သုံးနားညီ

( 0 မှတ်ချက်)

3500 (ကျပ်)

ကျွန်တော် ယခုပြောပြမည့် အကြောင်းမှာ အလွန်ရိုးစင်းလှသော ဇာတ်လမ်းတစ်ခုသာဖြစ်ပါသည်။ သူငယ်ချင်း သုံးယောက်တို့၏ ဇာတ်လမ်းဖြစ်သည်ဟုဆိုလိုက်လျှင်ပင် ဘယ်လောက် ရိုးစင်းကြောင်း သိသာနေပါပြီ။ ထိုသုံးယောက်တွင် ယောကျာ်းလေးက နှစ်ယောက်၊ မိန်းကလေးကတစ်ယောက် ပါဝင်သည်ဆိုသော အခါတွင်မူကား တြိဂံအချစ်ဇာတ်လမ်းတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု ပြောဖို့ပင် မလိုတော့ချေ။ တြိဂံဇာတ်လမ်းတို့၏ ထုံးစံအတိုင်း…

– မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေားနှစ်ယောက်တို့က အပြိုင်အဆိုင်ပိုးပန်းကြ
မည်။ နောက်ဆုံးမိန်းကလေးကတစ်ယောက်ကိုရွေး၊ ကျန်တစ်ယောက်ကအသည်းကွဲ။
– သို့တည်းမဟုတ်…
သူငယ်ချင်းနှစ်ယောက်အနက် တစ်ယောက်ကအနစ်နာခံ နောက်ဆုတ်ပေးလိုက်သဖြင့်
ကျန်တစ်ယောက်နှင့်ကောင်မလေးတို့ ချစ်သွားကြ။
– သို့တည်းမဟုတ်…
သူငယ်ချင်းနှစ်ယောက်စလုံး တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန် အနစ်နာခံ
နေကြသဖြင့်ဖြေရှင်းရ ခက်နေ၊ နောက်ဆုံးကောင်မလေးကို ဆုံးဖြတ်ချက် ချခိုင်း။
– သို့တည်းမဟုတ်…
ကောင်မလေးတစ်ယောက်ကို သူငယ်ချင်းနှစ်ယောက်လုံးကချစ်နေ၊ သို့ရာတွင်
တစ်ယောက်ကိုတစ်ယောက်အသိမပေးဘဲကျိတ်ကြိုးစားကြ၊ တိုက်တိုက်ဆိုင်ဆိုင်ပင်
ကောင်မလေးကို တစ်နေ့တည်း ဖွင့်ပြော​ကြ၊ ထိုအခါ ပြသာနာတွေပေါပြီးရှုပ်ကုန်၊
ကောင်မလေးကလည်းနှစ်ယောက်လုံးအပေါ်သံယောဇဉ်ရှိနေသဖြင့် ဘယ်သူ့ကိုလက်ခံ
မှန်းမသိဘဲဖြစ်နေစဉ်အကြောင်းတစ်ခုခုကြောင့်ကောင်မလေး အန္တာရာယ်ကျရောက်ခါ
နီးတွင် ဝင်ကယ်ကြရင်း သူငယ်ချင်းတစ်ယောက်သေဆုံးသွား၊ ကျန်တစ်ယောက်နှင့်
ကောင်မလေးတို့ ညားကြလေသတည်း။
ကျွန်တော်တို့၏တြိဂံဇာတ်လမ်းသည်လည်း အထက်ပါဇာတ်ကြောင်းထဲမှ ပြေးမလွတ်နိုင်သည်မှာကျိန်းသေပါသည်။
သို့ရာတွင်…
ကျွန်တော်တင်ပြလိုသည်မှာ ဇာတ်လမ်းအကြောင်း မဟုတ်ချေ။
ကျွန်တော်တို့သုံးယောက်တို့၏ရိုးစင်းလှစွာသော ဇာတ်လမ်းထဲမှထူးခြားစွာဖြစ်ပေါ်လာသော လူ့စရိုက် လက္ခဏာများ အကြောင်းသာ ဖြစ်ပါသည်။
ကျွန်တော်တို့ဆိုသည်မှာ ကျွန်တော်၊ အေးမြနှင့် လူလှတို့ပင် ဖြစ်ပါသည်။

စာအုပ်အမှာစာပါကောက်နှုတ်ချက်

စာမျက်နှာ

192

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2019 အောက်တိုဘာလ (စတုတ္ထ-ကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သုံးနားညီ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မင်းလူ စာအုပ်များ