘူးတဲ့။ သူပြောသလို ပါပဲ။ တကယ်တော့ ပါးစပ်က ရွတ်ရုံရွတ်ပြီး action မပါရင် အလုပ်မဖြစ်ဘူးလို့ မမွန်က ဆိုပါတယ်။ ဘယ်ဂါထာရွတ်ရွတ် မှန်ကန်စွာ ရွတ်ဖတ်ပြီး သမာဓိကို ထူထောင်နိုင်တယ်ဆိုရင် High Vibrational Mood ထဲရောက်သွားတာပါတဲ့။ ဒီအတွက်ကြောင့် ကောင်းမွန်တဲ့အရာတွေကို ကိုယ်က chase လုပ်စရာမလိုပဲ attract လုပ်ပြီးသား ဖြစ်နေမှာပါ။ ဒါ အရမ်းကို မှန်ကန်တဲ့ စာသားလေးတွေပါ။ စိတ်တည်ငြိမ်မှုကြောင့် Universe ရဲ့ message ကို ကိုယ်တိုင်လည်း ပိုပြီး သိမြင်လာနိုင်တဲ့ intuition တွေ ရလာနိုင်ပါတယ်။ ဆု ကိုယ်တိုင်လည်း အဓိဌာန်လုပ်ရတာ သဘောကျပါတယ်။ ငွေတွေဝင်ရမယ် ၊ အောင်မြင်ရမယ်ဆိုတာထက် အဓိဌာန် တစ်ခုပြီးသွားရင် ကို ငါ လုပ်နိုင်ပါလားဆိုတဲ့ personal accomplishment ကိုပါရတယ်လို့ ခံစားရလို့ မြတ်စွာဘုရားရဲ့ တရားတော်တွေ ပူဇော်ရင်း အဓိဌာန် တွေ ဝင်ဖြစ်ပါတယ်။
🐝 သန့်စင်သောငွေ
နောက် မမွန်ပြောတဲ့အထဲမှာ ရလာသော ငွေကို အရင်ဆုံး သန့်စင်ပါတဲ့။ " ငွေတွေဟာ သူနဲ့ energetic frequency တူတဲ့သူတွေ နဲ့အတူ နေတတ်ကြပါတယ်။ ဒီနေရာမှာ နေဖို့ မထိုက်တန်ဘူးဆိုရင် အဝေးဆုံးကို ထွက်သွားတတ်ကြပါတယ်"။ "လက်ထဲရောက်လာတဲ့ငွေကို ပထမဆုံး ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုလိုက်တာမျိုးက ငွေကို သန့်စင်လိုက်တဲ့ နည်းပဲ ဖြစ်ပါတယ်။" တဲ့။
ဥပမာ မိဘကို ကန်တော့တာမျိုး၊ အလှူလေး လုပ်တာမျိုး၊ ခွေးလေးတွေ ငှက်လေးတွေ အစာကျွေးဒါနပြုတာမျိုး ပေါ့နော်။ ဆု ဆို ရောင်းရတဲ့ ပစ္စည်း အမြတ် ရဲ့ 10% ကို အလှူလေး အမြဲလုပ်ပေးပါတယ်။ကိုယ် လှူဒါန်းပေးလိုက်ရလို့ ပျော်ရွှင်သွားကြတာကို မြင်ရတဲ့ ပီတိ ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။
ဆု တွေ့ဖူးတဲ့သူတွေထဲမှာကိုယ့်အိမ်က အလုပ်သမားတောင် ကိုယ်စားလို့ ပိုတာ မကျွေးချင်တဲ့သူတွေ တွေ့ဖူးတယ်။ မရှိလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး။
နည်းနည်းလေးကပ်တယ် ပြောရမလားပေါ့နော်။
အဲ့ဒီလို လူတွေအတွက်ကျ ငွေကြေးဟာ စီးဆင်းမှု
နှေးသွားတယ်။ ဝင်သင့်သလောက် မဝင်တာဟာ
သူ့ရဲ့နှမြောတွန့်တိုစိတ် က အခြေခံလာတယ်လို့ ထင်ပါတယ်။ ဘယ်အရာမဆို balance ပေါ့လေ။
တစ်ခါတစ်ရံ ကံညံ့တယ်ထင်ရင် အဝတ်ဟောင်းတွေ စွန့်ရသလိုပေါ့။ ကံကောင်းခြင်း တွေဝင်လာဖို့အတွက် နှမြောတွန့်တိုစိတ်ကို ပေးကမ်းစွန့်ကြဲချင်စိတ်နဲ့ အစားထိုးကြည့်ပါ။ ကိုယ်တိုင်လည်း ပီတိဖြစ်ရသလို ကုသိုလ်တွေလည်း တိုးလို့ရတဲ့အတွက် ကံတွေပါမြှင့်ပြီးသား ဖြစ်နေမှာပါ။ မမွန်ကတော့ ဘာမှမပေးနိုင်ရင် တောင်အနည်းဆုံး မေတ္တာပေးပါတဲ့။ ဒါမှလည်း abundance power ကိုရရှိကြမှာ မဟုတ်ပါလားရှင်။
