ရင်ထဲကဆောင်းရာသီ

( 1 မှတ်ချက်)

12000 (ကျပ်)

ရင်ထဲက ဆောင်းရာသီ ဆိုရင် တချို့က ရုပ်ရှင်ကားကြီးကို သတိရကြတယ်။ တချို့က ဖတ်ဖူးတဲ့ စာအုပ်ကို သတိရကြတယ်။ တချို့က ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာမင်းလူကို သတိရကြတယ်။ တချို့က ” မိတ္ထီလာကန်ဝယ်…. ဖားကောက်ခဲ့ပါမယ်..” ကို သတိရကြတယ်။ တချို့က ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင် အိဖြူစိုးကို သတိရကြတယ်။ တချို့ကတော့ ဝတ္ထုထဲက ခင်ခိုင်၊ ငြိမ်းမောင်နဲ့ သားမောင်တို့ကို သတိရကြတယ်။

ဘယ်သူ့ကိုပဲ သတိရကြကြ၊ ရင်ထဲက ဆောင်းရာသီ ဆိုတာကတော့ ဖတ်ဖူးသူ၊ ကြည့်ဖူးသူများ မေ့မရတဲ့ ဝတ္ထုတစ်ပုဒ် ၊ ရုပ်ရှင်ကားကြီး တစ်ကား ဖြစ်ဆဲပါပဲ။

၁၉၈၉ခုနှစ်မှာ ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့တဲ့ ယခုစာအုပ်ကို ၁၉၉၉ခုနှစ်မှာ ဒါရိုက်တာမောင်ဝဏ္ဏ(ဆရာမင်းလူရဲ့ အစ်ကို) က ရုပ်ရှင်ကားအဖြစ် အသက်သွင်းခဲ့ပြီး လွင်မိုး၊မြတ်လေး၊ထွန်းအိန္ဒြာဗို၊ ထွန်းထွန်းဝင်း၊ ရူပ၊ မြတ်ကေသီအောင်တို့တဲ့ ကလေးသရုပ်ဆောင် အိဖြူစိုးတို့ ပါဝင်သရုပ်ဆောင်ခဲ့ကြရမှာ ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ၃ခု ရရှိခဲ့ပါတယ်။ ကြည့်မိသူတိုင်း ရင်ထဲကို ရောက်သွားခဲ့တဲ့ ဆောင်းရာသီ တစ်ခုပါပဲ။

ရည်မှန်းချက်ကြီးပြီး ခက်ခက်ခဲခဲဘဝဖြတ်သန်းခဲ့ရတဲ့ ခင်ခိုင် နဲ့ အေးအေးလူလူ ပေါ့ပေါ့ပါးပါး ဘဝကို မပူမပင် နေထိုင်ခဲ့ရတဲ့ ငြိမ်းမောင်တို့ မိသားစု ဘဝအတူဖြတ်သန်းကြပုံနဲ့..ကြီးပြင်းလာပုံခြင်း မတူတဲ့အခါ အတွေးအမြင်တွေ မြင်တဲ့ ရှုထောင့်တွေ ကွာခြားပြီး ဆုံးဖြတ်ချက်တွေ ရွေးချယ်မှုတွေလည်း ကွာခြားသွားရပုံကို ဖတ်ရမှာပါ။

စာမျက်နှာ

196

စာအုပ်အရွယ်အစား

5.1 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2017 ဧပြီလ

စျေးနှုန်းအပြောင်းအလဲ

26.6.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 12000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

4 in stock

ရင်ထဲကဆောင်းရာသီ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Benevolent Guy (verified owner)

