ဗိုလ်ကေတထောင်မှာ တစ်ယောက်လောက်တော့ ဇွဲကောင်းပါရဲ့
Review by Alice Khan
"ဗိုလ်ကေတထောင်မှာတစ်ယောက်လောက်တော့စွဲကောင်းပါရဲ့" မင်္ဂလာပါ... စာဖတ်သူတို့ရေ... ဒီနေ့ ကျွန်တော်(ခမ်း)ကနေပြီးတော့ ဆရာမနုနုရည်အင်းဝရဲ့ "ဗိုလ်ကေတထောင်မှာတစ်ယောက်လောက်တော့စွဲကောင်းပါရဲ့" ဆိုတဲ့စာအုပ်လေးကို Reviewလုပ်ပေးမှာဖြစ်ပါတယ်။ဒီစာအုပ်လေးကို ကျွန်တော်,တော်တော်လေးသဘောကျမိတယ်ဗျ။ မန္တလေးဆိုတာ ဇာတ်သဘင်၊အငြိမ့်တွေပေါတဲ့နေရာလို့ သူငယ်ချင်းတစ်ယောက်ပြောဖူးလို့ သိဖူးတယ်။ဒီစာအုပ်ဟာ မန္တလေးမြို့ကိုနောက်ခံထားပြီး ရှေးခေတ် မြန်မာ့အငြိမ့်သဘင်အကြောင်း၊ အငြိမ့်မင်းသမီးတွေ၊လူရွှင်တော်တွေ၊ ဆိုင်းဝိုင်းတွေအကြောင်း ရေးဖွဲ့ထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။…