🐝 Happy Money
နောက်တစ်ခါ ဝင်တဲ့ငွေရော ၊ ထွက်တဲ့ငွေရော Happy Money ဖြစ်ဖို့အတွက် လည်း အရမ်းအရေးကြီးပါတယ်။ဆု အတွက် red flag ကတော့ ဆုကို အတင်းထိုးပြီး ဈေးရောင်းတာ ၊ hardselling လုပ်တာမျိုးတွေပါ။ နောက် အတင်း အလှူခံတာမျိုးဆိုရင်လည်း စိတ်ထဲမပေးချင်တဲ့အတွက်ကို ပျော်မနေတာမျိုးပါ။ အဲလိုအခါကျ မြန်မာလို အပူစာ လို့ ခေါ်မလား။ လက်ခံရရှိတဲ့သူလည်း ပူရသလို၊
ပေးရတဲ့ သူကလည်း ပူရတာမို့ energy ကောင်းတွေက ထွက်လာမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်တိုင်လည်း ကိုယ့်ကြောင့် ဘယ်သူ့ကိုမှ ငွေအပိုမကုန်စေချင်ပါဘူး။ ကိုယ့်စီဝင်လာတဲ့ ငွေကိုလည်း happy money ပဲ ဖြစ်စေချင်ပါတယ်။ Happy money မဖြစ်ပဲ ဝင်လာတဲ့ ငွေဟာလည်း ခဏလေးဆိုသလို ကုန်တာလည်း တအားမြန်ပါတယ်။
ဆု ကိုယ်တိုင်လည်း ရတနာ ရောင်းရတဲ့သူမို့ ရတနာပစ္စည်းတွေမှာ energy ရှိတယ်၊ သူနဲ့ connect ဖြစ်တဲ့ ပိုင်ရှင်ဟာတစ်ချိန်ရောက်လာမယ်ဆိုတာ အရမ်းယုံကြည်ပါတယ်။ အဲဒါကြောင့် ဘယ်သူ့ကိုမှအတင်း ထိုးမရောင်းဘူး။ တကယ်ကြိုက်မှ ပဲ ဝယ်စေချင်တယ်။ အယူသည်းတယ်ပဲဆိုဆို ရတနာတွေမှာ အစောင့်အရှောက် ပါတယ်ဆိုတာတော့ ယုံပါတယ်။ မြေကြီးထဲမှာ ဖိအားတွေ အများကြီးခံပြီးမှ ဒီလို လှပတဲ့ ရတနာလေးတွေ ဖြစ်လာတာမို့ သူ့ vibrational energy ကို လျှော့တွက်လို့မရပါဘူး။ ဒါကြောင့်လဲ တစ်ချို့ကျောက်မျက်တွေက ဝတ်ဆင်ထားတဲ့ပိုင်ရှင်ကို အကျိုးပေးတယ်ဆိုတာမျိုး ဖြစ်လာတာကိုးနော်။
မမွန်ကတော့ စာအုပ်ထဲမှာ မှာထားပါတယ်။
"ကောင်းတယ်ဆိုတဲ့ အဆောင်တွေ ဆောင်ထားပေမယ့်လည်း သီလမလုံ၊ မင်္ဂလာတရားတော်တွေ ရှိမနေဘူးဆိုရင် ကျောက်တွေရဲ့ energy တွေလည်း ခံစားရမှာမဟုတ်ပါဘူး" တဲ့။
စာအုပ်လေးတစ်အုပ်လုံးကတော့ ငွေကြေးအတွက် ၊ Abudance တွေအတွက် ရှိသင့်တဲ့ mindset အကြောင်းတွေချည်းပဲမို့ ဗဟုသုတ ရစရာ၊ လေ့လာစရာတွေချည်းပါပဲ။ အများကြီးပြောရင် spoiler ဖြစ်နေမှာစိုးလို့ ဒီလောက်နဲ့ပဲ review လေးရပ်ပါမယ်နော်။
ဆု တို့အတွက်တော့ တစ်ခါတစ်ရံ သတိမထားမိတဲ့ အချက်တွေက money block တွေ ဖြစ်နေတတ်တာမို့ ဒီစာအုပ်လေးကတဆင့် ကိုယ်ဘာတွေ block လုပ်ထားမိလည်း ဆိုတာကို ကိုယ့်ကိုကိုယ်လည်း ပြန်လည်သုံးသပ်နိုင်ပါတယ်။
May your life be filled with abundance 💰
#monhalsey
#moneymindsetmiracles
#bookreview

![]() | ![]() | ![]() |