သူငယ်ချင်းတစ်ယောက်အကြောင်း

( 2 မှတ်ချက်)

2000 (ကျပ်)

စာမျက်နှာ

185

စာအုပ်အရွယ်အစား

5.5 x 1 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2017 မေလ (ပဉ္စမ-ကြိမ်)

Out of stock

သူငယ်ချင်းတစ်ယောက်အကြောင်း အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. U Zaw Zaw Aung

    လူငယ်တွေ အရမ်းဖတ်သင့်တဲ့စာအုပ်ပါ။
    ကိုယ့်ဘဝတိုးတက်ဖို့ ခွန်အားဖြစ်စေမယ့် စိတ်တွေ
    ရရှိလာပါလိမ့်မယ်။

  2. Aye Myint Moe

    ဒီစာအုပ်လေးကို တွေ့တာကြာပေမယ့်၀ယ်မဖတ်ဖြစ်ခဲ့ဘူး။
    နောက်တစ်ခုက ” သူငယ်ချင်းတစ်ယောက်အကြောင်း ” ဆိုတော့
    ကျွန်တော်တွေးမိတာက သူ့ဘ၀ကြမ်းတမ်းစွာဖြတ်သန်းရပုံတွေ
    ( သို့ ) ချစ်ရေးချစ်ရာတွေများမယ်ထင်လို့ စိတ်မ၀င်စားမိတာလည်းပါပါတယ်။

    ဒါပေမယ့် ဒီစာအုပ်လေး လက်ထဲရောက်လာတော့ အဲ့လိုတွေမဟုတ်ပဲ သူ့အကြောင်းဘာဆက်ဖြစ်မလဲဆိုတဲ့စိတ်နဲ့
    တစ်ထိုင်ထဲဖတ်ဖြစ်ခဲ့ရလောက်အောင်
    ကျွန်တော့်အတွက်စိတ်၀င်စားဖို့ကောင်းခဲ့တယ်။

    ဆရာမင်းလူက စာအုပ်အစမှာပြောခဲ့တဲ့အတိုင်း
    စိ်တ်ကူးယဥ်ဖန်တီးထားတဲ့ဇာတ်ကောင်မဟုတ်
    ပြင်ပလောက ကဇတ်ကောင်ကိုရေးသားထားတာကြောင့်
    ကျွန်တော့်အတွက်ပိုဖတ်လို့ကောင်းခဲ့တယ်။

    ငယ်စဥ်ကသူ့ဘ၀ဖြတ်သန်းပုံကြမ်းခဲ့ပုံကိုရေးသားခဲ့ပေမယ့်
    အတွယ်အတာ ၊ အနှောင်အဖွဲ့ဆိုတာမပါခဲ့ဘူး။

    ကိုယ်ကြုံတွေ့ရတဲ့အဖြစ်ပျက်တစ်ခုကနေ ရလာတဲ့အခွင့်ရေးကို
    အသုံးချနိုင်တဲ့သူဆိုတာရှာပါးတယ် ၊ ဒါပေမယ့် သူကတော့မဟုတ်ခဲ့ဘူး။
    တစ်ချို့အရာတွေက တကူးတကသင်ကြားစရာမလိုပဲ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အတွေ့အကြုံကနေသင်ယူကြရတယ်ဆိုတဲ့အချက်ကို သူကောင်းကောင်းကြီး အသုံးချပြသွားတယ်။

    ကျွန်တော်တို့လူတစ်ယောက်မှာ ပင်ကိုယ်ညဏ်ဆိုတာပါလာပြီးသားမို့ ထိုပညာကိုအသုံးချပြီး တစ်ခြားသူအပေါ်
    ဖြတ် ၊ ခုတ် ၊ ကပ် ၊ စား နေပေမယ့် ကူညီတက်တဲ့
    စိတ်ရင်းကတော့ ရှိပါတယ်။

    သူ့ရဲ့လုပ်ပုံတွေက အများအမြင်မှာစိတ်ပျက်စရာတွေဖြစ်ပေမယ့်
    တစ်ချို့သောအချက်တွေကတော့ ကိုက်ညီမှုရှိပါတယ်။
    လူဆိုတာ ပြည့်စုံလာရင် ” ငါ ” ဆိုတဲ့ အထင်ကြီးမှုလေးက
    ကပ်ပါလာပေမယ့် သူကတော့ အချိန်မှီပြင်ဆင်နိုင်ခဲ့တယ်။
    လူတစ်ယောက်ရဲ့ ဗီဇဆိုတာပြောင်းလဲရခက်တယ်ဆိုတဲ့
    အချက်ကို သက်သေပြခဲ့တာကတော့ နောက်ဆုံးခန်းလေးက
    အသက်ပါနော်။

    ဖြစ်နိုင်ရင်ထက်တောင်သိချင်တဲ့ စာအုပ်လေးပါ။
    ဖတ်လို့ကောင်းတဲ့ စာအုပ်လေးတစ်အုပ်ပါလို့။

    #ဆရာ မင်းလူ
    #သူငယ်ချင်းတစ်ယောက်အကြောင်း

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မင်းလူ စာအုပ်များ