    မိဘတွေ အဓိက ဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဆိုလည်း မမှားဘူး။တော်တော်လေး နင့်နင့်နဲနဲ ခံစားရတဲ့ဝတ္ထုပါ။ဆရာ”မင်းလူ”ရဲ့ ရေးနေကျ အချစ်ဝတ္ထုပုံစံမျိုးမဟုတ်ပဲ မိသားစု အဖွဲ့ပုံစံမျိုး ဝတ္ထုကို ဖတ်ဖြစ်တာ ဒီတစ်အုပ်နဲ့ဆို နှစ်အုပ်မြောက်ပါ။ထိုဝတ္ထုကို ၁၉၈၉ ခုနှစ်တွင် ဆရာမင်းလူ က စာအုပ်အနေဖြင့် ပထမဆုံး ထုတ်ဝေခဲ့တယ်။၁၉၉၉ ခုနှစ်တွင် ဆရာ”မင်းလူ” ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ “မောင်ဝဏ္ဏ” က လွင်မိုး၊ မြတ်လေး၊ ထွန်းထွန်းဝင်း၊ထွန်းအိန္ဒြာဗို၊ မြတ်ကေသီအောင်နှင့် ကလေးသရုပ်ဆောင် အိဖြူစိုးတို့ဖြင့် ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့ရာ လွင်မိုး၊ မြတ်ကေသီအောင်နှင့် အိဖြူစိုးတို့ အကယ်ဒမီရရှိခဲ့တဲ့ ဇာတ်ကား။ ရုပ်ရှင်အနေဖြင့် ကျွန်တော် ငယ်စဉ်က ကြည့်ခဲ့ဖူးသော်လည်း မူရင်းစာအုပ်ကို အခုမှ စတင်ဖတ်ဖူးတာပါ။’ငှက်ကလေး’ နဲ့ ‘ရင်ထဲကဆောင်းရာသီ’ ဟာ ကျွန်တော်တော်တော်သဘောကျရတဲ့ ဆရာ့ရဲ့ မိသားစုအဖွဲ့ လက်ရာမွန်၊ လက်ရာကောင်း တွေပါ။ဇာတ်လမ်းအကြောင်းကို mini review အနေဖြင့် ပြောပြရရင် ငယ်ငယ်လေးတည်းက အမျိုးတွေကြားမှာ အနှိမ်ခံအပြောခံ ဘဝနဲ့ ဘဝကို ပင်ပန်းကြီးစွာ၊ ဆင်းရဲ ပင်ပန်းစွာ ဖြတ်သန်းခဲ့ရတဲ့ “ခင်ခိုင်” ဆိုတဲ့ မိန်းကလေးတစ်‌ယောက်က ရည်မှန်းချက် အလွန်ကြီးသော သူတစ်ဦးဖြစ်တယ်။ ကြုံတွေ့ခဲ့ရတဲ့ ဘဝ အခြေအနေများကြောင့် စားနိုင်သောက်နိုင် ဘဝလောက်နဲ့ မရောင်ရဲနိုင်ဘဲ ပညာဖြင့် အဆင့်အတန်းမြင့်မြင့်သာ နေလိုတယ်။တစ်ဖက်က “ငြိမ်းမောင်” ဆိုတဲ့ ကောင်လေးက လူရိုးလူဖြောင့်တစ်ဦး သာဖြစ်တယ်။ အမွေရထားသော ငွေများဖြင့် မပူမပင် နေနိုင်သော်လည်း ရုံးအရာရှိဘဝ ကိုပင် ကျေနပ်နေသူ ၊ ဘဝ ကို အေးဆေးစွာ ဖြတ်သန်းချင်သူ ဝာစ်ဦးပေါ့။ဂုဏ်ပကာသနတွေ ဘွဲ့ တွေ မမက်တတ်သူ တစ်ယောက် ။မိခင်ရဲ့ အဓိကတိုက်တွန်းချက်ကြောင့် “ခင်ခိုင်” ရိုးရိုးအေးအေး ရုံးဝန်ထမ်းလေး “ငြိမ်းမောင်” ကို လက်ထပ်ခဲ့တယ်။တစ်ရက် “ခင်ခိုင်”အတွက် ဝမ်းသာစရာ သတင်း နှစ်ခု ကြားခဲ့ရတယ်။ထူးခြားချက်ကတော့ ထို သတင်းနှစ်ခုမှာ တစ်ခု နှင့် တစ်ခု ဆန့်ကျင်ဘက်သဘောဆောင်နေခြင်းသာဖြစ်တယ်။ဝမ်းသာစရာ သတင်း နဲ့ “ခင်ခိုင်” အတွက် တွန့်ဆုတ်စရာ သတင်း လို့ဆိုရမယ်။တစ်ခုက “ခင်ခိုင်”ရဲ့ နိုင်ငံခြား ပညာတော်သင်သွားဖို့ ဖြစ်ပြီး နောက်တစ်ခုက “ခင်ခိုင်” မှာ ကိုယ်ဝန်ရှိနေခြင်းပင်ဖြစ်တယ်။ရွေးချယ်မှုတစ်ခု ကို ပြတ်သားစွာ ရွေးရတော့မည့် “ခင်ခိုင်”။ကိုယ်ဝန် ရှိခြင်းက သူမဘဝ တိုးတက်အောင် ကြိုးစားရာတွင် နှောင့်နှေးစေသော အဟန့်အတား တစ်ခုအဖြစ် ထင်စရာ ရှိနေ‌သော်လည်း နှလုံးသားထဲမှာတော့ ကလေးကို အလွန်ချစ်တယ်။ဖြတ်သန်းမှုပုံစံမတူ၊ ခံယူချက်မတူညီကြတဲ့ ဘဝ‌ တွေမှာ မတူညီတဲ့အတွေးအခေါ် မတူညီတဲ့တန်ဖိုးထားမှုတွေရှိနေတဲ့ “ငြိမ်းမောင်နဲ့ ခင်ခိုင်” နှစ်ယောက်ဟာ “သားမောင်” မွေးဖွားပြီးချိန်ကစလို့ ဝိဝါဒကွဲ ပြားမှုတွေ မကျေနပ်မှုတွေရှိလာပါတော့တယ်။”ငြိမ်းမောင်” က “ခင်ခိုင်” ကိုယ်ဝန်ရှိတယ် ဆိုသော သတင်းကြားသည့်နှင့် အလွန် ဝမ်းသာသူ။ “သားမောင်”မွေးသည့်အခါတွင်လည်း မိခင်ထက်ပင် သားကို ပိုဂရုစိုက်၊ ပို အလေးထားတယ်။အမျိုးတွေကြားမှာ “ခင်ခိုင်” ရဲ့ လက်မထောင်ပြီးအောင်မြင်လိုစိတ်နဲ့ မိခင်မေတ္တာအကြား လွန်ဆွဲနေမှုကို သရုပ်ဖော်‌ ရေးထားပုံက တော်တော်လေး အသက်ဝင်လှတယ်။ “ခေတ်နှင့် သိပ် အံမဝင်ဘူး” ပြောတတ်လေ့ရှိတဲ့ သူမ။ လင်မယားနှစ်‌ယောက်ဟာ အမြင်မတူ၊ ရည်မှန်းချက်ချင်းမတူ၊ မျှော်လင့်ချက်များလည်း မတူကြဘူး။ “ငြိမ်းမောင်နှင့် ခင်ခိုင်” ဟာ ကြီးထွားဖွံ့ဖြိုးမှုတွေ နှေးသော “သားမောင်” အတွက်ကြောင့် ပြဿနာများစွာ ဖြစ်လာသောအခါ … သနားစရာ ၊ နာကျင်စရာ တွေ သန္ဓေတည်လာတယ်။”လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို တခြားတစ်‌ယောက်က သိဖို့ဆိုတာတော့ မလွယ်လှပါဘူး။ဒါပေမဲ့ လူတစ်ယောက်ရဲ့စိတ်ဟာ သူ့အပြုအမူပေါ်မှာ ပေါ်လာတတ်တယ်၊ တစ်ခါတစ်ခါ ကလေးတွေဟာ လူကြီးတွေ မသိတာကို သိနေတတ်တာမျိုးလည်း ရှိနိုင်တယ်။”အစွဲအလန်းကြီးလှသော “သားမောင်” ၊ ငယ်ဘဝရဲ့ဒဏ်ရာဟောင်းတွေကြောင့်ဘဝနာနေတဲ့ “ခင်ခိုင်”၊ သားအတွက်ဆိုအရာရာပေးဆပ်ရဲတယ်ဆိုတဲ့ “ငြိမ်းမောင်”၊သူတို့သုံးယောက်ကြား ပတ်သက်မှုက ဇာတ်ရှိန်ကို တော်တော်လေးဆွဲတင်ပေးပါတယ်။ဒီစာအုပ်ကိုဖတ်ရင်း မိမိသာ “ခင်ခိုင်”နေရာ မှာသာဆို ဘယ်လိုခံစားရမလဲ ၊ “ငြိမ်းမောင်” နေရာမှာဆိုရင်ရော ၊ “သားမောင်” နေရာမှာဆိုရင် ဘယ်လို ရပ်တည်ရမလဲ။ ဇာတ်လမ်း အစက‌‌နေ အဆုံးထိ တွေးစရာ များစွာ ပါတယ်။ ဇာတ်လမ်းက မိသားစု တစ်စုရဲ့ ဝိဝါဒ ကွဲ ပြားမှု၊ ဆုံးဖြတ်ရခက်မှုတွေကို ပြတယ်ဆိုလည်းမမှားဘူး။”ခင်ခိုင်” ဘဝကို နားလည်မိတယ်၊ “ငြိမ်းမောင်” ဘဝကို စာနာမိတယ်၊ “သားမောင်” ဘဝကို သနားမိစေတဲ့ စာအုပ်၊ မိဘတွေ အဓိက ဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဆိုလည်း မမှားဘူး။ဇာတ်လမ်း အဖြစ်အပျက်များကို ဖတ်ရင်း မိမိ ဘဝမှာလည်း ဒီလို မဖြစ်အောင် သတိထားရှောင်ကြဉ်လို့ရမယ်။ကိုယ်မထိခိုက်ခဲ့ရဖူးတဲ့ သင်ခန်းစာကို တန်ဖိုးထားသင့်တယ်။မိသားစုလေးတွေကို မာန၊အာဃတ၊အမုန်း တရားတွေ လျော့ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားစေချင်လို့ ရေးထားတဲ့ စာအုပ်လို့ ထင်မိတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မင်းလူ စာအုပ်များ